ရခိုင်မှာစတင်လာသည့် ရွေးကောက်ပွဲခြေလှမ်းများနှင့်အသက်ဝင် မဝင် စောင့် ကြည့်ရမည့်စနစ်သစ်

By Border News Agency/2022 July 13

(ဓာတ်ပုံ-၂၀၂၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲမှာ မဲလာပေးခဲ့တဲ့ မူဆလင် တစ်ဦ)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲ မှာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ(NLD)ကို မဲမသာမှုဖြင့်အနိုင်ရရှိတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့ပါတယ်။

စစ်တပ်ဟာအာဏာသိမ်းထားတဲ့အပေါ်အရေးပေါ်အခြေအနေလို့ သတ်မှတ် ထားပြီးအရေးပေါ်ကာလဟာ အမိန့်ထုတ်ပြန်တဲ့နေ့ကနေ တစ်နှစ်အထိဖြစ်ပါ တယ်။တာဝန်တွေပြီးမြောက်ခြင်းမရှိသေးပါက အာဏာသိမ်းကာလကိုတစ်ကြိမ် လျှင်ခြောက်လအထိနှစ်ကြိမ်တိုးမြှင့်ပေးနိုင်တယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံနေရာအနှံ့မှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲဖြစ်ပွားနေပြီး ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာလည်း ဗုံးပေါ က်ကွဲတာတွေဆက်ဖြစ်ပွားနေပါတယ်။ဒီလို မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေ မှာ မြန်မာစစ်တပ်ရဲ့နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပဖို့ရှိနေပါတယ်။လာမယ့် ၂၀၂၃ ခုမှာရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေ တဲ့ စစ်ကောင်စီဟာ တိုက်ပွဲရပ်နေတဲ့ ရခိုင်မှာပြင်ဆင်မှုတွေစလုပ်လာပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၁ ရက်နေ့က စစ်ကောင်စီဖွဲ့ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးစိုးသိန်းဟာ ရခိုင်ကိုလာပြီး ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းကောက်ယူမှုအခြေအနေ၊မဲစာရင်းပြုစုရေးကိစ္စတို့အပါအဝင် PR စနစ် အကြောင်းတို့ကို ရခိုင်စစ်ကောင်စီဥက္ကဌအပါအဝင်ကော်မရှင်ဝန်ထမ်းတွေ ကို ပြောခဲ့ပါတယ်။

ဇူလိုင် ၁ ရက်နေ့ကစလို့ ရခိုင်ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ထမ်းဆောင် နေတဲ့ဝန်ထမ်းတွေကိုPR စနစ်လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ်နှင့် ပတ်သက်ပြီး သင်တန်းပို့ချမှုတွေစလုပ်နေပါတယ်။

နိုင်ငံတကာမှာ ကျင့်သုံးတဲ့ PR စနစ် Proportional Representationကို အတိုကောက် (PR) လို့ယူထား တာဖြစ်ပြီး အနီးစပ်ဆုံးမြန်မာမှုပြုလျင် အချိုးကျကိုယ်စားပြုစနစ်လို့ရပါတယ်။ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲမှာ ရရှိတဲ့မဲအရေအတွက်အရ ဥပဒေ ပြုလွှတ်တော်မှာအချိုးကျခွဲဝေယူရမယ့် စနစ်လို့ နားလည် ရပါတယ်။

PR စနစ်မှာ မဲဆန္ဒနယ်ကြီးတခုစီကနေ လွှတ်တော်ကိုစေလွှတ်မယ့် ကိုယ်စား လှယ်ကိုတစ်ဦးထက်ပိုလို့ရွေးကောက်စေပြီး ပါတီတွေကလည်း ကိုယ်စားပြု ကိုယ်စားလှယ်တွေစာရင်းကို အသီးသီးပြည်သူထံတင်ပြရပါတယ်။

လူထုကလည်း ရွေးကောက်ပွဲမှာ မိမိတို့ဆန္ဒရှိတဲ့ ပါတီကိုယ်စားလှယ်စာရင်းကို မဲပေး ရွေးချယ်တဲ့ စနစ်ပင်ဖြစ်ပါတယ်။ဥပမာအားဖြင့် မဲဆန္ဒနယ်တခုမှာ အမတ်ဆယ်ယောက်ရွေးမယ်ဆိုရင် ပါတီတွေက တစ်ပါတီလျင်ဆယ်ဦးစာရင်း တင်ရပြီး ရွေးကောက်ပွဲဝင်တဲ့အခါ ၃၀% ထောက်ခံမဲရရှိပါက ၃၀% ရဲ့ အချိုးကျ အဖြစ်အမတ်ဆယ်နေရာမှာ သုံးနေရာပါဝင်ခွင့်ရမှာဖြစ်ပါတယ်။

