By Border News Agency/2022 July 01
အနောက်တောင်မုတ်သုန်လေနဲ့အတူ ဇူလိုင်လရဲ့မိုးရေစက်တွေက အငြိုးတကြီး နဲ့ ရွာချလာတော့ ဆောက်လက်စတဲအိမ်လေးတစ်ခုလုံး ရေနစ်သွားပါတော့ တယ်။
တစ်ကိုယ်လုံးစိုရွဲနေတဲ့ခန္ဓာကိုယ်တစ်ခုလုံးချမ်းပြီးတုန်နေပေမယ့် ပစ္စည်းတွေ ရွေ့နေတာမပြီးသေးတော့ အအေးဒဏ်ခံပြီး သယ်ပြောင်းနေရပါတယ်။
ဒီမြင်ကွင်းကတော့ ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ဝါးတောင်စစ်ဘေး ရှောင်စခန်းမှ အသက် ၃၀ ကျော်အရွယ်၊ဒေါ်လှဝင်း(အမည်လွှဲ)ကြုံတွေ့ နေရတာဖြစ်ပါတယ်။
သူမတို့စစ်ဘေးရှောင်စခန်းဟာ ပြီးခဲ့တဲ့မေလ ၂၁ ရက်နေ့က ရုတ်တရက် တိုက် ခဲ့တဲ့လေပြင်းဒဏ်ကြောင်းပြိုပျက်ခဲ့တာကိုပြန်ဆောက်နေကြတာဖြစ်ပါတယ်။
”လေပြင်းကြောင့်ပျက်သွားတော့ ပြန်ဆောက်ဖို့ဘာမှမရှိဘူးလေ။အကူအညီ တွေကရလို့ ပြန်ဆောက်နေတော့ မိုးကရွာချလိုက်ရော့။ဒါကဘယ်လိုလုပ်ပြီး မိုးတွင်းနေလို့မရလဲ။လေတိုက်ရင်ပြိုသွားမှာပေါ့။” လို့ ဒေါ်လှဝင်း(အမည်လွှဲ)က ပစ္စည်းတွေသယ်နေရင်းမိုးရေထဲကနေ လှမ်းပြောပါတယ်။
အဲဒီလိုပြန်ဆောက်တဲ့အချိန်မှာ ယာယီတဲတွေဆောက်ဖို့အတွက်လိုအပ်တဲ့ သစ်၊ဝါး၊ကြိုးစတဲ့ပစ္စည်းတွေလိုအပ်ခဲ့သလို မြေနေရာအတွက်လည်း အခက်ကြုံခဲ့ရ တယ်လို့ဆိုပါတယ်။
အဲဒီမြေနေရာဟာ ရွာသားတချို့ပိုင်လယ်မြေဖြစ်ပြီး သူမတို့စရောက်လာခဲ့ တဲ့၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလကတည်းက အဲဒီနေရာမှာယာယီဆောက်လုပ်ပြီး စစ်ဘေးရှောင်အိမ်ထောင်စု ၁၅၇ စု၊ လူဦးရေ ၈၉၃ ဦး နေထိုင်နေကြတာဖြစ် ပါတယ်။
အဲဒီဝါးတောင်စစ်ဘေးရှောင်စခန်းဟာ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလက မြန်မာစစ် တပ်နဲ့ရက္ခိုင့်တပ်တော် ( AA)တို့ကြား ကျောက်တော်မြို့နယ်မှာ တိုက်ပွဲဖြစ် ပွါးပြီးနောက် ကျောက်တော်မြို့နယ်၊သလူချောင်းအုပ်စုမှ ခမောင်း၊သိမ်ချောင်း၊ကန်ဘိ၊တဲဝ၊လေကွိ၊ငါးစရိုင်းချောင်း၊ပညာဝ၊ကျောက်တန်းစတဲ့ကျေးရွာတွေက ထွက်ပြေးလာကြတဲ့ မြို နဲ့ ရခိုင်လူမျိုးတွေနေထိုင်ကြတာဖြစ်ပါတယ်။
