“လူစိတ်မရှိသူများကြောင့် ပန်းကောင်း အညွှန့်ချိုးခံနေရသူများ ဖြစ်မလာစေဖို့”

By Voice Of Westland/2022 July 17

သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှု နှင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တစ်နေ့ ထက် တနေ့များလာတဲ့အပေါ် ပူပင်သောကများနှင့် ရင်ဆိုင်ကြုံတွေ့လာကြရ၍ ‘’Justice for Victoria” ဆိုပြီး သက်ငယ်မုဒိမ်းမှုပပျောက်ရေး လှုပ်ရှားမှုကို တစ်ချိန်က မြန်မာနိုင်ငံ၌ ထောင်ချီသောလူထုက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှုများရှိခဲ့ကြပါသည်။ သို့ပါသော်လည်း မြန်မာနိုင်ငံတစ်ဝန်းမှာ သက်ငယ် မုဒိမ်းမှုက ပပျောက်မသွားဘဲ ဖြစ်စဉ်ပိုများလာနေသလို စာရေးသူတို့ ရခိုင်ဒေသမှာလည်း တနှစ်ထက် တနှစ် သက်ငယ်မုဒိမ်းမှုဖြစ်စဉ်များ ပိုမိုများပြားလာခြင်းကြောင့် ပြည်သူများ စိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်နေကြရပါသည်။ သက်ငယ်မုဒိမ်းဖြစ်ပွားရခြင်းသည် ကျူးလွန်သူများက ကိုယ်ကျင့်တရားဆိုင်ရာ စောင့်စည်းထိန်းသိမ်းမှုများပျက်ယွင်းလာနေခြင်းဖြစ်ပြီး ဖြစ်စဉ်များကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ ရိုက်ခတ်မှုတစ်ခုအနေနှင့် စိတ်ကသိကအောက်ဖြစ်နေကြရပါသည်။ သက်ငယ်မုဒိမ်းမှုများ အဖြစ်များ လာခြင်းအကြောင်းရင်းကို ဆန်းစစ်ကြည့်ပါလျင် အနေနီးစပ်ခြင်း၊ ယုံကြည်မှုလွန်ကဲခြင်း၊ အဖော်မဲ့ သွားလာခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်း၊ အခွင့်အရေးရခြင်း၊ အရက်သေစာနှင့် မူးယစ်ဆေးဝါးသုံးစွဲ ထားခြင်း .စသည့် အချက်များကြောင့် ဖြစ်ပွားနေရခြင်းဆိုသည်ကို တွေ့မြင်နေရပါသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၀) ရက်နေ့က ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်တွင် သက်ငယ်မုဒိမ်းမှုတစ် ခုဖြစ်ပွားခဲ့သည်။ ကျူးလွန်ခံရသူမှာ တောင်ကုတ်မြို့နယ် ချောင်းသုံးခွကျေးရွာမှ ၉ နှစ်အရွယ် တတိ ယတန်းကျောင်းသူဖြစ်ပြီး ကျူးလွန်သူမှာ သူမ၏အစ်မယောက်ကျာ်းဖြစ်နေရသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ဝ ရက်ကလည်း ကျောက်ဖြူမြို့တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ရေမြောင်း အတွင်း ဆော့ကစားနေစဉ် တစ်ရပ်ကွက်တည်းနေ ၁၄ နှစ်အရွယ် လူငယ်တစ်ဦး၏ အဓမ္မပြုကျင့်ခြင်း ကိုခံလိုက်ရသည်။ သက်ငယ်မုဒိမ်းကျူးလွန်သူများသည် အလွန်ယုတ်မာခြင်းဖြစ်ပြီး ဘာမှ မသိရှိနား မလည်သေးသည့် ကလေးတစ်ဦး၏ဘဝကို စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပျက်စီးနစ်မွန်းအောင် ပန်းကေင်း အညွှန့်ချိုး ပြုလုပ်လိုက်ခြင်းဖြစ်သည်။ အမှန်က သက်ငယ်မုဒိမ်းမှုကျူးလွန်ခြင်းဆိုသည်မှာ မဖြစ်သင့် သည့် ကိစ္စတခု။ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသည့် ကလေးအနေနှင့် ယောက်ျားလေးဖြစ်ဖြစ် မိန်းက လေးဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာဒဏ်ရာရရှိသွားပြီး တချို့တလေ တသက်လုံး လူ တောမတိုးဝံ့တော့သည်အထိ ဖြစ်သွားတတ်ပါသည်။

