အာဏာအားပြိုင်မှုကြား ပျောက်ဆုံးလာသော ရခိုင်ပြည်ကတရားမျှတမှုများ

By Border News Agency/2022 July 02

ရခိုင်ပြည်နယ်အတွင်း နှစ်နှစ်ကျော်ကြာတိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီး နောက် နယ်မြေထိန်းချုပ်မှုအတိုင်း အတာတစ်ခုအထိရလာသော ရက္ခိုင့်တပ် တော် (AA)သည်အုပ်ချုပ်ရေး၊တရားစီရင်ရေး၊အခွန်ကောက်ခံရေးစသော ယန္တ ရားများကိုဝင်ရောက်လုပ်ကိုင်လာနေခဲ့သည်။တချိန်တည်းမှာပင် ယခင်ကတ ည်း က လက်လှမ်းမီမှုအားနည်းခဲ့သောစစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရား သည်လည်း တစ်ဖြေးဖြေးလက်တံတိုလာခဲ့တော့သည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၏တရားဥပဒေစိုးမိုးရေးလုပ်ဆောင်မှုများ ကမူ ပို၍သိသိသာသာပင် လျှော့နည်းကျဆင်းသွားခဲ့သည်။ရခိုင်အမျိုးသားအဖွဲ့ ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)နှင့်စစ်ကောင်စီတို့မှာ အုပ်ချုပ်ရေး၊တရားစီရင် ရေးအလုပ်တို့ ကို စင်ပြိုင်သဘောမျိုးဖြင့် အသီးသီးလုပ်နေကြသော်လည်း သူ့နယ်မြေ၊ကိုယ်နယ်မြေဟူ၍ သီးသီးသန့်သန့်သဘောမျိုး မဟုတ်သေးပေ။

 တခါတရံတွင် AA တပ်ဖွဲ့ဝင်များက အစိုးရအဖွဲ့ရုံးစိုက်ရာ မြို့တော်စစ်တွေ အထိ တက်၍ပင်ဥပေဒစိုးမိုးရေးအလုပ်(တရားခံဖမ်းဆီးခြင်း)တို့ လုပ်ဆောင်ကြ သည်ကို တွေ့ရသည်။အခြားတဖက်၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက AA အမာခံ ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာပြည်သူများအား ဖမ်းဆီးခြင်းတို့ လုပ်ဆောင်နေကြသည်။

ရခိုင်ပြည်သူတို့၏ အားပေးထောက်ခံမှုကို အပြည့်အ၀ရရှိထားသော AA သည် ၎င်းတို့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရားကို တိုးချဲ့လုပ် ဆောင်လာနိုင်ပြီ၊လည်ပတ်လာနိုင်ပြီဆိုသောသဘောကို သက်သေပြနေသည်။အလားတူပင် စစ်ကောင်စီဖက်ကလည်း ၎င်းတို့အနေဖြင့်အုပ်ချုပ်ရေးယန္တရား များကို ကောင်းစွာထိန်းချုပ်နိုင်သေးကြောင်းပြသနိုင်ရန် ကြိုးစားလာသည်။ဤသည်မှာ AA နှင့် စစ်ကောင်စီတို့ကြား အာဏာအားပြိုင်မှုကို ဖော်ပြနေခြင်း ပင်ဖြစ်၏။

ထိုကဲ့သို့ ဏာအာအားပြိုင်၊တွန်းကန်မှုနှစ်ခုအကြား လစ်ဟာနေခဲ့သည့် လေဟာ နယ်အတွင်းက ပြည်သူများမှာ မည်သူတို့ထံမှ ဥပဒေအကာအကွယ်ရယူရမည် ကို ဒွိဟဖြစ်နေကြရ၏။သူတို့၏ နစ်နာမှုများအတွက်တရားမျှတမှုရဖို့ အားကိုး ရာ မဲ့နေကြရသည်။သို့အတွက်ကြောင့် တစ်စုံတစ်ရာ ကျူးလွန်ခံရသူ၊နစ်နာရ သူတို့မှာ ဥပေဒ၏အကာအကွယ်ရရှိဖို့အပါအဝင် အခွင့်အရေးများစွာ ဆုံးရှုံးနေ ကြရသည်ဟု ကာယကံရှင်များက ရင်ဖွင့်ကြသည်။