ရခိုင်မှာရက္ခိုင့်တပ်တော်(AA)နဲ့မြန်မာစစ်တပ်တို့ကြား နှစ်နှစ်ကျော်ကြာဖြစ် ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်သုံးသိန်းနီပါးရှိခဲ့ပြီး ခုလက်ရှိ အချိန် ထိ နေရပ်မပြန်နိုင်သေးတဲ့စစ်ဘေးရှောင်တစ်သိန်းနီးပါးရှိနေသေးတယ်လို့ အရပ်ဖက်အဖွဲ့တွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည် သုံးသောင်းနီးပါးနေထိုင်တဲ့ ယာယီနေအိမ်တွေဟာ မိုးရာသီမတိုင်မီ မဖြစ်မနေအမြန်ဆုံးပြုပြင်ပေးဖို့လို အပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းရေးမှူးရုံး(UNOCHA)မှ မေလက ထုတ်ပြန်သတိပေးထားပါတယ်။
မိုးရာသီရောက်နေပေမယ့် ရခိုင်က စစ်ဘေးရှောင်စခန်းတချို့မှာ ယာယီနေ အိမ်တွေဆောက်လုပ်ဖို့၊ပြုပြင်ဖို့လိုအပ်နေတုန်းပဲလို့ ကူညီဆောင်ရွက်ပေး နေသူတွေက ဆိုပါတယ်။
စစ်ဘေးရှောင်များအား ကူညီပေးနေသည့် တိုင်းရင်းသားမျိုးနွယ်စုများ အထော က်အကူပြုကော်မ တီဥက္ကဋ္ဌဦးရွှေဘော်စိန်က”အကုန်လုံးက အဲလိုပါပဲ။အသစ် ပြန်ဆောက်ဖို့လိုနေပါပြီ။ရခိုင်မှာကမိုးများတော့ မိုးရာသီမှာ သဘာဝဘေးဒဏ် ကို ကာကွယ်ဖို့လိုတာပေါ့။” လို့ဆိုပါတယ်။
မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းတွင်တည်ရှိတဲ့ ရခိုင်ပြည်နယ်ဟာ ဆိုင်ကလုန်းမုန်တိုင်းတွေ တိုက်ရိုက်သက်ရောက်နိုင်ပြီး လေပြင်းနဲ့မုန်တိုင်း ဒီရေလှိုင်းတွေ မြင့်တက်မှုများလည်းရှိတာမို့ ထိခိုက်ဆုံရှုံးနိုင်ခြေပိုများပါတယ် လိုဆိုပါတယ်။
အဲဒီအပြင်တောင်ကုန်၊တောင်တန်းများဝန်းရံနေတာမို့ မြေပြိုတာဖြစ်ပွားနိုင် သလို မြစ်ချောင်းတွေအများကြီးရှိနေတာကြောင့်လည်း ကမ်းပါးပြိုတာမျိုးစ တဲ့သဘာဝဘေးအန္တရာယ်တွေလည်း မကြာခဏကျရောက်တတ်တဲ့ ဒေသ တခုပါ။
ကမ္ဘာကြီးပူနွေးလာမှုရဲ့အကျိုးဆက် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို တစ်ကမ္ဘာ လုံးက ခံစားနေရကြရပြီး မြန်မာနိုင်ငံလည်း ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုး ဆက်တွေကို ဆိုးဆိုးဝါးဝါးခံစားရတဲ့ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
အထူးသဖြင့် ရာသီဥတုပြောင်းလဲမှုရဲ့အကျိုးဆက်များဖြစ်တဲ့ မုန်တိုင်း ပိုမိုဝင် ရောက်လာခြင်း၊မိုးရွာသွန်းမှုပုံစံပြောင်းလဲလာခြင်း၊ရေကြီးခြင်း၊မြေပြိုခြင်း၊အပူချိန်တိုးခြင်းစတဲ့ အကျိုးဆက်တွေလည်း