(၂)

ဉပဒေရေးရာကုစားရေးအဖွဲ့ (Legal Clinic Myanmar)၏ စာရင်းများအရ ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း သက်ငယ်မုဒိမ်းမှု (၅)မှုသာ ဖြစ်ပွားခဲ့သော်လည်း၂၀၂၀ ခုနှစ်တွင် အမှု (၂၀)ထိ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ သက်ငယ်မုဒိမ်းမှုကျူးလွန်သူများအနက် ပထွေး များနှင့် ဆွေမျိုး တော်စပ်သူများမှ အခွင့်အရေးရယူမှုရှိသကဲ့သို့ ဖခင်ရင်းများပင် ကျူးလွန်ကြောင်းကို တွေ့ရှိရပြီး သူစိမ်းအမျိုးသားများက ကျူးလွန်မှုအများဆုံးဖြစ်ကြောင်း၊ ထို့ပြင် နေ့အချိန်တွင် ကျေးရွာ များ၌ အများဆုံးဖြစ်ပွားခဲ့ကြောင်းနှင့် ကျူးလွန်ခံရသည့် အကြောင်းရင်းများတွင် ကလေးသူငယ်များ အပေါ် အဓမ္မပြုကျင့်မှုများ အများဆုံးဖြစ်ပွားနေကြောင်းကို အွန်လိုင်းပေါ်တွင် ဖတ်ရှုနေရပါသည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု လျော့နည်းကျဆင်းစေရန်နှင့် အမျိုးသမီးငယ်များ လိင်အကြမ်းဖက်မှု၏ သားကောင်များမဖြစ်စေရန် အဘက်ဘက်မှ ဆန်းစစ်ကာ ကြိုတင်စီမံကာကွယ်မှု အပိုင်းကို အလေးအနက်ထား လုပ်ဆောင်ပေးသင့်ပါကြောင်းကို ဉပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ – LCM) ရခိုင်ပြည်နယ်တာဝန်ခံရှေ့နေ ဒေါ်မြသူဇာက’’ ရခိုင်‌‌ဒေသမှာ တစ်နှစ်ထက်တနှစ် သက် ငယ်မုဒိမ်းမှုက များပြားလာတာကို ကျွန်မတို့တွေ့မြင်နေရတယ်။ ရင်းနှီးကျွမ်းဝင်တဲ့ မိသားစုဝင်တွေက အခွင့်ကောင်းယူပြီး သက်ငယ်မုဒိမ်းမှုတွေက အများဆုံးကျူးလွန်မှု ဖြစ်တတ်ကြပါတယ်။ မိဘတွေက ဆင်းရဲမွဲတေမှုကြောင့် ဈေးထွက်ရောင်းရတာတွေ၊ မိသားစုဝမ်းရေးအတွက် ဒီအပြင် တခြားအလုပ် တွေကို လုပ်ကိုင်ကြရတဲ့အချိန်တွေမှာ ကိုယ့်ရဲ့ကလေးငယ်တွေကို စိတ်မချပေမဲ့ ထားခဲ့ရတယ်။ ဒါကို ရင်းနှီးကျွမ်းဝင်တဲ့ မိသားစုဝင်တွေက သက်ငယ်မုဒိမ်းမှုကို ကျူးလွန်မှု ဖြစ်ပွားတတ်ပါတယ်။ နယ်ဘက်တွေမှာဆိုရင် ကလေးငယ်တွေကို ပုဒ်မ(၃၇၆)၊ ၅၁၁ အရ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့ကြိုးစား အားထုတ်မှုတွေရှိခဲ့ပေမဲ့ ကျူးလွန်ခဲ့သူတွေဟာ မိသားစုဝင်ဖြစ်နေခြင်း၊ ရင်းနှီးကျွမ်းဝင်သူတွေ ဖြစ်နေ ခြင်းတို့ကြောင့် အရှက်ရမည်ဟုဆိုကာ အမှုဖွင့်တိုင်တန်းခြင်းမပြုဘဲ မိသားစုအချင်းချင်း လူမှူရေးအရ ဖြေရှင်းခြင်း၊ ရိုးရာဓလေ့အရ ဖြေရှင်းခြင်းတွေ ရှိနေတတ်ကြပါတယ်။