 ပြီးခဲ့တဲ့မေလ ၁၀ ရက်တွင် ဘူးသီးတောင်မြို့နယ်၊စေတီတောင်တိုက်နယ် ဆေးရုံမှ သူနာပြုဆရာမတစ်ဦးမှာ ၎င်း၏အထက်အရာရှိဖြစ်သော ဆေးရုံအုပ် ဆရာဝန်၊ ယင်းဆရာဝန်၏ဇနီး၊တပည့်တို့ ထံတွင် အုပ်စုဖွဲ့ရိုက်နှက်၊ဆဲဆို ခြင်းကို ခံခဲ့ရသည်။

သူနာပြုဆရာမ၏ အဆောင်အခန်းထဲထိ ဝင်ရောက်လာကြပြီး ရိုက်နှက်၊ ဆဲဆို ကြခြင်းဖြစ်သည်ဟုကာယကံရှင်က ပြောထားသည်။ယင်းမတိုင်မီကလည်း ထိုသူနာပြုဆရာမမှာ ဆရာဝန်ဖြစ်သူ၏လိင်ပိုင်းဆိုင်ရာစော်ကားသည့် အသုံး အနှုန်းများဖြင့် ဖုန်းမှတစ်ဆင့်စာပို့ခြင်းကိုလည်း ခံခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ သူနာပြုဆရာမတို့ဘက်မှ တိုင်ကြားခြင်းမရှိသော် လည်း ရက္ခိုင့်တပ်တော် (AA)ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့်ကိစ္စ ဖြစ်၍ ခေါ်ယူစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း  AA က ပြောထားသည်။သို့သော်လည်း ဖြစ်စဉ်အတွင်းကျူးလွန်သည်ဟုဆိုသူများကို တစ်စုံတစ်ရာ ဖော်ထုတ်အရေးယူခြင်းမျိုးမတွေ့ရပေ။

 ကာယကံရှင်နှစ်ဦးက ၎င်းတို့၏မိခင်ဌာနဖြစ်သော စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဌာန၏ ဆုံးဖြတ်မှုကိုသာ ခံယူမည်ဆိုသဖြင့် အရေးမယူခြင်း ဟု AA ကဖြေရှင်းထားသည်။စင်စစ်အား ဖြင့် သူနာပြုဆရာမမှာ ယင်းသို့ ပြောဆိုခဲ့ခြင်းမရှိဟုဆိုသဖြင့် AA ကအကြောင်းပြခြင်း သက်သက်သာ ဖြစ်နေကြောင်း ထောက်ပြကြသည်။အမှန်တရားပေါ်ပေါက်အောင် လုပ်ပေးဖို့၊ အမှန်တရားဖက်က ရပ်တည်ပေးဖို့သာ ULA/AA မှ စစ်ဆေးမေးမြန်းသူ များအား တိုက်တွန်းပြောဆိုခဲ့ကြောင်း သူနာပြုဆရာမက ပြန်ပြောပြသည်။

ယင်း၏နောက်ကွယ်တွင်ရှိနေမည့် အကြောင်းခြင်းရာ၊ကိစ္စရပ်တို့ကလည်း စိတ်ဝင်စားစရာ၊အဖြေရှာ စရာ လိုအပ်နေသောပုစ္ဆာတစ်ပုဒ်ပင်ဖြစ်သည်။ထိုဖြစ်စဉ်အတွက် ရိုက်နှက်ခံရသူ သူနာပြုဆရာမက စစ်ကောင်စီလက် အောက်ခံ ရဲစခန်း၌လည်းအမှုဖွင့်တိုင် ကြားထားသည်။သို့သော် တစ်လကျော် ကြာ ကြာသည်အထိ ကျူးလွန်သူတို့ကိုဖော်ထုတ်ဖမ်းဆီးခြင်း၊တရားရုံးတင် စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်ခြင်းမရှိသေးဘဲ အမှုတည်ဆောက်ဆဲ အခြေအနေ မှာပင်ရှိသေးသည်။(ဥပေဒရုံးမှ ဥပဒေအကြံတောင်းခံထားဆဲဖြစ်သည်။)