ကြိုတင်ပြဆင်မှုအားနည်းတဲ့အခါ ပိုမိုခံစားရမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဟာ မိုးများတဲ့ဒေသတစ်ခုဖြစ်ပြီး UN-Habitat နဲ့ UK aid တို့ ပူးပေါင်းပြုစုထားတဲ့ မြန်မာနိုင်ငံရဲ့ Climate Profile မှာ ပါရှိထားချက်အရ ဆိုရင် ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့ နယ်တစ်ခုတည်းရဲ့ မိုးရေချိန်ဟာ ၁၉၈ ၁ ကနေ ၂၀၁၀ အထိ နှစ်စဉ်ရွာသွန်းတဲ့ မိုးရေချိန်ဟာ တချို့နှစ်တွေမှာ နှစ်ဆ နီးပါး မြင့်တက်လာတာကို တွေ့ရပါတယ်။
အထူးသဖြင့် ၁၉၉၈ နောက်ပိုင်း ရွာသွန်းမိုးရေချိန် တဖြည်းဖြည်းမြင့်တက်လာ တာ ကိုတွေ့ရပြီး မိုးရွာသွန်းမှုပမာဏများတဲ့ ရက်တွေလည်းတဖြည်းဖြည်း တိုးလာတယ်လို့ ဖော်ပြထားတယ်။
ဘူးသီးတောင်မြို့နယ်၊ရန်အောင်မြေစစ်ဘေးရှောင်စခန်းအနီးရှိ မိုးများပြီး တောင်မြေပြိုကျမှုတစ်ခု ဇွန်လ ၂၃ ရ က်နေ့ကဖြစ်ပေါ်ခဲ့ကာ အဲဒီတောင် မြေပြို မှုကြောင့် စစ်ဘေးရှောင်စခန်းတချို့အိမ်အနည်းငယ်ပျက်စီးသွားခဲ့တယ်လို့ စစ်ဘေးရှောင်တွေကဆိုပါတယ်။
ဒီနှစ်ဧပြီလ တတိယအပတ်က ရုတ်တရက်တိုက်ခတ်ခဲ့တဲ့လေပြင်းကြောင့် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊စစ်တွေ၊မြောက်ဦး၊ကျောက်တော်၊ပေါက်တောစတဲ့ မြို့နယ်တွေမှာစစ်ဘေးရှောင်စခန်းတွေ၊လူနေအိမ်တွေ အပါအဝင် စာသင်ကျောင်းတချို့လည်း ပျက်စီးသွားခဲ့ပါတယ်။
နောက်ထပ်ပြီး မေလ ၂၁ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ထပ်မံ ပျက်စီးသွားတာမို့ စစ်ဘေးရှောင်စခန်းတချို့မှာ နေအိမ်တွေမဖြစ်မနေ ပြန် ဆောက်ရမယ့်အခြေအနေဖြစ်သွားပါတယ်။
ဒါပေမယ့် အဲဒီလိုပျက်စီးသွားတဲ့စစ်ဘေးရှောင်စခန်းတွေကို ပြန်မဆောက် နိုင်သေးတဲ့အပြင်ပြန်လည်ပြုပြင်ဖို့အကူအညီတွေမရသေးတာမို့ မိုးရာသီ မှာကြုံတွေ့ရမယ့် သဘာဝဘေးအန္တရာယ်တွေအတွက် ကြီးမားတဲ့စိန်ခေါ်မှု တွေနဲ့ကြုံတွေ့နေရတယ်လို့စစ်ဘေးရှောင်စခန်းတာဝန်ခံတွေကဆိုပါတယ်။
နောက်ပြီးအဲဒီယာယီနေအိမ်တွေဟာတစ်နှစ်တစ်ကြိမ်ခန့်ပုံမှန်မပြုပြင်နိုင်ခဲ့တာမို့ မိုးရာသီသဘာဝဘေးဒဏ်ကိုခံနိုင်အောင်ထိ ခိုင်ခံ့မှုမရှိတော့ဘူးလို့လည်း စစ်ဘေးရှောင်တွေအရေးကူညီပေးနေသူတွေက ဆိုကြပါတယ်။
