စစ်တွေရှိ အမျိုးသမီး ၁ ဦး၏နေအိမ်မှ ကျပ်သိန်း ၁၄ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

By Narinjara /2022 July 14 ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အမျိုးသမီး ၁ ဦး၏နေအိမ်မှ ကျပ်သိန်း ၁၄ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၃ ရက် …

ပုဏ္ဏားကျွန်းအခြေစိုက်ခမရ (၅၅၀) တပ်ရင်းတွင် ဒုရင်းမှူးကတော်မှ ရဲမေဝတ်ရွတ်အသင်းကို ဝါဆိုလပြည့်နေ့ကဆဲဆို၍ မကျေနပ်မှုတိုးပွားနေ 

By Narinjara /2022 July 14 ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်းမှ ရဲမေများ ဝါဆိုလပြည့်နေ့က ဓမ္မစကြာဝတ် ရွတ်ဖတ်နေချိန်တွင် ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးဌေးဇနီးဖြစ်သူ ဒေါ်စမ်းသီတာမြင့်က ထဘီခါးစောင်းတိုက်ကာ ဆဲဆိုကြိမ်းမောင်းမှုပြုလုပ်သဖြင့် …

စစ်တွေ ကယ်ဆယ်ရေးတံတားအနီး ထိုးသွင်းဒဏ်ရာများနှင့် အမျိုးသား ၁ ဦး သေဆုံးလျက်တွေ့ရှိ

By Narinjara /2022 July 14 ဓာတ်ပုံ – ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကယ်ဆယ်ရေးတံတားအနီးတွင် ထိုးသွင်းဒဏ်ရာများနှင့် အမျိုးသားအလောင်းတစ်လောင်းကို ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက် ၈ နာရီခန့်က …

အဖမ်းခံထားရသည့် တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း မျက်စိဝေဒနာခံစားနေရ၍ ဆေးကုသရန်လိုအပ်

By DMG /2022 July 14 (ပုံစာ– ဖမ်းဆီးခံထားရသည့် ကိုဇော်ဝင်းကို တွေ့ရစဉ်) မြန်မာစစ်တပ်ကဖမ်းဆီးပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်းမှာ မျက်စိဝေဒနာခံစားနေရသဖြင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။ …

အမ်း ပဲပဒုံစစ်ရှောင်စခန်းတွင် ဆန်ရိက္ခာပြတ်

By DMG /2022 July 14 ပုံစာ- ယခုရက်ပိုင်းအတွင်း ပဲပဒုံစစ်ဘေးရှောင်စခန်းကို တွေ့ရစဉ်။(Photo-CJ) ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပဲပဒုံအမှတ်(၁) စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွင် ဆန်ရိက္ခာများ ပြတ်လပ်နေပြီး လက်ရှိတွင် အသိမိတ်ဆွေများထံမှ အကြွေးစနစ်ဖြင့်ဝယ်ယူကာ အရေးပေါ်ဖြေရှင်းနေရကြောင်း …

ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာတွင် ပင်လယ်ရေတိုက်စားမှုကြောင့် နှစ်စဉ်မြေပြိုမှုနှင့်ရင်ဆိုင်နေရ

By DMG /2022 July 14 (ပုံစာ – ဇူလိုင်လ ၁၄ ရက်နေ့က ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာရှိ ကမ်းပါးများပြိုကျနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ – ထွန်းထွန်းနိုင်) ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း(ခေါ်) မြေငူကျွန်းရှိ …

စားသောက်ကုန်ဈေးနှုန်း မြင့်တက်နေမှုကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ပိုမိုကြပ်တည်းလာ

By DMG /2022 July 14 မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူမှု၏ အကျိုးဆက်အဖြစ် ပြည်တွင်းအခြေခံစားသောက်ကုန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး အခြေခံလူတန်းစားများ၏ စားဝတ်နေရေး ပိုမိုကြပ်တည်းလာနေသည်။ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလမှစပြီး ယခု ၂၀၂၂ …

ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို တစ်လနီးပါးကြာသည်ထိ ပြန်လည်မဖွင့်ပေးသေး

By DMG /2022 July 14 မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာလာပြီးနောက် ဇွန်လ ၁၆ ရက်နေ့ကတည်းကပိတ်ထားသော ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို လက်ရှိအချိန်ထိ ပြန်လည်မဖွင့်ပေးသောကြောင့် ကားသမားများနှင့်ဒေသခံများ အခက်တွေ့နေကြသည်။ ၂၂ မိုင်နှင့် ၆ …

စစ်ကောင်စီနှင့် AA တို့ကြား စစ်ရေးလျော့ပါးရေးတိုက်တွန်းချက် သက်ရောက်မှုရှိဟုဆို

By Western News /2022 July 14 ပြီးခဲ့သည့် ဇွန်လအတွင်းမှစ၍ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တင်းမာမှုများဖြစ်ပွားလျက်ရှိပြီး AA ဖက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားဖမ်းဆီးခြင်း၊ စစ်ကောင်စီဘက်မှ အရပ်သားပြည်သူများအားဖမ်းဆီးခြင်းတို့အပြန်အလှန်လုပ်ဆောင်ခဲ့ကြသည်။ ၎င်းနောက် ဇူလိုင်လ …

ဘူးသီးတောင်ရှိ လူဦးရေ ၂ သိန်းကျော်အတွက် သောက်သုံးရေဖူလုံစွာရရှိရေးအချက်အပါအဝင် အချက် ၄ ချက်ကိုဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်ထံ တောင်းဆို

By Narinjara /2022 July 14 ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ရပ်ကွက် (၇)ခုမှ လူဦးရေ ၂ သိန်းကျော်အတွက် သောက်သုံးရေဖူလုံစွာရရှိရေးအချက်အပါအဝင် အချက် ၄ ချက်ကိုဆောင်ရွက်ပေးရန် မြို့ခံများက ဝန်ကြီးချုပ်ထံတောင်းဆိုလိုက်ကြသည်ဟု သိရသည်။ ယမန်နေ့ …