ရခိုင်စစ်ရှောင်စခန်းတွေမှာ အစိုးရဆီက ဆန်ရိက္ခာမရတာ တစ်လကျော်ရှိပြီ

By Border News Agency/2022 July 08

(ဓာတ်ပုံ-ရသေ့တောင်မြို့ပေါ်မှ စစ်ဘေးရှောင်စခန်းတစ်ခု/BNA)

ရခိုင်စစ်ဘေးရှောင်စခန်းတွေမှာ အစိုး ရဆီကနေ ဆန်ရိက္ခာမရတာ တစ်လကျော်ရှိပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ အဲဒီက စစ်ဘေးဒုက္ခသည်တွေက ပြောကြပါတယ်။

ကုန်ခဲ့တဲ့ဇွန်လနဲ့ ယခုဇူလိုင်လအတွက် ဆန်ရိက္ခာမရသေးတာဖြစ်တယ်လို့ သူတို့က ပြောကြပါတယ်။

အစိုးရရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဟာ ရခိုင်စစ်ရှောင်တွေကို လစဉ် ဆန်ရိက္ခာ ထောက်ပံ့နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရခိုင်စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါ ရီ၊မတ်၊ဧပြီသုံးလစာအတွက်လည်း ဆန်ရိက္ခာမရခဲ့ကြသလို မေလအတွက်သာ အထောက်အပံ့ရခဲ့ကြပတာမို့ ယခုလတွေအတွက် ထပ်မရသေးဘူးလို့လ ည်း ဆိုပါတယ်။

အဲဒီဆန်ရိက္ခာမရခဲ့တဲ့ လတွေအတွင်း ချေးငှားစားသောက်နေခဲ့ကြရတဲ့အတွက် အရင်ကြွေးဟောင်းတွေ မကျေသေးခင်မှာ ခုထပ်ပြီး ချေးငှားနေကြရတယ်လို့ မြောက်ဦးမြို့၊မြို့ဦးဂေါင်းစစ်ဘေးရှောင်စခန်းမှ ဒေါ်မအောင်မြင့် က ပြောပါတယ်။

“အချင်းချင်း ချေးငှားပြီးတော့ စားကြရတယ်။အ ချင်းချင်းမှာမရှိရင် အပြင်က အတိုးနဲ့ ချေးစားကြရတယ်။အများစုက အဲဒီလိုပါ။”လို့ သူမက ပြောပါတယ်။

အဲဒီလိုအခက်အခဲတွေကြောင့် လစဉ်ဆန်ရိက္ခာပုံမှန်ထောက်ပံ့ပေးဖို့ စစ်ဘေးဒုက္ခသည်တွေက တောင်းဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၂ ခုနှစ်၊ပထမခြောက်လကျော်အတွင်းမှာ နှစ်လအတွက်ပဲ ဆန်ရိက္ခာထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

“မပြတ်တမ်းသံကြိုးဆက်လို ဆပ်လေ၊စားလေ၊(ပြန်)ချေးလေ။အဲဒီလို အ ကြွေးသံသရာ လည်နေတာပါပဲ။”လို့ ကျောက်တော်မြို့နယ်၊တောင်မင်းကုလားရွာစစ်ဘေးရှောင်စခန်းမှ ဦးအောင်ကျော်ဝင်းက ပြောပါတယ်။

စစ်ကာင်စီဟာ ရခိုင်စစ်ရှောင်တွေကို တစ်လမှာ တ စ်ဦးလျှင် ဆန် နို့ဆီဗူး ၂ လုံးကျစီ ထောက်ပံ့ပေးနေပေမယ့်တခါတလေမှာ အပြည့်အ၀မရကြသလို အပြည့်အ၀ရတဲ့အခါမှာလည်း လောက်ငှမှု မရှိဘူးလို့ စစ်ရှောင်တွေက ပြောကြပါတယ်။

ဒါကြောင့် ရခိုင်စစ်ရှောင်စခန်းတွေက ဒုက္ခသည်တွေဟာ ကြုံရာကျပန်းအလု ပ်တွေကို ထွက်လုပ်နေကြရပြီး စားနပ်ရိက္ခာအတွက် ရုန်းကန်နေကြရတယ်လို့ ဆိုကြပါတယ်။

နီးစပ်ရာ တောတောင်တွေကို သွားပြီး မျှစ်ချိုးတာ၊လယ်ကွင်းတွေမှာ မြက်နုတ်၊ကန်သင်းဘောင်ဆည်တာ စတဲ့ နေ့စားအလုပ်တွေ ထွက်လုပ်နေကြတ ယ်လို့ မြောက်ဦးမြို့နယ်၊တိမ်ညိုစစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ ဦးထွန်း စိုးယိုင်က ပြောပါတယ်။

“မရှိတဲ့လူကတော့ ချေးငှားပြီးတော့ စားတယ်။အခု မိုးရာသီဆိုရင် လယ်မှာ မြက်နုတ်ဖို့ အငှားလိုက်တယ်။အဲလို စားနေကြတာပဲ။”လို့ သူက ဆိုပါတယ်။

စစ်​ကောင်စီအစိုးရက ဆန်ရိက္ခာထော က်ပံ့ဖို့ နောက်ကျနေတာနဲ့ ပတ်သက်လို့ ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူ့အနေနဲ့မသိသေးဘူးလို့ ဆိုပါတယ်။

ရခိုင်က နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ သူတို့နေ ရပ်မှာ မိုင်းအန္တရာယ်စိုးရိမ်ရတာ၊ကျေးရွာတွေအတွင်းနဲ့အနီးမှာ စစ်ကောင်စီတပ်သားတွေနေရာယူထားတာ၊လုပ် ကိုင်စားသောက်ဖို့ အဆင်မပြေမှာ စိုးရိ မ်တာ၊နေအိမ်တွေမရှိတော့တာ စတဲ့အချက်တွေကြောင့် နေရပ်မပြန်ရဲကြသေးလို့ ပြောကြပါတယ်။

#BNA#ရခိုင်#စစ်ဘေးရှောင်#စားနပ်ရိက္ခာ#စစ်ကောင်စီ#လိုအပ်နေ#

https://www.facebook.com/permalink.php?story_fbid=179547987820849&id=107469705028678

Leave a Reply

Your email address will not be published.