By Boder News Agency (BNA) / 2022 August 29

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိ န်းဟာ ပလက်ဝ- ဇီရမ်ပူ ကားလမ်းကလွဲပြီး ရခိုင်ပြ ည်၊စစ်တွေဆိပ်ကမ်းနဲ့ချင်းပြည်နယ်၊ပလက်ဝရှိ ဆိပ်ခံတံတားအပါအဝင် အစိတ်အပိုင်းအားလုံးပြီး စီးသွားပြီဖြစ်တဲ့အတွက် မကြာခင်မှာ စတင်လည် ပတ်နိုင်တော့မှာဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Bibekananda Bhattamishra က ရခိုင်က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့ပါတယ်။
အိန္ဒိယကောင်စစ်ဝန်ချုပ်နဲ့ ရခိုင်ပြည်အတွင်းကလုပ် ငန်းရှင်တွေဟာ ဩဂုတ်လ ၂၇ ရက်နေ့က စစ်တွေမြို့က Royal Sittwe Resort မှာ အခမ်းအနားနဲ့ တွေ့ဆုံခဲ့ပြီး ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေး(Kaldan Multi-Model Transit Transport) စီမံကိန်းရဲ့ စစ်တွေဆိပ်ကမ်းသစ်ဟာ မကြာမီအချိန်မှာ စတင်လည်ပတ်ဆောင်ရွက်နိုင်တော့မှာ ဖြစ်တဲ့အတွက် အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Bibekananda Bhattamishra ဦးဆောင်တဲ့ ဖက်က အိန္ဒိယ- မြန်မာ ချစ်ကြည်ရေးအစီအစဉ်အရ ဆောင်ရွက်ပြီးစီးနေပြီဖြစ်တဲ့ ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံ ကိန်းရဲ့ စစ်တွေဆိပ်ကမ်းပြီးစီးနေတဲ့အခြေ အနေ၊ ဆိပ်ကမ်းလည်ပတ်နိုင်ရေး လုပ်ငန်းရှင်တွေရဲ့ ပူး ပေါင်းဆောင်ရွက်မှုတွေကို လက်ခံကြိုဆိုကြောင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရေး၊ ကုန်သွယ်မှုလုပ်ငန်းစဉ်တွေ စနစ်တကျဖွံ့ဖြိုးပါဝင်လာစေရေး ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(RSCCI)နဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောခဲ့ကြောင်း သိရပါတယ်။
RSCCI အတွင်းရေးမှူး ဦးအောင်အောင်က “သူတို့ကတော့ ဆိပ်ကမ်းသစ်နဲ့ပတ်သက်ပြီး လုပ်မယ့်ဟာတွေရှိရင် အချိန်မရွေးလာရောက်ပြီးတော့ မေးမြန်နိုင်တယ်လို့ ပြောတယ်။ ကျနော်တို့ဘက်ကလည်း ဒီလိုဆိုရင် ဆိပ်ကမ်းကိုအသုံးပြုပြီး ကုန်သွယ်ချင်တဲ့သူ၊ စိတ်ဝင်စားတဲ့ ဆက်သွယ်မေးမြန်ချင်တဲ့သူတွေ ဆက်သွယ်နိုင်အောင် သတင်းအချက်အလက်တွေရနိုင်အောင် စီစဉ်ပေးပါဆိုပြီး ပြောတယ်။ တခြားတက်ရောက်လာကြတဲ့ သင်္ဘောလုပ်ငန်းရှင်တွေ၊ ဆန်စက်ပိုင်ရှင်တွေ၊ ပို့ကုန်လုပ်ငန်းရှင်တွေလည်း ပြောကြတယ်။ အဓိကတော့ ဆိပ်ကမ်းပိုင်းကိုပဲ သူတို့(အိန္ဒိယကောင်စစ်ဝန်ချုပ်)က ပြောတယ်။ ကုန်သွယ်ရေးကတော့ ဘယ်လိုကုန်သွယ်နိုင်မလဲဆိုတာကတော့ တစ်ပိုင်းပေါ့” ဆိုပြီး ပြောပါတယ်။
ရခိုင်ကုန်သည်/စက်မှု အသင်းဖက်ကလည်း ကု လားတန်စီမံကိန်း၏ စစ်တွေဆိပ်ကမ်းစတင်လည် ပတ်နိုင်တဲ့အခါ မည်သူမဆို သိရှိလိုတာကို အလွယ် တကူ ဆက်သွယ်စုံစမ်းနိုင်ရေးအတွက် Information centre တစ်ခု ထားရှိသင့်ကြောင်း၊ ဝဘ်ဆိုဒ်နှင့်လူမှုကွန်ယက်တွေကို အသုံးပြုပြီး HotLine ဖုန်းနံပါတ်တွေထားရှိပြီး ဆိပ်ကမ်းတာဝန် ရှိသူတွေနဲ့ အလွယ်တကူ ချိတ်ဆက်နိုင်ရန် ဆောင် ရွက်ပေးစေလိုကြောင်း၊ဆိပ်ကမ်းဝန်ဆောင်မှု သတ်မှတ်နှုန်းထားတွေကို ထုတ်ပြန်ပေးနိုင်ရေး၊ ရခိုင်ကမ်းရိုးတမ်း ပြည်တွင်းသင်္ဘောတွေ အလွယ် တကူဆိုက်ကပ်အသုံးပြုနိုင်ရေး၊ဒေသအလုပ် အကိုင် အခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက်လာစေရေးနဲ့ လက်ဝါးကြီးအုပ် လွှမ်းမိုးချုပ်ကိုင်မှု မရှိစေရေးအပြင် ကာလကတ္တား _စစ်တွေ ကမ်းရိုးတမ်း သွား ကုန်သွယ်မှု စတင်နိုင်ရေးမှာ လုပ်ငန်းကြီး/ငယ် မည်သူမဆို ပါဝင်ဆောင် ရွက်ခွင့် ရရှိနိုင် ရေး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ RSCCI က ထုတ်ပြန်ထားပါတယ်။