“ဝါးတိုင်နဲ့ ဆောက်ထားတဲ့ အိမ်တွေက နှစ်နှစ်၊သုံးနှစ်လောက်ဆိုရင် မရတော့ ဘူးလေ။ခြေရင်းတွေဆွေး၊ပိုးတွေ စားပြီးတော့ အဲလိုမျိုးတွေ ဖြစ်တယ်လေ။လေနည်းနည်းလေး တိုက်ရင်ကို ပျက်မယ့်အခြေအနေပါ။”လို့ လေပြင်းကြောင့် စစ်ဘေးရှောင်နေအိမ်တစ်ရာကျော် ပျက်စီးခဲ့ရတဲ့ မြောက်ဦးမြို့ရှိ မြို့ဦးဂေါင်း စစ်ရှောင်စခန်းမှ ဆရာတော်က မိန့်ကြားပါတယ်။
တခါတရံမှသာတိုက်ခတ်လေ့ရှိတဲ့ နွေ ရာသီ မိုးကြိုလေပြင်းကြောင့် ခုလိုပျ က်စီးသွားခဲ့ရင် မိုးရာသီမှာကြုံတွေ့ရမယ့် သဘာဝဘေးအန္တရာယ်တွေအတွက် စစ်ရှောင်ပြည်သူတွေအဖို့ မတွေးရဲစရာပဲလို့ ဆရာတော်က ဆက်ပြီးမိန့်ကြား ပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေအတွက် မိုးရာသီ မှာနောက်ထပ် သဘာဝဘေးဒဏ်ကို ရင် ဆိုင်ကြုံတွေ့လာရင် တပူပေါ်နှစ်ပူ ဆင့်ပြီးထပ်မံဒုက္ခမရောက်စေရေးအတွက်စစ်ဘေးရှောင်နေအိမ်တွေကို ခိုင်ခိုင် ခန့်ခန့်ပြန်ဆောက်ပေးဖို့နဲ့သဘာဝဘေး အန္တရာယ်တွေအတွက်လည်း ကြိုတင် ပြင်ဆင်ထားကြဖို့ တာဝန်ရှိသူတွေနဲ့ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆရာတော်ကတောင်းဆိုထားပါတယ်။
ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအားလုံးနီးပါးမှာ ဒေသတွင်းအရပ်ဖက်ကူညီရေး အဖွဲ့အစည်းတွေ၊နိုင်ငံတကာကူညီရေးအဖွဲ့အချို့ရဲ့ကူညီထောက်ပံ့မှု အနည်း ငယ်နဲ့သာ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားကြတာဖြစ်ပါတယ်။
ရခိုင်ကစစ်ဘေးရှောင်တွေအတွက် NL Dအစိုးရလက်ထက်ကတည်းက ပုဏ္ဏားကျွန်း၊ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်မှာ ယာယီအဆောင် တချို့ရှိပေမယ့် အဲဒီနေရာအားလုံးဟာ လယ်ကွင်းပြင်ကြီးတွေမှာ ဆောက် လုပ်ထားတာမို့မိုးရာသီမှာရေနစ်မြုပ်သလို နွေရာသီမှာ ရေရှားပါးမှုစတဲ့ သဘာဝဘေးဒဏ်တွေကို ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ အဲဒီစခန်းတွေရှိ စစ်ဘေးရှောင်တွေကဆိုပါတယ်။
“အလှူငွေတွေနဲ့ကိုယ်ထူကိုယ်ထဆောက်ထားကြတာလေ။ရန်ပုံငွေလည်း မရှိတော့ အသစ်ပြန်မဆောက်ပေးနိုင်ဘူးသဘာဝဘေးဒဏ်ကိုပိုပြီးစိုးရိမ်တာပေါ့။”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ မြို့ဦးဂေါင်းဆရာတော်က မိန့်ကြားပါတယ်။
ရခိုင်ရှိစစ်ဘေးရှောင်စခန်းအများစုမှာကိုယ်ထူကိုယ်ထဆောက်လုပ်ထားကြတာမို့ တာလပတ်မိုး၊တာလပတ်ကာ၊တချို့မှာ ဓနိမိုး၊ဝါးထရံကာတွေသာဖြစ်တယ် လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။