ကိုယ်စားလှယ် ၁၁ ယောက်ရွေးတဲ့ မဲဆန္ဒနယ်မှာ ပါတီတခုက ၄၂% ထောက်ခံ မဲများရရှိခဲ့ရင် အချိုးကျကိုယ်စားလှယ် ၄ ဒသမ ၆၂ ယောက် ကိုယ်စားပြုခွင့်ရမ ယ်လို့ အဖြေထွက်နေပါတယ်။အတိအကျလေးယောက် ဒါမှမဟုတ် ၅ ယောက် မထွက်တဲ့အခါ အခက်တွေ့ရနိုင်တာလည်းရှိပါတယ်။

ဒီလို အခက်တွေ့တဲ့အခါဖြေရှင်းပုံက ဒေသအသီးသီးက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ရဲ့ အမတ်အရေအတွက်အပြင် အစွန်း ထွက်လာမယ့် ကိန်းပြည့်မဟုတ်တဲ့အမတ်အရေ အတွက်တွေကိုကာမိစေဖို့ နှင့်ပါတီအသီးသီး အတွက်အစွန်းထွက်မဲတွေကိုထပ်မံခွဲဝေဖို့အတွက် အမတ်နေရာအချို့ကို သီးသန့် ချန်ထားရတယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့် ဆွီဒင်နိုင်ငံမှာ မဲဆန္ဒနယ် ၂၈ နယ်ရှိရာမှာ တစ်နယ်စီမှာ ရွေး ချယ်တဲ့လွှတ်တော်အမတ်တွေရဲ့ စုစုပေါင်းအရေအတွက်မှာ ၃၁၀ ဖြစ်ပေမယ့် လွှတ်တော်ရှိအမတ်နေရာစုစုပေါင်းကို ၃၄၉ နေရာအဖြစ် သတ်မှတ်ထားကာ ၃၉ နေရာကို အစွန်းထွက်ဖြစ်လာမယ့်ရာနှုန်းတွေကို ပြန်ညှိဖို့သီးသန့်သတ်မှတ် ပေးထားတယ်လို့ ဆိုပါတယ်။

အစွန်းထွက်ရာနှုန်းတွေ ရှုပ်ထွေးမှုအလွန်အကျွံမဖြစ်စေဖို့အတွက် ဂျာမဏီနှင့် ပိုလန်နိုင်ငံတွေမှာအမတ်နေရာရရေးအတွက် မဲအရေအတွက်စုစုပေါင်းရဲ့ အနည်းဆုံး ၅% ရ,ရမယ်လို့သတ်မှတ်ထားကြပြီး ဆွီဒင်နှင့်အီတလီနိုင်ငံမှာ လည်း အနည်းဆုံး မဲ ၄% ရ,ရမယ်လို့အသီးသီးသတ်မှတ်ထားကြပါတယ်။

သမိုင်းကြောင်းအရ ပြင်သစ်တော်လှန်ရေးကာလလောက်ကပင် PR စနစ် အကြောင်းစတင်စဉ်းစားခဲ့ပြီးတော့ ဗြိတိသျှနိုင်ငံရေးဘောဂဗေဒပညာရှင် ဂျွန်စတုရပ်မီး(လ)ကစတင်ဖော်ထုတ်ခဲ့တယ်လို့ မှတ်သားရပါတယ်။

မဲအများဆုံးရသူက အနိုင်ရစနစ် (First Past the Post)-အတိုကောက် FPTP စနစ်ရဲ့ အားနည်းချက်တွေကို ဝေဖန်သုံးသပ်ရာကနေပေါ်ထွက်လာတာလို့ ဆိုပါတယ်။

နိုင်သူအကုန်ယူ(Winner takes all) သဘောဖြစ်လို့ အများစုနှင့် ဗိုလ်ကျတာမျိုး (tyranny of majority)ဖြစ်နိုင်တယ်လို့ သုံးသပ်ရပြီး အင်တားနည်းပါတီတွေ၊အထူးသဖြင့် လူမျိုးစုပါတီတွေဘေးရောက်သွားနိုင် (marginalized)တာကြောင့်၊ ပီအာစနစ်ကို အဆိုပြုလာကြတယ်လို့ ဆိုပါတယ်။