ယင်းလုပ်ငန်းစဉ်မှာ ပုံမှန်ထက် ကြန့်ကြာနေသည်ဟု ကူညီပေးနေသူများနှင့် သူနာပြုအသိုင်းအဝိုင်းကပြောနေကြသည်။အမျိုးသမီးအရေးလှုပ်ရှားသူတို့ ကလည်း မြန်မြန်ဆန်ဆန်တရားရုံးတင်စစ်ဆေးဖို့တိုက်တွန်းနေကြသည်။

ရခိုင်အမျိုးသမီကွန်ရက်ကလည်း အုပ်စုဖွဲ့ ရိုက်နှက်ဆဲဆိုခဲ့သူများကို ရာဇဝတ် ပြစ်မှုအရထိရောက်သည့် အရေးယူဆောင်ရွက်မှုမျိုး ပြုလုပ်ပေးဖို့ဖြစ်စဉ်ဖြစ်ပြီး သုံးရက်အကြာ မေလ ၁၃ ရက်တွင် ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုခဲ့သည်။

ယင်းအပြင် ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့ကလည်း ထိုသို့အုပ်စုဖွဲ့ရိုက်နှက်ခြင်းမှာ အမျိုးသမီးအကြမ်းဖက်မှုမြော‌က်ပြီး ယင်းအပေါ် ပြင်းထန်စွာ ရှုတ်ချကာထိထိရောက်ရောက်အရေးယူပေးဖို့ တောင်း ဆိုကြောင်း မေလ ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ်မှာ AA ထိန်းချုပ်နယ်မြေ၌ဖြစ်ပွားခဲ့ပြီး အမှု၌တိုင်ကြားခံရသူ (ဆရာဝန်)မှာလည်း AA ထိန်း ချုပ်နယ်မြေဖြစ်သော စေတီတောင်ရွာ၌ နေထိုင်နေသည့်အတွက် ဖမ်းဆီးစစ်ဆေးရန် အခက်အခဲရှိနေ သည်ဟု ရဲစခန်းက တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်းနီးစပ်သည့် သတင်းရင်မြစ်များက ယင်းသို့ ဆိုကြသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ချိန်မှစ၍ AA ထိန်းချုပ်ရာ၊ AA အမာခံများရှိရာကျေးရွာများအပါအဝင် နယ်ဘက်ကျေးရွာများအတွင်းသို့ ရဲတပ်ဖွဲ့ဝင်များ သွားရောက်ကာ ဥပေဒ စိုးမိုးရေးလုပ်ငန်းတို့ ဆောင်ရွက်ခြင်း မရှိသလောက်နည်းပါးနေခဲ့ခြင်းဖြစ်သည်။။

“ပြောမယ်ဆိုရင် ကြောက်လို့ သွားမဖမ်းရဲတာပေ့ါ။အဲတော့ ဟိုဘက်ကလည်း ဘာမှမလုပ်ဘူး။

ဒီဖက်ကလည်း ဘာမှမလုပ်ဘူးဆိုတော့ ကြားကနစ်နာတဲ့သူတွေမှာ ထပ်ပြီး နစ်နာကြရတော့တာပေ့ါ”ဟုယင်းသို့သော အခြေအနေများကို ကြုံတွေ့နေရသူ ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါသူနာပြုဆရာမကိစ္စ တစ်စုံတစ်ရာအရေးယူ၊ဆောင်ရွက်ပေးမှုမရှိခြင်းက ရခိုင်ပြည်နယ် အတွင်းမှ အမျိုးသမီးတို့၏ လုပ်ငန်းခွင်ဘ၀လုံခြုံရေး၊လုပ်ငန်း ခွင်အတွင်း အကြမ်းဖက်ခံရမှုနှင့် လိင်အမြတ်ထုတ်ခံရမှုတို့အပေါ် အကာအ ကွယ်ပေးမည့်အခြေအနေကင်းမဲ့နေသည်ကို ပြောပြနေခြင်းပင်ဖြစ်သည်။

