(တိုက်ပွဲဧရိယာမဟုတ်တဲ့ စစ်ကောင်စီတပ်ရင်းတွေအနားမှာ နင်းမိတာလို့ ဆို)
By Border News Agency/2022 July 04

စစ်တွေ၊ဇူလိုင် ၄ ။
ရခိုင်မှာ လေးရက်အတွင်း မြေမြှပ်မိုင်းနင်းမိလို့ သေ ဆုံးခဲ့ရသူ နှစ်ဦးနဲ့ ဒဏ်ရာရသူတစ်ဦး ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီမိုင်းထိမှန်လို့ သေဆုံးခဲ့သူနှစ်ဦးဟာကျောက်တော်မြို့နယ်ကဖြစ်ပြီး ဒဏ်ရာရသူတစ်ဦးကတော့ မင်းပြားမြို့ နယ်က ဖြစ်ပါတယ်။
သူတို့ဟာ ဇူလိုင်လ ၁ ရက်ကနေ ၄ ရက်နေ့အထိ လေးရက်အတွင်း မိုင်းထိမှန်ခဲ့ကြတာဖြစ်ပါတယ်။
သူတို့တွေ မိုင်းနှင်းမိခဲ့တဲ့နေရာတွေဟာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတို့ရဲ့တိုက်ပွဲဧရိယာမဟုတ်ဘဲ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေရဲ့အနီးတဝိုက်မှာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီလိုဖြစ်စဉ်တွေကြောင့် တောင်သူတွေဟာ သူတို့ရဲ့လယ်ယာတွေကို သွားမှာကိုတောင် ကြောက်လန့်စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
”တပ်က သူတို့က လုံခြုံရေးအရ လုပ်ထားတယ်ဆိုပေမယ့်လည်း လယ်ကွင်းတွေမှာ၊ကန်းသင်းရိုးတွေမှာဆိုတော့ ကျွန်တော်တို့က ကိုယ့်လယ်ကိုကိုယ် သွားဖို့ဟာတောင် စိုးရိမ်တကြီး ဖြစ်နေကြရပါတယ်။”လို့ စစ်ကောင်စီတပ်ရင်း တစ်ခုအနီးမှာနေထိုင်တဲ့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။
သူတို့ဟာ နွားရှာ၊နွားကျောင်း၊ထင်းခုတ်၊ဝါးခုတ်သွားကြစဉ် မိုင်းထိမှန်ပြီး သေဆုံးဒဏ်ရာရခဲ့ကြရတာဖြစ်တယ် လို့ ဆိုပါကြပါတယ်။
ကျောက်တော်မြို့နယ်၊မျာလီကန်ရွာသားတစ်ယော က်ဟာ ဇူလိုင်လ ၄ ရက်၊ဒီနေ့မနက်က စစ်ကောင်စီရဲ့အမြောက်တပ်ရင်းအနီးမှာ မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
အဲဒီပြင်ဇူလိုင်လ ၃ ရက်၊မနေ့ကလည်း မင်းပြားမြို့နယ်၊တိုင်းဗဟို ၉အနီးမှာဝါးသွားခုတ်တဲ့ အထက်ခချီးမြောင်ရွာ သားတစ်ဦးလည်း မိုင်းနင်းမိကာ ခြေတစ်ဖက်ပြတ်လို့ ဆေးကုသမှုခံယူနေရပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်မှာပဲ စစ်ကောင်စီလက် အောက်ခံတပ်ရင်းနား နွားသွားရှာတဲ့ ဝက်မှိုင်းရွာသားတစ်ဦးဟာ မြေမြုပ်မိုင်းနင်းမိကာပြင်းထန်ဒဏ်ရာရသွားပြီး နောက်တစ်ရက်မှာ အသက်ဆုံးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လနဲ့မေလအတွင်းကလည်း ရခိုင်ပြည် နယ်အတွင်း မိုင်းနင်းမိလို့ သေဆုံး၊ဒဏ်ရာသူတွေ ရှိခဲ့ပါတယ်။
https://www.facebook.com/permalink.php?story_fbid=178658701243111&id=107469705028678