PR စနစ်ကို ဒိန်းမတ် ၁၈၅၅က ပထမဆုံးအကောင်အထည်ဖော်ကျင့်သုံးခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာလူမျိုးများစွာဖြင့် ပြည်ထောင်စုပုံသဏ္ဌာန်စုစည်းကြတဲ့ နိုင်ငံတော်တော်များများလိုက်ပါကျင့်သုံးလာကြတယ်လို့ ဆိုပါတယ်။ ဆွစ်ဇာလန် (၁၈၉၁) ၊ ဘယ်(လ်)ဂျီယံ (၁၈၉၉) ၊ဖင်လန်(၁၉၀၆) တို့ဖြစ်ပါတယ်။

လူမျိုးစု- လူနည်းစုတွေရှိတဲ့၊ပါတီတွေအများကြီးရှိနေတဲ့ နိုင်ငံတွေအတွက် ပိုမို ဒီမိုကရေစီနည်းကျတဲ့ရွေးကောက်ပွဲစနစ်လို့ပညာရှင်တွေက အမှတ်ပေးကြတာ ရှိပါတယ်။ဒါပေမယ့်၁၉၂၀ ပြည့်လွန်နှစ်တွေက ပေါ်ထွက်လာခဲ့တဲ့ ဂျာမန်ဝိုင်မာ သမ္မတနိုင်ငံမှာ PR စနစ်ကို ကျင့်သုံးခဲ့ရာကဟစ်တလာရဲ့နာဇီပါတီအာဏာရ လာတဲ့သမိုင်းကလည်းရှိနေပြန်ပါတယ်။

ဒီအချက်တွေကို အခြေခံပြီး PR စနစ်ရဲ့အားနည်းချက်မှာ အစွန်းရောက်ပါတီ တွေ အာဏာရလာနိုင်တဲ့အလားအလာရှိတယ်လို့ ဝေဖန်ထောက်ပြချက် တွေလည်း ရှိပါတယ်။နောက်ပိုင်းမှာတစိတ်တပိုင်း အချိုးကျစနစ် (Semi-Proportional System)လို့ခေါ်တဲ့ FPTP နှင့်PRကိုပေါင်းစပ်ကျင့်သုံးတဲ့ စနစ်လည်းပေါ်လာပါတယ်။

စစ်ကောင်စီဘာကြောင့် PR ဖြစ်သွားတာလဲ

မြန်မာနိုင်ငံမှာလည်း ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထိ အထွေထွေရွေးကောက်ပွဲကြီး သုံးကြိမ်ကျင်းပခဲ့ပြီးထိုရွေးကောက်ပွဲစနစ်မှာ အများစုကိုယ်စားပြုကာ အနိုင်ရ သူအကုန်ယူစနစ်(Frirst Past the Post-FPTP)ဖြစ်ပါတယ်။

လက်ရှိသုံးနေတဲ့စနစ်ဟာ ပြည်သူထောက်ခံမှုများတဲ့ပါတီက အစိုးရဖွဲ့ခွင့်ရပြီး တော့ ဒုတိယထောက်ခံမဲရတဲ့ ပြိုင်ဘက်ပါတီဟာ အစိုးရဝန်ကြီးတစ်နေရာရဖို့ တောင်သိပ်မလွယ်ပါဘူး။ဒီအတွက်မြန်မာနိုင်ငံမှာ လက်ရှိရွေးကောက်ပွဲစနစ် နဲ့သွားရင်စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ USDPပါတီဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD ပါတီကို ပြည်သူဆန္ဒမဲနဲ့နိုင်ဖို့ အလားအလာ မရှိတော့ပါဘူး။ဒီအတွက်လ ည်း စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ သူတို့ရဲ့ USDP ပါတီရဲ့ သွားရာလမ်းဟာ ယခင်တစညပါတီလို ဖြစ်သွားမှာကို အိပ်မက်ဆိုးတွေမက်နေကြတဲ့အတွက် ရွေးကောက်ပွဲပုံစံကို မဖြစ်မနေပြောင်းလဲဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ တပ်မတော် ထောက်ခံတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်း က PR စနစ်ကိုအသက်သွင်းဖို့ လွှတ်တော်မှာကြိုးစားခဲ့ပါသေးတယ်။ဒါပေမယ့် အထက်မမြောက်ခဲ့ပါဘူး။ဒါပေမယ့်စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲက တော့ မြန်မာနိုင်ငံမှာ တစ်ခါမှထိတွေ့မှုမရှိသေးတဲ့ PR စနစ်နဲ့ကျင်းပလာမှာ သေချာသလောက် ဖြစ်နေပါတယ်။