ထိုနည်းတူစွာ အုပ်စုဖွဲ့အနိုင်ကျင့်၊ စော်ကားမှုမျိုး ကျူးလွန်ခံရပြီး ဥပဒေအကာ အကွယ်ရဖို့ အလှမ်း ဝေးနေသည့်၊ဥပဒေပါအခွင့်အရေးများ ဆုံးရှုံးနေရသည့် ဖြစ် စဉ် နောက်ထပ်တစ်ခုလည်းရှိသေးသည်။

ထိုဖြစ်စဉ်မှာ အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့ပေါ်၌ ကုန်ခဲ့သည့်မတ်လအတွင်း ကဖြစ်ပွားခဲ့ခြင်းဖြစ် သည်။တုတ်၊ဓါး၊သေနတ်တို့ ကိုင်ဆောင်လာပြီး ဒေါသ ထွက်နေသော၊အရေအတွက်အားဖြင့် သုံးဆယ်ဝန်းကျင်ရှိသော လူအုပ်က နေအိမ်ခြံဝင်းအတွင်းသို့ ဝင်ရောက်ကာသက်ကြီးအမျိုးသမီးတစ်ဦး၊ ကလေး ငယ်တစ်ဦးတို့အပါအဝင် နေအိမ်၌ရှိနေသူအချို့ကို ရိုက်နှက်၊ဆဲဆို၊ခြိမ်းခြောက် မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဤဖြစ်စဉ်တွင်လည်း ကျူးလွန်ခဲ့သူများကို စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်များကဖမ်းဆီးအရေး ယူခြင်းတို့မရှိသည့်အပြင် စစ်တွေ့မြို့ အထိ ခြေဆန့်နိုင်သောရက္ခိုင့်တပ်တော်(AA)ကလည်း တစ်စုံတစ်ရာဆောင် ရွက်ခြင်းမျိုးမတွေ့ရပေ။ကျူးလွန်ခံခဲ့ရသူတို့မှာတော့ ခြိမ်းခြောက်ပြောဆို မှုများကိုပင် ခံနေကြရသည်။ဤသည်ကို ကြည့်ခြင်းအားဖြင့် တရားဥပေဒ စိုးမိုးမှုအခြေအနေကိုအထင်းသားတွေ့မြင်ကြရမည်ဖြစ်သည်။

အထက်တွင်ပြောခဲ့သောဖြစ်စဉ်နှစ်ခုလုံး၌ ကျူးလွန်သူများအား ဖော်ထုတ် ဖမ်းဆီး၊အရေးယူဖို့ကိုစစ်ကောင်စီအပါအဝင် AA ကပါ ကြန့်ကြာ၊ပျက်ကွက် နေကြသည်။နစ်နာခဲ့သူများအား ဥပဒေအရအကာအကွယ်ပေးဖို့၊သူတို့၏ အခွင့်အရေးရရှိရေး ကူညီဆောင်ရွက်ပေးဖို့အတွက်ကို နှစ်ဖက်စလုံးက မျက်ကွယ်ပြုထားကြဆဲပင်ဖြစ်သည်။

ယင်းသို့သောအခြေအနေကို စိတ်ပျက်မိနေပြီဟု အုပ်စုဖွဲ့ရိုက်နှက်၊ဆဲဆိုခြင်း ခံခဲ့ရသည့်သူနာပြု ဆရာမကပြောသည်။

“ဘာမှ မလုပ်ကြသေးဘူး။ဒီအမှုဟာ ဒီလိုဖြစ်နေလို့မရဘူး။ဒီလိုမျိုးသွေးအေး သွားရင်သွားပြီ။ခံရတဲ့သူပဲသိတယ်။တော်တော်စိတ်ပျက်နေပြီ ကျွန်မ”ဟု ၎င်းက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း ထိုအခြေအနေကို အခွင့်ကောင်းယူကာ ပြစ်မှုကျူး လွန်နေကြသူများလည်းရှိနေသလို ထပ်၍လည်းရှိလာနိုင်ကြောင်း အရပ်ဖက် အဖွဲ့အစည်းများနှင့်ကျူးလွန်ခံရသူတို့၏အသိုင်းအဝိုင်းက ထောက်ပြပြော ဆိုကြသည်။

