မြောက်ဦးမြို့တောင်ရပ်ခွဆုံအနီး ရွှေဆိုင်တစ်ဆိုင်မှ ဆွဲကြိုးနှစ်ကုံးလုယက်သော သူခိုးအားဖမ်းဆီးရမိ

By Voice Of Westland/2022 July 07

မြောက်ဦးမြို့ တောင်ရပ်ခွဆုံအနီး ဦးသာကျော်ဖြူရွှေဆိုင်မှ ဒီကနေ့ ဇူလိူင် ၇ရက်နေ့ နံနက် ၁၀နာရီအချိန်ခန့်မှာ ရွှေဆွဲကြိုးနှစ်ကုံးလုယက်ခဲ့တဲ့ သူခိုးကို လက်ရဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွေထံမှ သိရပါတယ်။

ဆွဲကြိုးလုယက်သူဟာ ဦးသာကျော်ဖြူရဲ့ ရွှေဆိုင်ကို ရွှေလာဝယ်သူပုံစံနဲ့ ရွှေဆွဲကြိုးတွေပြခိုင်းရာကနေ ရောင်းသူကထုတ်ပြရာမှ လုယက်သွားခဲ့တာဖြစ်တယ်လို့ အခင်းဖြစ်ပွားရာရွှေဆိုင်အနီးက သွားဆရာဝန် ဒေါက်တာပြုံးချိုက VOW ကိုပြောပါတယ်။

“အဲဒီသူခိုးက ရွှေလာဝယ်တဲ့ပုံစံနဲ့ဆိုတော့ ရောင်းမလို့ထုတ်ပြတဲ့အခါ လုယက်ပြီးပြေးသွားတာပါ။ ရွှေဆွဲကြိုး ၂ ကုံးပါ။ ရွာသားတွေ အယောက် ၃၀ လောက်ပေါင်းပြီး ဝိုင်းဖမ်းလိုက်တာ ချောင်းထဲကမိတယ်လို့ကြားတယ်။ ဆွဲကြိုးရော ခိုးသူရော လက်ရဖမ်းမိပါတယ်”လို့ ပြောပါတယ်။

ဆွဲကြိုးလုယက်ခဲ့တဲ့သူဟာ မြောက်ဦးမြို့နယ် လေးမြို့ချောင်းက မော်ရွာသားတစ်ဦးဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

လက်ရှိမှာ အဲဒီသူခိုးကို ရက္ခိုင့်တပ်တော် AAက ဖမ်းဆီးထိန်းသိမ်းရန် ခေါ်ဆောင်သွားတယ်လို့ အရပ်သားတွေရဲ့ ပြောပြချက်အရသိရပါတယ်။

https://www.facebook.com/VOW2ppl/posts/177482668004452

Leave a Reply

Your email address will not be published.