၂ ပတ်ကျော်ကြာရပ်နားခဲ့သည့် ကျောက်တော်-ပလက်ဝဇက်သင်္ဘော ဇူလိုင် ၈ ရက်တွင် ပြန်လည်ပြေးဆွဲမည်

By Narinjara /2022 July 06


“အင်္ဂါနေ့အစား သောကြာနေ့ထွက်မယ်။ နောက်ပြီးတော့ ပုံမှန်အတိုင်း အင်္ဂါနေ့မှထွက်မယ်” ဟု ပြောသည်။

ပလက်ဝဘက်တွင်မိုးကြီးပြီး ကုလားတန်မြစ်ရေကြီးနေကာ ရေကျများနေသဖြင့် ရေအဆန်တက်ရန် မဖြစ်နိုင်၍ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်မှစတင်ကာ ရေယာဉ်ပြေးဆွဲမှုကို ခေတ္တရပ်နားခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ကျောက်တော်နှင့် ပလက်ဝမြို့အကြား ဆက်သွယ်ရေးတွင် အစိုးရဇက်ရေယာဉ်ကို အဓိကအားကိုးနေရပြီး ထိုရေယာဉ်ပြေးဆွဲမှုရပ်နားခဲ့ရ၍ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် ပလက်ဝတွင် ကုန်စည် စီးဆင်းမှုများလည်း အားနည်းခဲ့သည့်အတွက် ကုန်စျေးနှုန်းများမြင့်တက်နေကြောင်း ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

“သင်္ဘောလည်းမလာ၊ ကြားစက်လှေတွေလည်း ထွက်လို့မရတော့ ပစ္စည်းတွေကပြတ်တယ်။ စားနပ်ရိက္ခာ၊ ကုန်ပစ္စည်းတွေကပြတ်တယ်။ ကုန်စျေးနှုန်းတွေလည်း တက်သွားတယ်” ဟုပြောသည်။

အဆိုပါသင်္ဘောကို လာမည့်ရက်သတ္တပတ်များတွင် ပုံမှန်ပြေးဆွဲနေသည့် နေ့ရက်အတိုင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းဌာနမှ သိရသည်။

ကျောက်တော်မှ ပလက်ဝသို့ပြေးဆွဲနေသည့် ခရီးစဉ်သည် အင်္ဂါနေ့တွင် ကျောက်တော်မြို့မှ ထွက်ခွာ၍ ဗုဒ္ဓဟူးနေ့တွင် ပလက်ဝမှ ကျောက်တော်သို့ပြန်လည်ထွက်ခွာကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် ခရီးသည်တစ်ဦး၏ ရေယာဉ်ခကို ကျပ် ၁၈၀၀ နှင့် ကုန်တစ်တန်လျှင် ကျပ် ၁၁၂,၀၀ စီသတ်မှတ်ကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှ စတင်ပြေးဆွဲနေခြင်းဖြစ်သည်။ (NN-8)

Leave a Reply

Your email address will not be published.