By Arakan Princess Media /2022 July 18
ရက္ခိုင့်တပ်တော် AAမှ ၂၀၂၁ ခုနှစ် ဂျူလိုင်၁၇ ရက် နိတွင်ကွယ်လွယ်လားခသည့် ဗိုလ်မှူးကြီး ဘုန်းမြတ် (၁) နှစ် ပြည့် အောက်မိဖွယ် အခမ်း အနားနန့် ဒေနှစ် ဂျူလိုင်၄ရက်နိက ထိုင်း-ကရင်နယ်စပ်၌ကျဆုံးလားခသည့် AA တပ်သား (၆) ယောက်အတွက် အလှူဒါန ပြုလုပ်သည့် အခမ်းအနားတခုကို ဘင်္ဂလာဒေ့ချ်နိုင် ငံတွင် ကျင်းပသည်။
ယင်းအခမ်းအနားကို ဘင်္ဂလာဒေ့ချ်နိုင်ငံ ကော့စ်ဘဇား(ခေါ်) ဖလောင်းချိတ်မြို့ဟိ မြစ်နားဘုန်းတော်ကြီးကျောင်း၌ ဂျူလိုင် ၁၇ ရက်နိနိခင်း ၁၂နာရီက စ တင်ပြုလုပ်ခခြင်းဖြစ်ပြီးလူပေါင်းရာနန့်ချီ၍ တက် ရောက်ခကတ်သည်။
အခမ်းအနားတွင် ရက္ခိုင့်တပ်တော်(AA) မှ ထိပ်ပိုင်း ဂေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးကြီးကျော်ဟန်မှ အခမ်းအနားသို့ ပီးပို့ သည့် အသံဖိုင်မိန်းခွန်းကိုလေ့ တက်ရောက်လာသူများအား ဖွင့်လှစ်ပြသခကာ ပင့် ဖိတ်ထားသည့် သံဃာတော်များအား ဆွမ်း၊ သင်္ကန်းနန့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းသည်။
ယင်းနောက် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ ငါးပါး သီလခံယူခြင်း၊ဗိုလ်မှူးကြီးဘုန်းမြတ်နန့်ထိုင်း-ကရင် နယ်စပ်တွင် ကျဆုံး ခသော ရဲဘော် ၆ယောက်အား ရည်စူး၍ လှူဖွယ်ပစ္စည်းများကို ရီစက်ချအမျှပီးဝီခြင်းများပြုလုပ်ပြီး တက်ရောက်လာသူများကို ဧည့် ခံကျွေးမွေးကာ အခမ်းအနားကို မွန်းလွဲ ၂နာရီကျော် ၌ ရုပ်သိမ်းလိုက်သည်။
https://www.facebook.com/arakanprincessmedia1/posts/182602554159569