“လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များကို အကာအကွယ်ပေးခြင်း”

By Voice Of Westland/2022 July 01

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များကို အကာအကွယ်ပေးခြင်းရခိုင်ပြည်မှာ လက်နက်ကိုင် ပဋိပက္ခဟာ ၂၀၁၈ ခုနှစ်က စတင်ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းအထိ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၁ ကာလကတော့ လက်နက်ကိုင်တိုက်ပွဲတွေ ငြိမ်သက်ခဲ့ပေမယ့် စစ်ကျန်လက်နက်တွေကြောင့် သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေ အများအပြားရှိခဲ့ပါတယ်။

အဲဒီပဋိပက္ခအတွင်း ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေဟာ ထိခိုက်သေဆုံးမှုတွေ အများအပြားရှိခဲ့ကြပြီး ပြည်သူ ၂ သိန်းကျော်ဟာလည်း နေရပ်ကိုစွန့်ခွာကာ ဒုက္ခသည်အဖြစ်နဲ့ နေထိုင်ခဲ့ကြရပါတယ်။ လက်ရှိမှာဆိုရင် ဒုက္ခသည် ရှစ်သောင်းကျော် ကျန်ရှိနေပါသေးတယ်။

အခု ၂၀၂၂ မှာဆိုရင်လည်း ဧပြီလကနေ လက်နက်ကိုင်ပဋိပက္ခ ပြန်လည် စတင်လာတာတွေ့ရပါတယ်။ အဲဒီတော့ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ပြည်သူတွေကို အကာအကွယ်ပေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ဘာမှမသိသေးတဲ့ ကလေးငယ်တွေကို အဓိက အကာအကွယ်ပေးဖို့ လိုအပ်တဲ့အကြောင်း မြိုဘာသာစကားနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။

ယခုဗီဒီယိုကို မျိုးဆက်-Generations က အဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပြီး DMG က ပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။

https://youtu.be/TAnhelgQR_g

Leave a Reply

Your email address will not be published.