ဒီအတွက်လည်း စစ်ကောင်စီဟာ PR စနစ်ကို အသက်သွင်းဖို့ နိုင်ငံရေးပါတီတွေ ရဲ့ထောက်ခံမှုကိုရဖို့အတွက် ဖျောင်းဖျဆွေးနွေးတာတွေလုပ်ခဲ့ပါတယ်။အာဏာ သိမ်းပြီးနောက် စစ်ကောင်စီကအသစ်ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ အချိုးကျကိုယ်စားပြုမှု PR စနစ်နဲ့ပတ်သက်ပြီး ၂၀၂၁ နိုဝင်ဘာ ၅ ရက်မှာ စတင်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ၂၀၂၁ ခု ဒီဇင်ဘာလကပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)နှင့် နိုင်ငံရေးပါတီ ၆၂ ပါတီက ကိုယ်စားလှယ် ၁၁၅ ဦးရဲ့သုံးရက်တာဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီကျင်းပရမယ့်လွှတ်တော်သုံးရပ် ရွေးကောက်ပွဲတွေမှာ “စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ်” (Closed List PR)ကိုကျင့်သုံးဖို့ အသင့်မြတ်ဆုံးဖြစ်တယ်။မဲဆန္ဒနယ်များ သတ်မှတ်ရာမှာ ခရိုင်တွေကိုအခြေပြုသတ်မှတ်ခြင်းဟာ PR စနစ်အတွက် သင့်တင့်လျောက် ပတ်တဲ့အရွယ်အစား (Suitable Size)ဖြစ်တယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတွေအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်တွေကို မဲအများ ဆုံးရသူ အနိုင်ရတဲ့စနစ်(FPTP) ဖြင့်သာ ကျင့်သုံးသင့်တယ်။မဲဆန္ဒနယ်သတ်မှတ် ရာမှာ တိုင်းဒေသကြီး /ပြည်နယ်တွေရဲ့ပထဝီအနေအထား ကွာခြားမှုအရ တိုင်း ဒေသကြီး/ပြည်နယ်တစ်ခုအတွက် အမျိုးသားလွှတ်တော်မှာမဲဆန္ဒနယ်မြေဘယ် လောက်လို့ တစ်ပြေးညီသတ်မှတ်ခြင်းမပြုဘဲ ခရိုင်တွေကို အခြေခံလို့မဲဆန္ဒ နယ်စုစုပေါင်း ၃၆ နယ် သတ်မှတ်သင့်တယ်။

PR စနစ်အရဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ပါတီတွေ ဖောင်းပွလာ နိုင်မှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေဖြင့်သော်လည်း ကောင်း၊စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့် သော်လည်းကောင်း ကန့်သတ်ဖို့လို တယ်။နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားသူကိုသာလျှင် ဆန္ဒမဲပေးခွင့် ပြုရမယ်ဆိုတဲ့အချက်တွေကို နိုင်ငံရေးပါတီတွေက ဆွေးနွေးရှိခဲ့ကြပါတယ်။

PR စနစ်နဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်အရေးမှာ စစ်အာဏာရှင်ရဲ့နိုင်ငံရေးထွက် ပေါက်ကစားကွက်သာဖြစ်နေပြီး စစ်အာဏာရှင်စနစ် သက်တမ်းရှည်ဖို့ခိုင်မာ အောင်အခြေချလုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ လေ့လာသူတစ်ချို့က မြင်ပါ တယ်။

စစ်တပ်က လွှတ်တော်သုံးရပ်စလုံးမှာ ၂၅ရာခိုင်နှုန်း အလိုအလျောက် ရထားပြီး သားဖြစ်လို့ ကျန်တဲ့ ၇၅ရာခိုင်နှုန်းကို ယှဉ်ပြိုင် ရတဲ့အနေအထးမှာ PR ဆိုတာ က အချိုးကျယူစနစ်ဖြစ်လို့ NLD လိုအင်အားကြီးပါတီတောင် အစိုးရဖွဲ့နိုင်ဖို့ အခြေအနေမရှိတော့ဘူး။အစိုးရဖွဲ့တဲ့အခါ ညွှန့်ပေါင်းဖွဲ့ရမယ်။ဆိုတော့ စစ်တပ် က နိုင်ငံရေးမှာမပါမဖြစ်ဇာတ်ကောင်ဖြစ်လာမယ်။

