ရခိုင်မှာ ကိုဗစ်ပိုးတွေ့သူ တစ်ပတ်အတွင်း ၇ ဦး ရှိပြီ

By Border News Agency/2022 July 09

ဓာတ်ပုံ-ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ကိုဗစ်စစ်ဆေးခဲ့ပုံ

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ကိုဗစ်ပိုးတွေ့သူတွေရှိလာနေပြီး တစ်ပတ်အတွင်းမှာ ပိုးတွေ့သူပေါင်း ၇ ဦး ရှိပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

အဲဒီကိုဗစ်ပိုးတွေ့သူတွေဟာ တဖက် ဘင်္ဂလားဒေရှ့်နိုင်ငံကို ကုန်သွယ်သွားခဲ့တဲ့ စက်လှေသမားတွေဖြစ်တယ်လို့ ပြည်နယ်စစ်ကောင်စီက ဆိုပါတယ်။ အဲဒီနယ်စပ်ကုန်သွယ်ရေးကနေ ပြန်လာသူတွေကို ပိုးစစ်ကြည့်တဲ့အခါမှာ ပြီး ခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ပိုးတွေ့သူ ၃ ဦး၊ ၇ ရက်နေ့က ၃ ဦးနဲ့ ၈ ရက်နေ့က ၂ ဦး အသီးသီး ပိုးတွေ့ရှိခဲ့တာ ဖြစ် တယ်လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။

လက်ရှိမှာ ပိုးတွေ့သူတွေကို စစ်တွေမြို့ဆေးရုံမှာ ဆေးကုသမှုခံယူစေထားပြီး ကျန်တဲ့ ဆက်စပ်သူတွေကိုလည်း သီးခြားထားထားတယ်လို့ ပြည်နယ်စစ်ကောင်စီက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ဆုံးပတ်လောက်ကနေ ကိုဗစ်ပိုးတွေ့ရှိသူ မရှိသလောက်နီး ပါး နည်းပါးနေခဲ့တာပါ။ ယခုအခါ နယ်စပ်ကုန်သွယ်ရေးကနေ ပြန်လာသူတွေဆီမှာ ကိုဗစ်ပိုး တွေ့တာဖြစ်ပါတယ်။ အခုလို တကျော့ပြန် ပိုးတွေ့တာဖြစ်တဲ့အတွက် သတိထားဆင်ခြင်ကြဖို့လိုတယ်လို့ ဆရာဝန်တွေနဲ့ အရပ်ဖက်အ ဖွဲ့အစည်းတွေက တိုက်တွန်းကြပါတယ်။

“Silent တွေကတော့ ရှိမှာပါပဲ အနည်းအများက။ မဖြစ်တာကြာပြီဆိုတော့ စိုးရိမ်စရာကလည်း သိပ်မရှိတော့ဘူး ထင်ပါတယ်။ ဒါပေမယ့် လူထူထပ်တဲ့နေရာတွေကို သွားရင်တော့ ကိုယ့်မှာ ရောဂါရှိရှိ၊ မရှိရှိ mask တပ်သွားရင် တော့ ပိုကောင်းတာပေ့ါ။ ဂရိုစိုက်ဖို့ကတော့ လိုအပ်တာပါပဲ”လို့ Rakhine Covid – 19 Watch က ကိုဇော်လှိုင်ထွန်း က ပြောပါတယ်။

ရခိုင်ပြည်နယ်အပြင် ရန်ကုန်၊ စစ်ကိုင်း၊ မွန်၊ ကရင် စတဲ့ဒေသတွေမှာ ကိုဗစ်ပိုးတွေ့သူတစ်ချို့ ရှိလာနေပြီး အများစုဟာ နိုင်ငံရပ်ခြားကနေ ပြန်ရောက်လာကြသူတွေဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာ နရဲ့ ထုတ်ပြန်ချက်တွေက ဆိုပါတယ်။

https://www.facebook.com/permalink.php?story_fbid=179758021133179&id=107469705028678

Leave a Reply

Your email address will not be published.