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့ ကြိုးစားခံခဲ့ရတဲ့ကလေးဟာဆိုရင် ထိုလူကြီးကိုမြင်တိုင်း စိတ်ပိုင်းဆိုင်ရာ ခံစားမှု အမြဲတမ်းရှိနေတာကို ကျွန်မတွေ့ကြုံခဲ့ရတဲ့ အမှုတစ်ခုမှာ မြင်တွေ့ခဲ့ရပါတယ်။ တချို့ဆိုပါရင် ငယ်ရွယ်စဉ်မှာ သက်ငယ်မု ဒိမ်းမှုကျူးလွန်ခံလိုက်ရလို့ တစ်သက်လုံး စိတ်ခြိမ်းခြောက်မှု၊စိတ်ဒဏ်ရာတွေ ရှိနေတတ်ရပါသည်။ ဒါ ကြောင့် ကြိုတင်ကာကွယ်ရေး ၊ကျူးလွန်ခံရတဲ့ ကလေးသူငယ်တွေအတွက် ကျန်းမာရေး၊စိတ်ပိုင်း ၊ရုပ် ပိုင်းစောင့်ရှောက်မှုနဲ့ ဉပဒေကြောင်းအရ ကူညီပံ့ပိုးပေးဖို့တွေ လိုအပ်ပါတယ်။ ကျွန်မတို့ ဉပဒေရေးရာ ကုစားရေးအဖွဲ့ (Legal Clinic Myanmar)က ဉပဒေကြောင်းအရ နှစ်သိမ့်မှုတွေပေးနေသလို တခြား သော INGO တွေကလည်း ကလေးသူငယ်ဉပဒေအခွင့်အရေးကို သင်တန်းတွေ ပို့ချပေးနေ ကြပါတယ်။ ကလေးသူငယ်တွေ လိင်အမြတ်ထုတ်မှုတွေမဖြစ်ပွားရအောင် အချိန်နဲ့တပြေးညီ စောင့်ကြည့်ကာကွယ် ပေးတဲ့ ယန္တရားတွေလည်း ရှိနေဖို့လိုအပ်နေပါသေးတယ်’’ ဆိုပြီး ပြောဆိုထားပါတယ်။

(၃)