လွှတ်တော်အသီးသီးမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နေရာယူ ထားဆဲဖြစ်တာကြောင့်PR စနစ်သာကျင့်သုံးမယ်ဆိုရင် နိုင်ငံရေးပါတီတွေများ တဲ့ မြန်မာပြည်မှာ အုပ်ချုပ်ရေး၊ဥပဒေပြုရေးကဏ္ဍတွေမှာ တပ်ဘက်က နေရာပို ရလာမယ်လို့ နိုင်ငံရေးသမားတွေကလက်ခံထားပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းထားဆဲ ဒီလိုကာလမှာ နိုင်ငံရေးပါတီတိုင်း ရွေးကောက်ပွဲဝင်ပြိုင်ဖို့ရာခိုင်နှုန်းနည်းနေတာမို့ တပ်ဘက်ကအားသာနိုင်ခြေ ကပိုများနေပါတယ်။စစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၁ ခုနှစ်၊သြဂုတ်လကစပြီး နိုင်ငံရေးပါတီတွေကို စစ်ဆေးနေရာယခု၂၀၂၂ ဇူလိုင်လ ၃ အထိ နိုင်ငံရေးပါတီ ၈၅ ခုအထိရှိနေပြီဖြစ်ပါတယ်။ကျန် ၇ပါတီကို လည်း ဆက်စစ်ဆေးမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရွေးချယ်တဲ့ PR စနစ်

စစ်ကောင်စီကကျင်းပမယ့် PR ရွေးကောက်ပွဲစနစ်အရ မဲဆန္ဒနယ်မြေတစ်ခု ချင်းစီအတွက် မဲပေးရာမှာလွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးခြင်းမျိုးမဟု တ်ဘဲ ပါတီရဲ့မူဝါဒနှင့်ပါတီနာမည်ကိုသာ မဲပေးရမှာ ဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကို အချိုးကျကိုယ်စားပြုစနစ် (PR)၊အမျိုးသားလွှတ်တော်ကိုတော့ နိုင်သူအကုန်ယူစနစ်(FPTP)နဲ့ ကျင့်သုံးဖို့ ရှိလာနိုင်တယ်လို့ UECအဖွဲ့ဝင် ဦးခင်မောင်ဦးကဆိုထားပါတယ်။

ရွေးကောက်ပွဲကို စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် (closed PR )ဖြစ်နိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အလိုက်ရွေးကောက်တင်မြှောက်ရမယ့် ကိုယ်စားလှယ်အရေအတွက်မပြောင်းလဲဘဲ မဲဆန္ဒနယ်တွေ ပိုင်းခြားသတ်မှတ် ပြီး ရွေးကောက်တင်မြှောက်ရမယ့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ဖို့စီစဉ်နေ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ၆ ခုမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁ ဦးစီနှင့်တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေအတွက် သတ်မှတ်ချက်နဲ့အညီရရှိမယ့် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ၁ ဦးစီ ရွေးကောက်တင်မြှောက်ရာမှာ ယခင်ကျင့်သုံးခဲ့တဲ့ FPTP စနစ်ကိုသာကျင့် သုံးဖို့စီစဉ်ထားတယ်လို့လည်း ဦးခင်မောင်ဦးက ပြောပါတယ်။

ယခင်ကရွေးကောက်ပွဲ ၃ ကြိမ်မှာ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ က ၂၀၁၀ ရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ မြို့နယ် ၃၂၃ မြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာမြို့နယ် ၃၁၅ မြို့နယ်ကျင်းပနိုင်ခဲ့တယ်။

၂၀၁၀ ပြည့်နှစ်ကစပြီး မြို့နယ်တဖြည်းဖြည်းလျော့ကျင်းပနိုင်ခဲ့တာကို တွေ့ရပါတယ်။

ယခုအခါ ပါတီစုံဒီမိုကရေစီစနစ်ကို တစ်နိုင်ငံလုံးနေရာဒေသမကျန်ကျင့်သုံး မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၂ ခု မတ်လ ၂၄ ရက်နေ့က နေပြည်တော် မှာ လုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားခဲ့ပါတယ်။

