အများပြည်သူဖတ်ရှုနိုင်ဖို့အတွက် အခမဲ့ငှားရမ်းဖတ်ရှုနိုင်တဲ့ “စာပေအလင်းအိမ်” အမည်ရှိစာကြည့်တိုက်တစ်ခုကို စစ်တွေမြို့မှာဖွင့်လှစ်ထား

By Voice Of Westland/2022 July 20

အိမ်အရောက် ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုစနစ်နဲ့ အခမဲ့ငှားရမ်းဖတ်ရှုနိူင်တဲ့ “စာပေအလင်းအိမ်”(THE LIGHTHOUSE) အမည်နဲ့ စာကြည့်တိုက်တစ်ခုကို ဝံလက်ဖောင်ဒေးရှင်းကကြီးမှုးပြီး စစ်တွေမြို့ တရားသီးစုရပ်ကွက်မှာရှိတဲ့ ဝံလက်ဖောင်ဒေးရှင်းရုံးမှာ ဖွင့်လှစ်ထားရှိတယ်လို့သိရပါတယ်။

“စာဖတ်တဲ့လူတွေအတွက် အဆင်ပြေလွယ်ကူတဲ့ စနစ်တစ်ခုကို ပံ့ပိုးပေးနိုင်ဖို့ အတွက်ပေါ့နော်။ ခေတ်လူငယ်တွေကို စာဖတ်တဲ့အလေ့အထကိုမြှင့်တင်ပေးချင်တယ်။ စာဖတ်တာကနေ လူမှုသဟဇာတကျပြီးတော့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင် တစ်ခုဖြစ်လာစေချင်တဲ့အတွက်လည်းပါတယ် “လို့ပြောပါတယ်။

ဖွင့်လှစ်ထားတဲ့တာ တစ်လတာနီးပါးကြာနေပြီဖြစ်တဲ့ “စာပေအလင်းအိမ်” စာကြည့်တိုက်မှာ စာအုပ်ပေါင်း လေးထောင်ကျော် ရှိပြီးတော့ စစ်တွေမြို့နယ်က ကျေးရွာတချို့ကိုသွားရောက်ပြီး တစ်ပတ်မှာ စာအုပ်ရေ ၅၀ အုပ်လောက်ကို သွားရောက်ငှားရမ်းဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

စာအုပ်ငှားရမ်းဖတ်လိုတဲ့ စာဖတ်ဝါသနာရှင်တွေအနေနဲ့ လူကိုယ်တိုင် သွားရောက်ငှားစရာမလိုပဲ ဖုန်းဆက်ကာ မိမိငှားရမ်းလိုတဲ့စာအုပ်ကို ပြောလိုက်ရုံဖြင့် အိမ်အရောက်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုစနစ် ကိုလည်း “စာပေအလင်းအိမ်စာကြည့်တိုက်” ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုလည်း ပါဝင်တယ်လို့ စာကြည့်တိုက်မှူး မမြတ်မြတ်က ဆိုပါတယ်။

https://www.facebook.com/VOW2ppl/posts/180165414402844

Leave a Reply

Your email address will not be published.