စစ်ကောင်စီက ရခိုင်ပြည်သူတွေအပေါ် ခြိမ်းခြောက်ပြောဆိုခဲ့မှုကို အကောင်အထည်ဖော်နေ

By Boder News Agency (BNA) / 2022 August 29

(ဓာတ်ပုံ-လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတဲ့ကလေးငယ်ရုပ်အလောင်း/BNA)

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ဒုက္ခပေးရမယ်ဆိုတဲ့ ရည် ရွယ်ချက်နဲ့ပစ်ခတ်တာဖြစ်တဲ့အတွက် ကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ လက်နက်ကြီးထိမှန်၊သေဆုံးကြရတာဖြစ်တယ်လို့ ဒေသခံတွေ၊လွှတ်တော်အမတ်ဟောင်းနဲ့လေ့လာ သူတွေက ထောက်ပြကြပါတယ်။

မြောက်ဦမြို့နဲ့ ၈ မိုင်လောက်အကွာမှာ ရှိတဲ့ လက္ကာရွာအနီးမှာ သြဂုတ်လ ၂၈ရက်၊မနေ့က စစ်ကောင်စီစစ်ကြောင်းတစ်ခုမိုင်းခွဲခံရပြီးနောက် ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်ကြားပစ် ခတ်မှုအနည်းငယ်ရှိခဲ့ပါတယ်။

အဲဒီလိုပစ်ခတ်မှုအပြီးမှာတော့ မြောက်ဦးမြို့တဝိုက်မှာရှိတဲ့ စစ်ကောင်စီရဲ့လက်နက်ကြီးအထိုင်စခန်းတွေနဲ့ တိမ်ညိုရဲစခန်းမှာ နေရာယူထားတဲ့ စစ်ကောင် စီတပ်တို့က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ​လူ

နေရပ်ကွက်၊ကျေးရွာတွေအတွင်းသို့ ကျရောက်ပေါ က်ကွဲမှုတွေ ရှိခဲ့ကာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ ၈ မိုင်လောက်အကွာမှာရှိတဲ့ မြောက်ဦးမြို့နဲ့ကပ်ရပ် ကင်းဆိပ်ရွာထဲကိုလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဒါကြောင့် အသက်လေးနှစ်အရွယ်က လေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦး၊အမျိုးသားတစ်ဦးတို့ သေဆုံးကာ သံဃာတော်တစ်ပါးအပါအဝင် အမျိုးသမီး၊အမျိုးသားစုစုပေါင်း ၉ ဦးဟာလည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

အဲဒီထဲက ၄ ဦးမှာ ဒဏ်ရာတွေ ပြင်းထ န်ပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတ ယ်လို့ ကူညီပေးနေသူတွေက ဩဂုတ် လ ၁၉ ရက်၊ဒီနေ့မနက်မှာ ပြောပါတ ယ်။

ခုလိုမျိုး နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တဲ့နေရာနဲ့ လွန်စွာဝေး ကွာတဲ့ နေရာတွေကို လက်နက်ကြီးကျည်တွေကျရောက်လာတယ်ဆိုတာဟာ ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေကို တမင်အငြိုးထားပြီး ပစ်ခတ်တာဖြစ်တယ်လို့ မြောက်ဦးဒေသခံတွေက ပြောကြပါတယ်။

“ကင်းဆိပ်က မြောက်ဦးအနောက်ဖက်မှာ ရှိတာ၊မြောက်ဦးမြောက်ပိုင်းမှာ ဖြစ်နေတာကို အနောက်ဖက်တွေကိုပါ ပစ်တယ်။မြို့ထဲက ဘုန်းကြီးကျောင်းတွေကိုပါ ထိတယ်ဆိုတော့ ဒါက ရည်ရွယ် ချက်ရှိရှိနဲ့ ပစ်တာဖြစ်တယ်။ပြည်သူတွေကို ဦးတည်တယ်ပေါ့။ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်လို့ ယူဆတယ်။”လို့ အမည်မဖော်လိုတဲ့ မြောက်ဦးဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းကလည်း ပြည်သူကို ဒုက္ခပေးရမယ်ဆိုတဲ့ စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ကြောင့် တိုက်ပွဲနဲ့ မဆိုင်တဲ့ ရွာတွေထဲ လက်နက်ကြီးကျလာတာလို့ ဆိုပါတယ်။

“ပြည်သူကို ဘာဖြစ်လို့ ပစ်ရလဲ။အဲဒါက ပစ်မှတ်လွှဲတယ်ဆိုတာ ရည်ရွယ် ချက်လွှဲလို့လေ။ရည်ရွယ် ချက်က ပြည် သူကို ဒုက္ခပေးရမယ်။ဒါမှ ULA/AA ကိုမထောက်ခံဘဲ ပြည်သူနဲ့ ULA/AA ကင်းကွာသွားမယ်ဆိုတဲ့ရည်ရွယ်ချက် ကြောင့် ပစ်မှတ်လွှဲတာပေ့ါနော်။”လို့ BNAသို့ ပြောပါတယ်။

“ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်း သိမ်းနေတာဖြစ်ကြောင်း၊ ပြဿနာဖြစ်လာရင်တော့ တပ်မတော် ကို အဆိုးမဆိုဖို့ ပြောလိုကြောင်း” စစ်ကောင်စီရဲ့ ပြောခွင့်ရက ရခိုင်ပြည်သူတွေကို ခြိမ်း ခြောက်တဲ့အသွင်နဲ့ ပြော ဆိုပြီး သုံးလကျော်အကြာမှာ ယခုလို ရပ်ကွက်၊ ကျေးရွာတွေအတွင်း လက် နက်ကြီးတွေ ကျရောက်လာတာ ဖြစ်ပါ တယ်။