လူမှုအသိုငျးဝိုငျး၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု (Domestic Violent)သည် အိမ်တွင်းမှာ ဖြစ် စေ လုပ်ငန်းခွင်နှင့် အများပြည်သူဆိုင်ရာနေရာတွေမှာမကျန် ဖြစ်ပွားနေသည်။ အကြမ်းဖက်ကင်းသော မိသားစုဘဝများဆီသို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပျောက်ရေး ဉပဒေဖြင့် ကာကွယ်ပေးနိုင်ဖို့ ဉပဒေနှင့်တရားစီရင်ရေး တိုးမြှင့်ဖော်ဆောင်ခြင်းသာမက မြန်မာလူ့အဖွဲ့အစည်းအတွင်းရှိ အမျိုးသမီး နှင့်မိန်းကလေးများအပေါ် လေးစားတန်ဖိုးထားတတ်ရန်လည်း လိုအပ်ကြောင်းကို သူမက ‘’ တစ်ချိန်က ကိုယ်အိမ်တွင်းရေးပြဿနာကို ဘယ်သူကိုမှမပြောသင့်ဆိုပြီး ရှေးရိုးစွဲအဖြစ် လက်ကိုင်ထားခဲ့ကြပေမဲ့ ဒီကနေ့အချိန်မှာ ဉပဒေအကြောင်းကိုနားလည်ပြီး ကူညီသူတွေရှိလာနေလို့ အမျိုးသမီးများအပေါ် အ ကြမ်းဖက်မှုကာကွယ်ပေးနိုင်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုရှိမှသာ ပြည်သူတွေ ရဲ့လူမှုစီးပွားဘ၀ ဖွံဖြိုးတိုးတက်လာမှာဖြစ်တယ် ‘’ဆိုပြီးလည်း ပြောဆိုထားပါသေးသည်။

လိင်စိတ်ကြွစေသော ဓာတ်ပုံများ၊ ဗီဒီယိုများ၊ လိင်ဇာတတ်ကားများ၊ ညစ်ညမ်းစာပေများသည် အင် တာနက်တွင် ပျံ့နှံ့၍လာခဲ့ခြင်းသည်လည်း သွေးဆူလွယ်သောတို့အတွက် မုံယိုနေသော ဆင်များကဲ့သို့ ဆင်ခြင်တုံတရား နည်းပါးလာပြီး မိမိ၏ထကြွလာသော လိင်စိတ်ကိုဖြေဖျောက်ရန် မိမိနှင့်နီးစပ်သူ များကို ပစ်မှတ်အဖြစ်ထားရှိလာခဲ့ကြခြင်းကြောင့် သက်ငယ်မုဒိမ်းမှုဖြစ်လာရခြင်းဟု ဆိုရပေမည်။ မူး ယစ်ဆေးဝါးသုံးစွဲခြင်းသည် သက်ငယ်မုဒိမ်းမှုဖြစ်ပွားရခြင်း အဓိကအချက်မဟုတ်ပါသော်လည်း အ ကြောင်းခံတစ်ခုအဖြစ်ရှိနေရသည်။

ရခိုင်အမြိုးသမီးကွန်ရက်ဉက္ကဌ ဒေါ်ညိုအေးက ‘’ ဒီလို သက်ငယ်မုဒိန်းမှုဆိုတာကို အရင်က အန်တီတို့ မကြားဖူးဘူး။ အခုနောက်ပိုင်းမှာမှ မကြာခဏ ကြားသိလာနေရတယ်။ အခုချိန် ရခိုင်ဒေသမှာ သက် ငယ်မုဒိမ်းမှုက ခပ်စိပ်စိပ်ဆိုသလို တစ်လ၊ နှစ်လအတွင်း ရခိုင်ဒေသမှာ ဖြစ်ပွားမှုရှိလာနေရတယ်။ အ ရပ်ဘက်လူ့အဖွဲ့အစည်းတွေက လိင်အသိပညာပေးတွေ၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အ ခွင့်ရေးအကြောင်းတွေကို မျှဝေပေးနေပြီး လိင်ပညာပေးဇာတ်လမ်းတိုတွေ ပြသပေးနေပေမဲ့ လိင်အ ကြမ်းဖက်မှုတွေ နည်းမသွားဘဲ များလာနေရတာက ကိုယ့်လူဘောင်အဖွဲ့အစည်းအတွက် အလားအလာ မကောင်းဘူး။ ကျူးလွန်သူတွေကို ယုတ်မာရက်စက်တယ်လို့ အန်တီကတော့ ဆိုချင်တယ်။ တောင် ကုတ်မြို့က ဖြစ်စဉ်ဆိုရင် ကျူးလွန်ခံရတဲ့ ကလေးငယ်ဟာ အသက် ၉ နှစ်အရွယ်ဆိုတော့ ကျူး လွန်သူရဲ့ သမီးအရွယ်။နှမအရွယ်ကလေးငယ်ရှိနေရပါတယ်။ အန်တီတို့ ရခိုင်လူမျိုးတွေဟာ ဘာသာတရားကို ကိုင်းရှိုင်းလို့ ရိုင်းစိုင်းတဲ့လူမျိုးမဟုတ်ကြပေမဲ့ ဘာကြောင့် အခုလိုအဖြစ်ပျက်တွေ ခပ်စိပ်စိပ်ဖြစ်လာ ရသလဲဆိုတာကို ဆန်းစစ်ဖို့ လိုအပ်နေပါပြီ။