ရခိုင် မှာ ခရိုင် ၇ ခုဖြစ်လာ

စစ်ကောင်စီရဲ့နိုင်ငံရေးထွက်ပေါက်ဖြစ်နေတဲ့ ရွေးကောက်ပွဲကို ပြုလုပ်မှာဖြစ် တဲ့အတွက် ပြင်ဆင်မှုတွေလုပ်လာပါတယ်။PR စနစ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာ မဲဆန္ဒနယ်တွေသတ်မှတ်တာ၊ခရိုင်တွေကို တိုးချဲ့သတ်မှတ်တာ တွေလည်း လုပ်လာပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ခရိုင်၄၂ခုကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။ယခင်က ခရိုင်ပေါင်း၇၄ခရိုင် ရှိခဲ့ပေမယ့် ခုဆိုရင်စုစုပေါင်းတနိုင်ငံလုံးတွင် ၁၁၆ ခရိုင်ရှိလာ ပါတယ်။ရခိုင်မှာလည်းအမ်းမြို့နှင့်တောင်ကုတ်မြို့ကို ခရိုင်အဖြစ်တိုးချဲ့ဖွဲ့စည်း လိုက်တာကြောင့် ယခင်က စစ်တွေ၊မောင်တော၊မြောက်ဦး၊သံတွဲ၊ကျောက်ဖြူ ခရိုင်ဆိုပြီး ခရိုင် ၅ ခုရှိရာကနေ ခုဆိုရင်ခရိုင် ၇ ခရိုင်ဖြစ်သွားပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းတမြို့နယ်တည်းကို အမ်းခရိုင်အ ဖြစ်အသစ်တိုးချဲ့ခဲ့ပြီးတော့ တောင်ကုတ်ခရိုင်မှာ တောင်ကုတ်မြို့နှင့်မာန်အောင် မြို့တို့ပါဝင်ပါတယ်အမ်းမြို့နယ်ထဲက တပ်တောင်မြို့နှင့်ကမ်းထောင်းကြီးမြို့ တို့မှာလည်း အမ်းခရိုင်မှာပါဝင်သွားပါပြီ။တောင်ကုတ်မြို့နယ်ထဲက မအီမြို့နှင့် တန်းလွဲရွာမမြို့အပါအဝင် မာန်အောင်မြို့ကလည်းတောင်ကုတ်ခရိုင်ထဲ ရောက် သွားပါတယ်။

မြန်မာနိုင်ငံတဝန်း ခရိုင်တွေထပ်မံတိုးချဲ့လိုက်တာဟာ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ ကိစ္စတွေအတွက်သာမဟုတ်ဘဲ PR စနစ်နဲ့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာသာဖြစ်ပါတယ်။ယခင်ရွေးကောက်ပွဲ ရလာဒ်တွေအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ရဲ့အခိုင်အမာနယ်မြေဟာ အမ်းမြို့နယ်ဖြစ်ပြီး NLD အားကောင်းတဲ့ နယ်မြေတွေဟာ တောင်ကုတ်၊သံတွဲ၊ဂွမြို့နယ် တွေဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ(ANP)ကတော့စစ်တွေခရိုင်၊မောင်တောခရိုင်၊မြောက်ဦး ခရိုင်နဲ့ကျောက်ဖြူခရိုင်တွေမှာအနိုင်ရခဲ့ပါတယ်။မာန်အောင်မြို့နယ်ဟာ တောင်ကုတ်ခရိုင်ထဲကို ပါသွားပြီးဖြစ်လို့ ရခိုင်တောင်ပိုင်းက အမျိုးသားရေချိန် မြင့်လာတဲ့အခြေအနေကို ချိနဲ့သွားအောင်လုပ်လိုက်တယ်လို့ ဝေဖန်ကြပါတယ်။

PR စနစ်နဲ့ ရခိုင့်ပါတီတွေ သဘောထား

ရခိုင်မှာ ရခိုင်လူမျိုးကိုအခြေခံတဲ့ ရခိုင်အမျိုးသားပါတီ(ANP)၊ရခိုင်ဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ(ALD)နဲ့ရခိုင့်ဦးဆောင်ပါတီ(AFP)ဆိုပြီး ပါတီသုံးခုရှိပါတယ်။