ဒီခုနှစ်မေလ ၁၉ ရက်က ပြုလုပ်တဲ့သတင်းစာရှင်း လင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲ ဒီလိုပြောခဲ့တာဖြစ်ပါတယ်။

အဲဒီလို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ ပြော ဆိုချက်တွေကို စစ်ကောင်စီဟာ ရခိုင်ပြည်အတွင်း အကောင်အ ထည် ဖော်နေတာဖြစ်တယ်လို့ ဦးဖေသန်းက ဆိုပါတယ်။

“သူတို့စိတ်ထဲမှာ ခုနကပြောတဲ့ အ တွေးအခေါ်ရှိတယ်။ပြည်သူ့ကိုပစ်ဖို့၊ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တက် လာတုန်းကလည်း အဲဒီလိုပဲလေ၊ ကျွန် တော်မလုပ်ရဲတာ ဘာမှမရှိဘူးဆိုပြီး တက်လာတာ၊အထူးသဖြင့် ဇော်မင်းထွန်းကလည်း ပြဿနာဖြစ် လာရင် ငါတို့ကို အဆိုးမဆိုနဲ့ဆိုပြီး ပြည်သူကို ခြိမ်း ခြောက်တယ်လေ။အဲဒီစကားတွေအတိုင်း ဒီနေ့အကောင်အထည်ဖော်နေတာပေ့ါ။”လို့ ၎င်းက ပြောပါတယ်။

အဲဒီလိုလုပ်ရပ်တွေကြောင့် စစ်ကောင်စီတပ်ဟာ ပြည်သူတွေရဲ့ နာကြည်းမှုကိုပဲ ရလာမှာဖြစ်ပြီး တန် ပြန်တော်လှန်မှုတွေ ဆက်တိုက်ပေါ်လာနိုင်ကြောင်းလ ည်း ဦးဖေသန်းက ဆိုပါတယ်။

ခုလိုမျိုး အပြစ်မဲ့ပြည်သူတွေဆီ ဦးတ ည်ပစ်ခတ်တာတွေဟာ အငြိုးအတေးနဲ့ လုပ်နေတာဖြစ်တဲ့အတွက် ပြည်သူတွေမှာ သတိထားကြဖို့လိုတယ်လို့ လည်းက သူက တိုက်တွန်းပါတယ်။

ရက္ခိုင့်အစည်းအရုံး(ဂျပန်)နဲ့ ရက္ခိုင်ပြည်ကျောင်း သားသမဂ္ဂတို့ကလည်း စစ်ကောင်စီဟာ ရခိုင်ပြည်အတွင်း စစ်ရာ ဇဝတ်မှုတွေကို ကျူးလွန်နေပြီး အဲဒီအပေါ်  ပြင်းထန်စွာ ရှုတ်ချကြောင်း၊ စစ်ကောင်စီကို အပြစ်ပေးအရေးယူပြီး တရားမျှတမှု ရှာဖွေပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ထားကြပါတယ်။

မြောက်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးပစ်ခတ်မှုကြောင့် ကင်းဆိပ်ရွာအပြင် ဘူးရွက် မညိုး၊ဝေသာလီ၊အောက်သားကန်၊ဘုရားကြီး စတဲ့ရွာတွေအတွင်းကိုလည်း လက်နက် ကြီးကျည်တွေ ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝေသာလီရွာထဲမှာဆိုရင် လက်နက်ကြီးကျည်ထိမှန်လို့ နေအိမ်နှစ်လုံးနဲ့ ဘုန်း ကြီးကျောင်းဆောင် တစ်ခု ပျက်စီးခဲ့ ကာ ဘူးရွက်မညိုးရွာမှာလည်း ဘုန်း ကြီးကျောင်းဆောင်တစ်ခု အမိုးတွေ ပျက်စီးခဲ့တယ်လို့ ရွာသားတွေက ပြောကြပါတယ်။

နောက်ပြီး အောက်သားကန်ရွာက အိမ်မွေးဝက်တစ်ကောင်ဟာလည်း လက်နက်ကြီးထိလို့ သေသွားတ ယ်လို့ ရွာသားတစ်ဦးက ဆိုပါတယ်။

အဲဒီအပြင် ရွာသားတွေ ပြေးနေကြစဉ် ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ဟာ ဘူးရွက်မညိုးရွာထဲက ဆိုင်ရောင်းတဲ့ နေအိမ်တစ်လုံးကို တံခါးတွေဖောက်ဖျက် ဝင်ရောက်ကာ ဆန်၊ဆီနဲ့အဝတ်အထည်တွေ ယူသွားခဲ့တယ်လို့လည်း ရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကင်းဆိပ်အပါအဝင် လက္ကာ၊ ဘူးရွက်မညိုး၊အောက်သားကန်၊ဝေသာလီ၊ဘုရားကြီးစတဲ့ရွာတွေက ဒေသခံတွေဟာ နီးစပ်ရာရွာတွေဆီ တိမ်း ရှောင်နေကြရတယ်လို့ ပြောကြပါတယ်။

https://www.facebook.com/permalink.php?story_fbid=189696450139336&id=107469705028678

Leave a Reply

Your email address will not be published.