
BNA(သတင်း)

By Border News Agency/2022 July 18

(ဓာတ်ပုံ-ရသေ့တောင်မြို့နယ်၊ပြားချောင်းကြီးကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို ၂၀၂၀ပြည့်နှစ်၊မတ်လ ၁၃ ရက်နေ့ကတွေ့ရစဥ်/BNA)

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့အနီး၊ပြားချောင်းကြီးတံတားတဖက်ကမ်းက ပြားချောင်းကြီးရွာသို့ ဇူလိုင် ၁၈ ရက်ဒီနေ့မနက် ၉ နာရီအချိန်ခန့်က အာဏာ သိမ်းစစ်တပ်က စစ်ကြောင်းတစ်ခု ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေလုပ် လာတာမို့ ကျေးရွာသားတွေကြောက်လန့်ထွက်ပြေးသွားနေကြတယ်လို့ ဆိုပါတယ်။

ခုလိုမျိုးရုတ်တရက်ဝင်ရောက်လာတဲ့အကြောင်းရင်းကို မသိသေးပေမယ့် ရွာသားအများအပြားကြောက်လန့်ထွက်ပြေးနေကြတယ်လို့ ရသေ့တောင်မြို့ခံ တွေကပြောပါတယ်။

“ရုတ်တရက် ရွာကိုဝင်ပြီး စစ်ဆေးတာလို့သိရတယ်။ရွာသားတွေလည်း ထွက် ပြေးနေကြတယ်။ရသေ့တောင်ဘက်ကို ပြေးလာသူတွေလည်းရှိတယ်။ပတ်ဝန်း ကျင်ရွာတွေကိုလည်း ထွက်ပြေးကြတယ်။”လို့ အဲဒီရွာကထွက်ပြေးလာသူ တစ်ဦးက ပြောပါတယ်။

အဲဒီပြားချောင်းကြီးကျေးရွာသို့ စစ်ကောင်စီလက်အောက်ခံ အင်အားတစ်ရာနီး ပါး ပါစစ်ကြောင်းတစ်ခု ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းအစ ရသေ့တောင် မြို့အထွက်ကနေ ပြားချောင်းကြီးရွာအလွန်အထိ နေရာယူထားပြီး ရွာထဲသို့ ဝင်ရောက်စစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။


ခုလိုမျိုး စစ်ကောင်စီတပ်က ပြားချောင်းကြီးကျေးရွာသို့ ဝင်ရောက်စစ်ဆေးမှု တွေလုပ်တာမို့ တိုက်ပွဲတွေအချိန်မရွေးပြန်ဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ ရသေ့တောင်မြို့ခံတချို့က ပြောပါတယ်။

“ဒီတိုင်းဆိုရင်တော့ တိုက်ပွဲဖြစ်လာနိုင်တယ်။စစ်တပ်က ပြားချောင်းကြီးအပြင် တခြားအလယ်ရွာချေ၊ပြင်ခေါင်ထက်ကျော်လွန်ပြီး ရှေ့ဆက်တိုးရင် ဟိုဘက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့်အလားအလာရှိတယ်။”လို့ ရသေ့တောင်မြို့ခံတစ်ဦး ဖြစ်တဲ့ ကိုကျော်မင်းခိုင်ကဆိုပါတယ်။

အဲဒီပြားချောင်းကြီးကျေးရွာအကျော်ရှိပြင်ခေါင်း ကျေးရွာအလွန်မှာ ရက္ခိုင်တပ် တော် (AA)ဘက်က လှုပ်ရှားစစ်ကြောင်းတွေရှိနေတာမို့ ထိပ်တိုက်တွေ့မယ့် အခြေအနေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အခြေအနေကတော့ အမတို့ထွက်ပြေးနေရတယ်။သူတို့(​စစ်သား)တွေ ရွာနား မှာ ကင်းပုန်းဝပ်နေတော့ ထွက်ပြေးနေရတယ်။”လို့ ပြားချောင်းကြီးကျေးရွာက ထွက်ပြေးလာတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ နေ့လည်စာစားချိန်လောက်မှာ ပြန်ဆုတ်နေကြတယ်လို ပြောကြပေမယ့် BNAက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရသေ့တောင်မြို့တွင်းမှာတော့ ပုံမှန်လည်ပတ်နေပေမယ့် မြို့အရှေ့ဘက် ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းက မြို့ခံတွေ မြို့တွင်းသိုဝင်ပြေးလာကြ သလို ပြားချောင်းကြီးကျေးရွာက ဈေးဝယ်လာတဲ့လူတွေ ရွာမပြန်နိုင်ဘဲဖြစ် နေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာ သိမ်းစစ်တပ်တို့ကြား စစ်ရေးတင်းမာမှု တွေမြင့်တက်နေပြီး စစ်ဘက်စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ ဒေသခံ မျက်မြင်တွေကဆိုပါတယ်။

#BNA#ရသေ့တောင်#ပြားချောင်းကြီး#ဒေသခံ#ထွက်ပြေး#စစ်တပ်#

https://www.facebook.com/permalink.php?story_fbid=181634887612159&id=107469705028678

Leave a Reply

Your email address will not be published.