“ဒီလို မင်းမဲ့စရိုက်ဆန်ဆန် နိုင်ထက်စီးနင်းပြုတဲ့ဟာတွေကို အရေးမယူဘဲ ထားလိုက်ရင် ထပ်ပြီးရောင့်တက် လာကြမှာ။ငါက ဘယ်သူနဲ့ပိုင်တယ်။ဘယ်သူနဲ့ ရင်းနှီးတယ်။ ဒီလိုလုပ်လိုက်လို့ဘာမှ မဖြစ်ဘူးဆိုပြီး လုပ်ချင်သလို လုပ်နေကြမှာ။”ဟု သူနာပြုဆရာမတစ်ဦးက ပြောသည်။

 ထိုသို့သောကျူးလွန်မှုများကို အရေးယူဆောင်ရွက်ဖို့အတွက် လက်ရှိတိုင်း ပြည်အာဏာများကို သိမ်းယူ၊အုပ်ချုပ်နေသည့် စစ်ကောင်စီမှာရော၊ရခိုင်ပြည် နယ်အတွင်း အုပ်ချုပ်ရေး၊တရားစီရင်ရေး ယန္တရားများချုပ်ကိုင်ရန် ကြိုးစားနေ သော ရက္ခိုင့်တပ်တော်(AA)မှာပါ တာဝန်အပြည့်အ၀ ရှိကြောင်းလေ့လာသူများ က ဆိုကြသည်။

ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးအလုပ်တို့ကို စစ်ကောင်စီ နှင့် AA တို့စင်ပြိုင်လုပ် နေကြသည်ဟုဆိုသော်လည်း ရခိုင်ပြည်သူအများစု (အထူးသဖြင့်မြောက်ပိုင်းနေပြည်သူများ)မှာ AA ၏ အုပ်ချုပ်မှုအောက်တွင် သာနေလိုကြပြီး ULA/AA ၏တရားစီရင်ပေးမှုကိုသာ ခံယူလိုကြသည်။

ရခိုင်ပြည်နယ်အတွင်းမှ ပြည်သူများသည် ယခုအာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ခြင်းကိုသာမခံယူလိုခြင်းဟုတ်ဘဲ အရပ်သားအစိုးရအပါအဝင် ယခင်အစိုးရများအဆက်ဆက်ကတည်းကကိုယ်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရရေး၊မိမိတို့လူမျိုးအုပ်ချုပ်သော အစိုးရလက်အောက်တွင်သာနေထိုင်ခွင့်ရရေး ဆန္ဒပြင်းပြနေခဲ့ကြသူများပင် ဖြစ်သည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း AA က တရားစီရင်ရေးလုပ်ငန်းများ စတင် လုပ်ကိုင်လာချိန်တွင်၎င်းတို့၏ နေ့တဒူ၀အမှုကိစ္စရပ်များကို AA လက်အောက်ရှိ တရားရုံးများထံတိုင်ကြားလာကြခြင်း ဖြစ်သည်။ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ပထမသုံးလအထိ ULA/AA ထံတိုင်ကြားလာသည့် အမှုပေါင်း ၅၆၈၃ မှု ရှိခဲ့ ကြောင်း ဧပြီလ ၅ ရက် ပြုလုပ်ခဲ့သောဒုတိယအကြိမ်မြောက် လစဉ်သတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောထားသည်။

ထိုအမှုများထဲမှ ၂၉၂၆ မှုကို ဖြေရှင်းပြီးဖြစ်ကာ ၂၇၅၇ မှုမှာ ဖြေရှင်းရန် ကျန်နေသေးကြောင်း ခိုင်သုခက ယင်းရှင်းလင်းပွဲတွင် ပြောကြားထားသည်။အမှုအမျိုးအစားများကိုတော့ ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။