အဲဒီဓနိ၊ဝါးထရံတွေ၊တာလပတ်တွေမှာလည်း ရာသီဥတုဒဏ်ကြောင့် ပျက်စီး၊ဆွေးမြေ့နေကြပြီတာမို့ မိုးရာသီမှာ သဘာဝဘေးဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး လို့လည်း စစ်ဘေးရှောင်တွေကဆိုပါတယ်။
“တာလပတ်တွေအကုန်ဆွေးနေပြီ။အိမ်တိုင်းက မိုးယိုတာပါပဲ။ဝါးတွေဆိုရင် လည်း အဲလိုပဲ။ဒါပေမယ့် ပြန်ဆောက်ဖို့ ပိုက်ဆံဘယ်ကရမလဲ။စားဖို့တောင် အ နိုင်နိုင်လေ။ဘယ်လိုလုပ်ပြီးမိုးရာသီသဘာဝဘေးဒဏ်ခံနိုင်မလဲ။” လို့သုံးနှစ် ကျော်သက်တမ်းရှိပြီဖြစ်တဲ့ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ ဒေါ်မအေးခင်က ပြောပါတယ်။
ခုမိုးရာသီမှာ လေပြင်တွေတိုက်ရင် စစ်ဘေးရှောင်နေအိမ်တွေ ပြိုလဲကျသွား မှာကို စိုးရိမ်နေမိတယ်လို့ မြို့ဦးဂေါင်းစစ်ဘေးရှောင်စခန်းမှ ဒေါ်မအောင်မြင့်က ရင်ဖွင့်ပါတယ်။
“လေတိုက်ရင် အိမ်တွေ ပြိုကျသွားမှာကို ကြောက်တယ်။အခုလည်း ဘေးနားက အိမ်တစ်အိမ်ကို မှီနေတယ်။အဲဒီအိမ်ပြိုရင် အကုန်လုံးပြိုကျသွားမှာ။အယပ် (အဖီ)တွေလည်း ပြိုဆင်းသွားတယ်လေ။မိုးရာသီမှာဘယ်လိုခံနိုင်မလဲ” လို့
သူမက ဆိုပါတယ်။
ရခိုင်ပြည်နယ်ဟာ ခေတ်အဆက်ဆက်သဘာဝဘေး အန္တရာယ်ရဲ့ သက်ရောက် မှုဒဏ်တွေကိုကြုံတွေ့ခံစားခဲ့ကြရပြီး၂၀၀၄၊၂၀၀၆၊၂၀၀၇ ခုနှစ်တွေမှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် မိုးကြီးပြီးရေလွှမ်းမိုးမှုဘေးဒဏ်ကို ရင်ဆိုင်ခံစား ခဲ့ကြရပါတယ်။
နောက်ပြီး ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုကြောင့်၂၀၀၆ ခုနှစ်မှာ မာလာမုန် တိုင်း၊၂၀၁၀ပြည့်နှစ်မှာဂီရီမုန်တိုင်းနဲ့၂၀၁၅ ခုနှစ်မှာ ကိုမာန်ဆိုင် ကလုန်းမုန် တိုင်းတိုက်ခတ်မှုသဘာဝဘေးအန္တရာ ယ်ကိုကြုံတွေ့ခဲ့ကြရသလို လူတွေထိခို က်သေဆုံးပြီးလူနေအိမ်တွေအပါအဝင် တခြားပျက်စီးဆုံးရှုံးမှု တွေလည်း အများကြီးဖြစ်ခဲ့ပါတယ်။
ခုလည်းသဘောဝဘေးအန္တရာယ်တွေကြောင့် မိုးရာသီမှာ စစ်ဘေးရှောင်စခ န်းတွေက စစ်ဘေးရှောင်နေအိမ်တွေ ပျက်စီးမယ်ဆိုရင် ဆုံးရှုံးစရာရုပ်ဝတ္တု မည်မည်ရရမရှိပေမယ့် စခန်းရှိ သက် ကြီးရွယ်အိုတွေ၊ကလေးသူငယ်တွေ၊မသန်စွမ်းတွေ၊ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေနဲ့ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတယ်လို့ စစ်ဘေးရှောင်တွေက ပြောကြပါ တယ်။
