ဝါဆိုလပြည့်နေ့မှာ ရွှေပြည်တန်အမြန်ယာဉ်လိုင်းအားလုံး ရပ်နားမည်

By Voice Of Westland/2022 July 07

လာမယ့် ဇူလိုင်လ ၁၂ရက်နေ့ဟာ ဝါဆိုလပြည့်နေ့ဖြစ်တဲ့အတွက် ရခိုင်တစ်ပြည်နယ်အနှံ့ ပြေးဆွဲနေတဲ့ ရွှေပြည်တန်အမြန်ယာဉ်တွေအားလုံးကို ရပ်နားသွားမယ်လို့ ရွှေပြည်တန်အမြန်ရေယာဉ်မန်နေဂျာ ဦးစံမော်သိန်းက VOWကိုပြောပါတယ်။

“ကျွန်တော်တို့ ရခိုင်တစ်ပြည်နယ်လုံးက ရွှေပြည်တန်ခရီးစဉ်အားလုံး လပြည့်နေ့တစ်ရက်ပိတ်သွားမှာပါ” လို့သူကပြောပါတယ်။

ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူး၊နေ့မြတ်ဖြစ်တာကြောင့် အဲဒီနေ့တစ်ရက်ကို ပိတ်ပင်ရတာဖြစ်တယ်လို့ ဦးစံမော်သိန်းက ဆက်လက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က စစ်တွေမြို့မှာ မြန်မာစစ်တပ်က ရေတပ်အရာရှိတစ်ယောက်၊တပ်သားတစ်ယောက်နဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်တို့ကို AA က ဖမ်းဆီးသွားပြီးနောက် ဇွန်လ ၂၄ ရက်နေ့ကစပြီး ရေကြောင်းလမ်းပြေးဆွဲမှုအားလုံးကို ပိတ်ပင်လိုက်ပြီး အခုလ ဇူလိုင်လ ၂ ရက်နေ့မှာ ပြန်ဖွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။

https://www.facebook.com/VOW2ppl/posts/177486768004042

Leave a Reply

Your email address will not be published.