(၄)

ဝိသမလောဘကြောင့်စိတ်ကြွဆေးရောင်းချနေတဲ့ မူးယစ်ဆေးဝါးရောင်းနေတဲ့လူတွေကို အပြစ်ပြောရ မလား။ အကြံပြုချင်တာတစ်ခုက စီးပွားရေးလုပ်ပါ။ ဒါပေမဲ့ ဝိသမစီးပွားရေးဖြစ်မစေဖို့ လိုပါတယ်။ တချို့ဆိုရင် အင်တာနက်ကနေ မဟုတ်တဲ့ကားတွေကို ကြည့်ရှုနေတတ်ခြင်းကြောင့်လည်း ဒီလို သက် ငယ်မုဒိမ်းမှုဖြစ်စဉ်တွေ ဖြစ်လာနေရခြင်းလား’’ ဆိုပြီး သူ့အမြင်ကို ပြောဆိုထားခဲ့ပါသည်။

အရွယ်မရောက်သေးသည့်ကလေးများကို အနိုင်ကျင့်ချင်၊စော်ကားချင်ခြင်းက လူမဆန်သည် လုပ်ရပ် ဖြစ်နေပါသော်လည်း ရွံမုန်းဖို့ကောင်းသည်ဆိုရုံ၊ ထိုသို့ခံစားချက်လောက်နှင့် မလုံလောက်၊မပြီး၊ မိမိတို့ ၏သားသမီးများကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအန်တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်ကြိုးစားထားဖို့ အဓိ က လိုအပ်ပါမည်။ သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်အောင် ဦးစွာ ကလေးများအပေါ်၌ လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်မှုများမရှိလာရအောင်နှင့်နည်းပါးအောင် လုပ်ဆောင်ထားသင့်ပါသည်။ ဆွေမျိုး တော်စပ်သူ သိကျွမ်းသူ၊သူစိမ်း စသည့် သူများကိုယုံကြည်ပြီး ကလေးကို သူတို့ခေါ်ဆောင်သည့်နေရာ ကို ထည့်ပေးလိုက်ခြင်းမျိုး မလုပ်သင့်ပါ။ မိမိတို့၏ သားသမီးကလေးငယ်များကို နေအိမ်မှ ဝေးရာသို့ ခိုင်းစေခြင်းများ မလုပ်ဖို့လည်း လိုအပ်ပါသည်။ နေအိမ်မှ ဝေးရာသို့ မိဘများမသိဘဲ လုံးဝမသွားဖို့ နှင့် အပြင်ထွက် ကစားမည်ဆိုပါလျင်လည်း မိဘများကို အသိပေးပြီးမှသွားဖို့ ပြောပြထားရမည်လည်းဖြစ် သည်။