ရဲစခန်း၊ တရားရုံးတို့ရှိရာ မြို့ပေါ် ရပ်ကွက်နေ ပြည်သူများပင်လျှင် ၎င်းတို့၏ လင်မယားကွာရှင်းခြင်း ကိစ္စမှစ၍ အမှုခြင်းရာအားလုံးကို မြို့နှင့် အလှမ်းဝေး သော ULA/AAတရားရုံးများထံ ခက်ခဲစွာသွား ရောက်တိုင်တန်းကြသည်ကို ကြည့်ခြင်းအားဖြင့် ပြည်သူများ၏ ULA/AAအပေါ် အားကိုးလိုစိတ်ကို တွေ့မြင် ရသည်။

လာဘ်ပေး၊လာဘ်ယူမှု၊အဂတိလိုက်စားမှုတို့ထူပြောကာ ငွေများရာတရား နိုင်သောနေရာဟု နာမည်ဆိုး ဖြင့်ကျော်ကြားလာခဲ့သည့် အစိုးရတရားရုံးများကို မနှစ်မြို့၊ငြီးငွေ့လာကြသည့်ရခိုင်ပြည်သူများမှာ AA တရားရုံးများပေါ်လာ ချိန်တွင် ဝမ်းသာအားရကြိုဆိုခဲ့ကြသည်။

စစ်ကောင်စီလက်အောက်ခံ တရားရုံးများထက် ပို၍လည်းအားကိုး၊ယုံကြည် ခဲ့ကြသည်။သို့သော် ULA/ AA လက်အောက်ခံ တာဝန်ရှိသူတစ်ချို့၏ လာဘ် စားမှု၊အဂတိလိုက်စားမှု၊တာဝန်အလွှဲသုံးစားမှုတို့ကြောင့် ပြည်သူတို့တောင်းတ သည့် တရားမျှတမှုတို့ဆုံးရှုံးနေကြရကြောင်း ကိုယ်တိုင်ကြုံတွေ့ဖူး သူတို့က ဆိုကြသည်။ AA ဘက်ကလည်း ယင်းအပေါ် ဝန်ခံထားသည်။

 ULA/AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကမူ နည်းပညာလိုအပ်ချက်များ၊လူ့စွမ်းအားအရင်းအမြစ်မပြည့်စုံမှုများကြောင့် ထိုကိစ္စရပ်များရှိနေခြင်းဖြစ် သည်ဟု ပြောထားသည်။လာဘ်စားမှု၊အဂတိလိုက် စားမှု၊တာဝန်အလွှဲသုံးစားမှု တို့အပေါ် သည်းခံမည်မဟုတ်ကြောင်း၊အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး ပိုင်းတွင် ခြစားမှုနည်းနိုင်သမျှနည်းအောင် ထိန်းကျောင်းလျက်ရှိကြောင်း ဧပြီလကပြု လုပ်သော လစဉ်သတင်းစာရှင်းလင်းပွဲတွင် ခိုင်သုခက ပြောထားသည်။

အားကိုးတကြီးဖြင့် တိုင်တန်းလာသောအမှုတို့အတွက် ၎င်းတို့မျှော်လင့်ထား သည့် တရားမျှတမှုတို့မရလျှင် ထို့ပုဂ္ဂိုလ်၊အဖွဲ့အစည်းအပေါ် အယုံအကြည်ပျက် လာကြမည်မှာ အသေအချာပင်ဖြစ်သည်။

အဂတိမှုများရှိနေသည့် စစ်ကောင်စီလက်အောက်ခံတရားစီရင်ရေးကို ဘေးဖယ် ထားပြီး ULA/AAတရားရုံးတို့ထံ ရောက်လာကြသူအချို့မှာ ထပ်မံ၍ဘက်လိုက် မှုများနှင့် ကြုံနေကြရခြင်းဖြစ်သည်။

ယင်းသို့သော ဘက်လိုက်မှုများပိုများလာမည်ဆိုပါက ပြည်သူတို့မှာ ယုံကြည်မှု လျော့နည်းလာ ကြမည်ဖြစ်သည်။