၂၀၂၁ ခု၊ဒီဇင်ဘာလကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ PR စနစ်နဲ့ပက်သက်တဲ့ အစည်းအ ဝေးကိုဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP)ပါတီက တာဝန်ရှိသူနှစ်ဦးတက်ရောက်ဆွေးနွေးခဲ့ပါတယ်။တခြားပါတီနှစ်ခုက တက် ရောက်ဆွေးနွေးတာမရှိခဲ့ပါဘူး။

လက်ရှိမြန်မာနိုင်ငံရေးအကျပ်အတည်းရဲ့ထွက်ပေါက်ဟာ အထွေထွေရွေး ကောက်ပွဲဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပနိုင်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အကျပ်အတည်းဖြစ်ပေါ်လာမယ်လို့ ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောဆိုပါတယ်။

လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် ဆွေးနွေးတာ၊ကြိုတင်ပြင်ဆင်တာတွေမရှိသေးဘူးလို့ ဆိုပါတယ်။လက်ရှိမြန်မာ နိုင်ငံ၏နိုင်ငံရေးအခင်းအကျင်းဟာရွေးကောက်ပွဲပြုလုပ်နိုင်တဲ့ အခြေအနေမှာ ရှိမနေဘူးလို့လည်း ပါတီဥက္ကဋ္ဌဦးသာထွန်းလှကထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့တိုးနိုင်ဖို့နဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အတွက်နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး သဘောတူညီချက်တွေ လုပ်ထားဖို့လိုအပ်တယ်လို့ ANPပါတီက အကြံပြုထား ပါတယ်။

NLD ကလက်မခံ

အာဏာသိမ်းစစ်ကောင်စီက အသစ်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဟာ တရားမဝင်တဲ့အတွက်စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုလက်ခံမှာမဟုတ်ဘူးလို့ ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီက ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါ တယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အာဏာ သိမ်းခဲ့ပေမယ့် အဲဒီရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တဲ့ NLD ပါတီကတော့ဒီရွေးကောက်ပွဲရလဒ်ဟာ ခုထိတရားဝင်တည်ရှိ နေသေးပြီး ပြည်သူက အပ်နှင်းထားတဲ့ပြည်သူ့အာဏာကိုလည်းလက်ခံကျင့်သုံး နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး AA သဘောထား

ULA/AA ပြည်သူ့အစိုးရအနေနဲ့ လွန်ခဲ့တဲ့နှစ်တွေကစလို့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကိုစတင် လုပ်ဆောင်လာခဲ့ပြီး ဒီကနေ့အချိန်မှာဆိုရင်တော့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေဟာ ၆၀ရာခိုင်နှုန်းထိ လည်ပတ်နေပြီဖြစ်တ ယ်လို့ ခန့်မှန်းကြပါတယ်။

ဒါ့အပြင် တော်လှန်ရေးအစိုးရကနေ ပြည်သူ့လုံခြုံရေးတင်းပြည့်ကျပ်ပြည့်ရရှိ လာဖို့ပုံမှန်အချုပ်အခြာပိုင် အစိုးရတစ်ရပ်ဖြစ်လာဖို့အတွက် ကြိုးစားနေတယ်လို့ ပြောဆိုထားပါတယ်။ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ရာ နေရာတွေမှာ စစ်ကောင်စီကကျင်းပမယ့်ရွေးကောက်ပွဲကို ကျင်းပခွင့်ပြု/မပြု ဆိုတာနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဇွန်လ ၁၄ ရက်နေ့က ULA/AA ရဲ့ ရခိုင်ပြည်သူအစိုးရကနေ ပြုလုပ်တဲ့ တတိယ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက“ရွေးကောက်ပွဲအဆက်ဆက်နဲ့တက်လာတဲ့အစိုးရတွေရဲ့ လုပ်ရပ် တွေကိုပြန်ကြည့်လို့ရှိရင် ရခိုင်တွေရဲ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဲ့ဒီ အစိုးရအဖွဲတ့ွေ တစ်စုံတစ်ရာ အကျိုးပြုခဲ့တာမရှိဘူး။အကျိုးမပြုခဲ့လို့လဲ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံးအခြေအနေကို ရောက် ရှိခဲ့ရတာဖြစ်တယ်။ဒါကြောင့် ရခိုင်ပြည်နယ်မှာ ဘာရွေးကောက်ပွဲပဲ ဖြစ်လာ ဖြစ်လာ အစိုးရတွေကပဲ အကျိုးရှိပြီးပြည်သူအတွက်အကျိုးမရှိဘူးဆိုတာ ကျွန်တော်အနေနဲ့ ထောက်ပြလိုပါတယ်။”လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ရာဒေသမှာ ရွေးကောက်ပွဲကျင်းပခွင့် ပြုမပြုကို မှတ်ချက်ပေးပြောကြားခဲ့တာတော့ မရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်ဟာ ခုလိုဒုတိယအဆင်းရဲဆုံးအဆင့်ကို ရောက်ရှိခဲ့ရတာဟာလ ည်းရခိုင်ပြည်သူတွေအနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိတာ၊ကိုယ်ပိုင်စီမံအုပ်ချုပ် ပိုင်ခွင့်မရှိတာ၊ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်မရရှိဘဲ တိုင်းတပါးအစိုးရတွေကပဲ စီမံဖန်တီးခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့လည်း ခိုင်သုခက ထောက်ပြပြော ဆိုပါတယ်။