နိဂုံးချုပ်ရပါလျင် တဒင်္ဂရမ္မက်ဆန္ဒအတွက် တိရစ္ဆာန်ထက် ပိုယုတ်ညံ့သည့်ကြံစည်မှုအဖြစ် ခုံခံနိုင် စွမ်းမရှိနိုင်သည့် ကလေးငယ်များကို ကျူးလွန်ရင်းနှင့် သက်ငယ်မုဒိမ်းမှုဖြစ်ပွားလာနေကြရခြင်းဖြစ် သည်။ လူစိတ်မရှိသူများကြောင့် ပန်းကောင်း အညွှန့်ချိုးခံနေရသူများ ဖြစ်မလာစေဖို့ နှင့် ကလေးငယ် များ၏ အနာဂတ်ဘဝလှပစိုပြည်ဖို့၊ အပြစ်ကင်းစွာ ဖူးပွင့်ဝေဆာလာနိုင်ဖို့အတွက် သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်ရေး၊ သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေးကို ကြိုတင်ကာကွယ်ထားနိုင်ရန် လိုအပ် နေပါသည်။ ကလေးငယ်များ သိသင့်သိထိုက်သောအချက်အလက်များ၊ အသက်အရွယ်အလိုက် မှုခင်း ဖြစ်ပွားနိုင်သည့် အကြောင်းအရာများ၊မူးယစ်ဆေးဝါးအန္တရာယ်နှင့်ဆိုးကျိုးများကို အသိပညာပေးဟော ပြောခြင်းကို ကျောင်းများ၊ကျေးရွာရပ်ကွက်များ၌ သည်ထက်မက တွင်တွင်ကျယ်ကျယ် လုပ်ဆောင် ပေးရမည်လည်းဖြစ်သည်။သက်ငယ်မုဒိန်းမှုများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ကျူးလွန်ခြင်း ခံရသော ကလေးသူငယ်များအတွက် ကျန်းမာရေး၊စိတ်ပိုင်း၊ရုပ်ပိုင်းစောင့်ရှောက်မှုနှင့် ဉပဒေကြောင်း အရကူညီပံ့ပိုးရေး စသည်တို့ကို ထိထိရောက်ရောက်ဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ကြဖို့လည်း လိုအပ်ပါ သည်။

(၅)

သက်ငယ်မုဒိမ်းမှုများပပျောက်စေရေးနှင့် လျော့ကျလာဖို့အတွက် တစ်ဘက်မှာ ဉပဒေနှင့်တားဆီးကာကွယ်ရမှာဖြစ်သလို ရေတို၊ရေရှည်လုပ်ငန်းစဉ်များ ချမှတ်ဆောင် ရွက်ရမည်ဖြစ်သည်။ ကျေးရွာများအထိအသိပညာပေးမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အုပ်ချုုပ် ရေးအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်အတူ အားလုံးက ပူးပေါင်းပါဝင်ကြရမည်လည်းဖြစ် သည်။

သက်ငယ်မုဒိမ်းမှုမဖြစ်ဖို့၊လျော့နည်းကျဆင်းလာဖို့အရေးကို အားလုံးကာကွယ်စောင့်ရှောက်ဖို့ လိုအပ် နေပြီး အစဉ်အလာယဉ်ကျေးမှုနှင့် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းများကို ထိန်းသိမ်းကြရမည်လည်းဖြစ် သည်။ ကြီးသူကိုရိုသေ၊ ရွယ်သူကိုလေးစား၊ ငယ်သူကိုသနားညှာတာဆိုသည့် ဗြဟ္မာစိုရ် နှလုံးသားပိုင် ရှင်များအဖြစ်နှင့် မေတ္တာတရား၊ လူ့ကျင့်ဝတ်ဆိုင်ရာ စောင့်စည်းထိန်းသိမ်းမှုများကို လိုက်နာကျင့်ကြံ ကြမည်ဆိုပါလျင် သက်ငယ်မုဒိမ်းများ လျော့နည်းပပျောက်လာမည်ကို မျှော်လင့်နေမိပါကြောင်းအား တင်ပြရင်း—

အောင်ကြည်မိုး(သင်းပုန်းတန်း)

https://www.facebook.com/VOW2ppl/posts/179605987792120

Leave a Reply

Your email address will not be published.