တိုင်းပြည်အာဏာလက်ဝယ်ရှိသော စစ်ကောင်စီကလည်း အားကိုး၍မရ၊အုပ်ချုပ်ရေး၊တရားစီရင်ရေး တို့အပေါ် ချုပ်ကိုင်ရန် ကြိုးစားနေသောULA/AA ကလည်း နစ်နာသူတို့အတွက်ကာကွယ်ပေးခြင်း မရှိဆိုလျှင် ထိုကြားထဲ၌ ပြည်သူတို့ကသာ နစ်နာပြီးရင်းနစ်နာကြရမည်ဖြစ်သည်။

“ဘာမှလည်း အားမကိုးချင်တော့ဘူး။စိတ်တွေညစ်လာပြီ။ကိုယ့်ကျန်းမာရေး (ဌာန)ဖက်ကလည်းအခုထက်ထိ ဘာမှမလုပ်ပေးသေးဘူး။ဘယ်သူ့ကို သွားတိုင်လို့ တိုင်ရမှန်းမသိတော့ဘူး။”ဟုသူနာပြုဆရာမက ပြောသည်။

ထိုသူနာပြုဆရာမအမှုကိစ္စအပါအဝင် တခြားသောရခိုင်ပြည်နယ်အတွင်းမှ အလားတူအမှုတို့ကိုULA/ AA ဘက်ကသာ ဘက်လိုက်မှုကင်းစွာ၊သမာသ မတ်ဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်မည်ဆိုလျှင်ပြည်သူတို့၏ ယုံကြည်အားကိုးမှုကို ယခုထက်ပိုရလာမည်ဖြစ်သည်။ပြည်သူတို့၏ အားကိုး၊ ယုံကြည်မှုတို့နှင့်အတူ အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတို့ကိုထပ်မံချဲ့ထွင်လာနိုင်မည် ဟု လေ့လာသူတို့က ဆိုကြသည်။

“အကုန်လုံးက ကိုယ့်ရဲ့တပ်တော်(ULA/AA)ကိုပဲ အားကိုးချင်ကြတဲ့သူတွေချည်း ပါပဲ။ ဒီအစိုးရကို အားကိုးချင်ကြတာမဟုတ်ဘူး။ဒါဟာ အခွင့်ကောင်းပဲ။ဘက် လိုက်တဲ့သူတွေကို ထိထိရောက် ရောက် အရေးယူစေချင်ပြီးမျှမျှတတနဲ့ လုပ်စေ ချင်ပါတယ်။”ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

မည်သို့ပင်ဆိုစေကာမူ ရခိုင်ပြည်နယ်အတွင်းမှ ပြည်သူများမှာ သူတို့၏အသက်၊အိုးအိမ်၊စည်းစိမ်ကိုအပြည့်အ၀ကာကွယ်ပေးသော၊လူမှုဘ၀လုံခြုံငြိမ်းချမ်း မှုအတွက် အာမခံချက်ပေးသော၊တရားမျှတမှုရရှိရေး ကူညီဆောင်ရွက်ပေး သော အဖွဲ့အစည်း၊အစိုးရတစ်ရပ်ကိုအားကိုးမျှော်လင့်တောင့်တနေကြသည်။

သို့သော် လက်တွေ့မှာမူ စေတီတောင်ဆေးရုံမှသူနာပြုဆရာမအမှု၊စစ်တွေမြို့ မှအုပ်စုဖွဲ့ရမ်းကားမှုတို့ အပါအ၀င် ရခိုင်ပြည်အတွင်းဖြစ်ပွားခဲ့၊ဖြစ်ပွားနေသော အမှုများအတွက် နစ်နာခဲ့ရသည့်ရခိုင်ပြည်သူများအတွက် တရားမျှတမှုရဖို့ အလှမ်းကွာဝေးနေဆဲပင်ဖြစ်ပေတော့သည်။

#BNA#ULA/AA#စစ်ကောင်စီ#ရခိုင်#တရားမျှတရေး#ဘူးသီးတောင်#သူနာပြု#တရားစီရင်ရေး#

https://www.facebook.com/permalink.php?story_fbid=178178617957786&id=107469705028678

Leave a Reply

Your email address will not be published.