ရခိုင်က လူထုသဘောထားဘယ်လိုရှိလဲ

ရခိုင်ပြည်နယ်မှာ ဘာရွေးကောက်ပွဲပဲဖြစ်လာဖြစ်လာ အစိုးရတွေကပဲ အကျိုးရှိ ပြီး ပြည်သူအတွက်အကျိုးမရှိဘူးလို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခရဲ့ပြောဆိုချက်ကို ရခိုင်လူထုကထောက်ခံကြပါတယ်။

လက်ရှိကာလမှာတော့ ရခိုင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကို စိတ်ပါဝင်စား မှုမရှိကြတော့သလို ဗမာအစိုးရအဆက်ဆက်က ပြုလုပ်ကျင်းပခဲ့တဲ့ရွေးကောက် ပွဲတိုင်းဟာ ရခိုင်ပြည်သူတွေကိုအကျိုးပြုခဲ့တာမရှိဘူးလို့ ဦးခိုင်သုခက သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

လက်ရှိအခြေအနေအရ ရခိုင်လူထုဟာ ပါတီနိုင်ငံရေးကို စိတ်ပျက်သွားကြပြီး ရွေးကောက်ပွဲကိုစိတ်ဝင်စားမှု မရှိသလောက်ဖြစ်သွားပါတယ်။ရခိုင်လူထုဟာ ရက္ခိုင့်တပ်တော် AA ရဲ့ ရက္ခိတလမ်းစဉ်အောက်မှာ တသားတည်းရှိနေကြပြီး ရက္ခိုင့်တပ်တော် AA ရဲ့ ဦးဆောင်မှုနောက်မှာရှိနေကြပါပြီ။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် က မြို့နယ် ၁၇မြို့နယ်အနက် ၈ မြို့နယ်မှာသာ ရွေးကောက်ပွဲလုပ်နိုင်ခဲ့ပြီး ကျန် ၉ မြို့နယ်မှာရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး။

လာမယ့် ၂၀၂၃ ခုမှာကျင်းပမယ့် စစ်ကောင်စီရဲ့PRရွေးကောက်ပွဲအတွက် ရခိုင် မှာ ပြင်ဆင်မှုတွေစလုပ်လာပေမယ့် လတ်တလော နှစ်ဖက်လူဖမ်းပွဲတွေ ဆက်ရှိ နေပြီး စစ်ရေးတင်းမာမှုတွေဆက်ရှိနေရင်တော့ ရွေးကောက်ပွဲဖြစ်နိုင်မှာမဟုတ် ပါဘူး။

ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်မဖြစ်ဆိုတာကတော့ ရက္ခိုင့်တပ်တော် (AA )နဲ့ စစ်ကောင်စီတို့အကြား စေ့စပ်ညှိနှိုင်းမှုအပေါ်မှာမူတည်နေပြီးတော့ အထူးသ ဖြင့် ရက္ခိုင့်တပ်တော် (AA)ရဲ့သဘောထားဘာလဲဆိုတဲ့အပေါ်မှာ ရွေးကောက် ပွဲရလဒ်လည်းပြောင်းလဲသွားနိုင်ပါတယ်။

#BNA#PR#ULA/AA#ရခိုင်#‌ရွေးကောက်ပွဲ #အာဏာသိမ်း#စစ်ကောက်စီ# ANP# AFP#ALD#

https://www.facebook.com/permalink.php?story_fbid=180413267734321&id=107469705028678

Leave a Reply

Your email address will not be published.