အဲဒီလိုမျိုး တွေ့ဆုံတာဟာ တွေ့ဆုံပွဲပုံစံမျိုးမဟုတ်ပဲ ညစာစားပွဲပုံစံမျိုး တွေ့ကြတာဖြစ်ပြီး အဲဒီလိုတွေ့ဆုံတဲ့အခါ သူတို့ရဲ့ စစ်တွေဆိပ်ကမ်းသစ်ဟာ ပြီးစီနေပြီဖြစ်ကြောင်းနဲ့ အသုံးပြုလို့ ရနေပြီဆိုတဲ့အကြောင်းကို အသိပေးလိုတဲ့ ဆန္ဒသာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။
အဲဒီ အိန္ဒိယ- မြန်မာ ချစ်ကြည်ရေးအစီအစဉ်အရ ဆောင်ရွက်ပြီးစီးနေပြီဖြစ်တဲ့ Kaldan Multi-Model Transit Transport(KMTT) စီမံကိန်းရဲ့စစ်တွေဆိပ် ကမ်းသစ်ဟာ တန်ချိန် ၅ ထောင်ကနေ ၆ ထောင်ရှိ သင်္ဘောကြီးတွေ း သိရပါတယ်။
ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက အိန္ဒိယနဲ့ မြန်မာ နိုင်ငံအစိုးရတို့ကြား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုတွေကိုတော့ ၂၀၁၀ ခုနှစ် စက်တင်ဘာလမှာ စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အပြီးသတ်လည်ပတ်နိုင်ဖို့ စီစဉ်ထားခဲ့ပေမယ့် လာမယ့် ၂၀၂၃ မတ်လလောက်မှာ အပြည့်အဝလည်ပတ်နိုင်ဖို့ မျှော်လင့်ရကြောင်း သိရပါတယ်။
ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိ န်းကို အိန္ဒိယနိုင်ငံက စီမံကိန်းအတွင်း အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားပြီး အိန္ဒိယနိုင် ငံအရှေ့ပိုင်း၊ကာလကတ္တားဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်းတို့ကို ပင်လယ်ရေကြောင်းကတဆင့် ဆက်သွယ်ပေးမယ့် စီမံကိန်းလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း ကုလားတန်မြစ်ကြောင်းအတိုင်း စစ်တွေဆိပ်ကမ်းကနေတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊ပလက်ဝမြို့သို့ စက်လှေနဲ့ ချိတ်ဆက်ကာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်သို့ ကားလမ်းနဲ့ ချိတ်ဆက် ဆောင်ရွက်မှာ ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာတော့ စီမံကိန်းရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ စစ်တွေဆိပ်ကမ်းနဲ့ လျှပ်စစ်ဓာတ်အား၊မြစ်သော င်တူးတာအပြင် ပလက်ဝဆိပ်ခံတံတားဆောက်ရေး အားလုံးပြီးစီသွားပြီဖြစ်ရာ ဇိုရမ်ပူ- ပလက်ဝ လမ်းပိုင်းသာ ကျန်တော့မှာဖြစ်ပါတယ်။
အဲဒီ ကုလားတန်စီမံကိန်းရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ ပလက်ဝ- ဇိုရမ်ပူ ကားလမ်းဖောက်လုပ်ခွင့်ကို အိန္ဒိယအစိုရ၊ ပြည်ပရေးရာဝန်ကြီးဌာန (MEA)က အိန္ဒိယကုမ္ပဏီ IRCON International ကုမ္ပဏီကို လမ်းစီမံကိန်းအကောင်အထည်ဖော်ရေးအေဂျင်စီ အဖြစ် ဖေဖော်ဝါရီလအတွင်းက ခန့်အပ်ခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အုံ ဆောက်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ IRCON International မှာ အိန္ဒိယအစိုးရက ရှယ်ယာ ၇၃.၁၈ ရာခိုင်နှုန်း ထည့်ဝင်ထားပြီး မီးရထားဝန်ကြီးဌာနက ရာနှုန်းပြည့်ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ကာ အဲဒီကားလမ်း အကောင်အထည်ဖော်ဖောက်လုပ်ရေးအတွက် အိန္ဒိယ ရူပီငွေ (၁၇၈၀) ကုဋေကုန်ကျမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ အပြီးသတ်ဖို့ စီစဉ်ထားကြောင်း BETV ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
https://www.facebook.com/permalink.php?story_fbid=189656500143331&id=107469705028678