စစ်ဘေးရှောင်နေအိမ်တွေအားလုံး အ မိုးအကာလုံလုံခြုံခြုံဖြစ်ပြီးခိုင်ခန့် နေအောင် ဆောက်လုပ်ပေးဖို့လိုပြီး မထင် မှတ်တဲ့သဘာဝဘေးအန္တရာယ် တွေကျရောက်လာရင် အဆင့်သင့်နားခိုနိုင်ဖို့နေရာတွေကိုလည်း အစိုးရက ကြိုတင်စီစဉ်ဆောင်ရွက်ထားသင့်တယ်လို့မြောက်ဦးမြို့မှ လူမှုရေးလုပ်ငန်းတွေ
ကူညီလုပ်ဆောင်နေတဲ့ ဒေါက်တာအေးမောင်ဇံက ထောက်ပြပါတယ်။
“မိုးမလုံရင် ဖျားတယ်။နာတယ် ဖြစ်လာနိုင်တယ်။ရုတ်တရက် လေတွေတိုက်ပြီး စခန်းတွေလည်းပြိုပျက်သွားနိုင်တာပေါ့။ဒါကြောင့်သဘာဝဘေးဒဏ်အတွ က်ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။”လို့ သူက ဆိုပါတယ်။
ဒါကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် တိုင်းပြည်အာဏာကို ရယူထားတဲ့ အစိုးရတစ်ရပ်ရဲ့တာဝန်ဖြစ်ပြီး တာဝန်ယူ ဆောင်ရွက်ပေးရန်လိုအပ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က ထောက်ပြတောင်းဆိုထားပါတယ်။
“တာဝန်အရှိဆုံး ပုဂ္ဂိုလ်က အစိုးရပဲလေ ။သူတို့ပဲတာဝန်ယူလုပ်ဆောင်ထား ရမှာပါ။လို့ သူက ဆိုပါတယ်။
ဒါပေမယ့်တကယ့်လက်တွေ့မြေပြင်မှာတော့ အာဏာသိမ်းစစ်အစိုးရက ကူညီ ဆောင်ရွက်ပေးနေတာတွေ၊ကြိုတင်ပြင်ဆင်နေတာတွေကို မတွေ့ရသေးဘူး လို့လည်း ဦးထွန်းသာစိန်က ပြောပါတယ်။
ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက လေပြင်းကြောင့် ပျက်စီး သွားတဲ့ စစ်ရှောင်နေအိမ်တွေကိုပြင်ဆင်ပေးဖို့ ညွှန်ကြားထားသလို ရခိုင်ပြည် နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်တက်ရောက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်အော က်ခံ ပြည်နယ်စစ်ကောင်စီက ဇွန်လ ၂၂ရက်နေ့က’ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရဲ့ညှိနှိုင်းအစည်းအဝေး’တစ်ခုကို စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမမှာ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီအစည်းအဝေးမှာ”မိမိဒေသရှိပြည်သူများအတွက် သဘာဝဘေးအန္တရာယ် များ ကျရောက်ခဲ့ပါက ထိခိုက်မှုနည်း ပါးစေရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြဖို့”စစ်ကောင်စီဝန်ကြီး ချုပ်ကပြောခဲ့ပေမယ့် မြေပြင်မှာ ထိရောက်တဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ကူညီပေးမှုမျိုးမရှိဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“မြို့နယ်အုပ်ချုပ်ရေးက ပြင်ပေးတာ၊ ထောက်ပံ့တာမျိုးမရှိပါဘူး။ပျက်သွားနေ တဲ့အိမ်တွေကို ပြင်မပေးတဲ့အပြင် ပြဿနာရှာတာတွေတောင်ရှိတယ်။” ဟု စစ်ရှောင်တစ်ဦးက ပြောပြပါတယ်။
အဲဒီအပြင် နိုင်ငံတကာကူညီရေးအဖွဲ့တွေကို လွတ်လွတ်လပ်လပ်ကူညီခွင့်ရရန် လည်း လမ်းဖွင့်ပေးသင့်တယ်လို့ ဦးထွန်းသာစိန်က အစိုးရကို တိုက်တွန်းထားပါ တယ်။
လက်ရှိမှာ နိုင်ငံတကာကူညီရေးအဖွဲ့တွေက စစ်ဘေးရှောင်တွေကို တစ်စုံ တရာအထောက်အပံ့ပေးမယ်ဆိုရင်အာဏာသိမ်းစစ်အစိုးရဆီက ခွင့်ပြုချက် ရမှသာ ကူညီပေးရတယ်လို့ ဆိုပါတယ်။
“အိမ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးဆိုတဲ့အတွက် ဆက်လက်ပြီးတော့ အဲဒီမှာ နေရမယ်။မကူညီဘူး။နေအိမ်သစ်ဆောက်မပေးဘူးဆိုရင်တော့ သူတို့ဟာ အခုမိုးရာသီကာလအတွက် မလွယ်ဘူး။သဘာဝဘေးအန္တရာယ်တွေက လည်းစိုးရိမ်ရတာကို–”လို့ သူက ဆက်ပြောပါတယ်။
ရခိုင်က စစ်ဘေးရှောင်တွေအတွက် မိုးရာသီမှာ သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံနိုင်တဲ့နေစရာနေအိမ်တစ်ခုတည်းသာအခက်အခဲရှိတာမဟုတ်ဘဲ။အဲ့ဒီသဘာဝ ဘေးအန္တရာယ်တွေနဲ့အတူပါလာတတ်တဲ့ ကျန်းမာရေးပြဿနာတွေအတွက် ကြိုတင်ကာကွယ်မှုတွေလိုအပ်တယ်လို့ စစ်ဘေးရှောင်တွေကဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အငြိုးတကြီးနဲ့ရွာချနေတဲ့ ဇူလိုင်လရဲ့ရခိုင်မိုးကတော့ မိုးကောင်းကင်ကြီးပေါက်ထွက်လာသလားထင်ရသလိုဆောက်လက်စ ယာယီ တဲကလေးကတော့ ရိုးတဲကျဲနေတဲ့သစ်ပင်လိုဖြစ်နေပြီးနေမင်းထွက်လာမယ့် အချိန်ကိုမျှော်နေချိန်မှာကျောက်တော်မြို့မယ်၊ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ဒေါ်လှဝင်းကတော့”မိုးရာသီမှာလေတိုက်ပြီးနေအိမ်ပြိုမှာစိုးရသလိုရေကြီးပြီးနစ်မှာလည်စိုးရိမ်နေရပါတယ်။ ခုက ရေမသန့်တော့ကလေးတွေလည်း ဝမ်းရောဂါဖြစ်နေကြပါတယ်။”ဟု ဆိုပါတယ်။
#BNA#Feature#ရခိုင်#စစ်ဘေးရှောင်#ClimateChange#စစ်တပ်# အာဏာသိမ်းမှု#