By Border News Agency/2022 July 09
မောင်တောမြို့ရှိ ဟိန္ဒူဘာသာဝင်တွေရဲ့ “ဂျော်ဂ်နာသ် “ဘုရားပူဇော်ပွဲကို ၉ ရက်တိုင်တိုင် ကျင်းပခဲ့ပြီးတော့ မြို့မအရှေ့ရပ်ကွက် မြို့သစ်(ရွာသစ်)ရပ်ကွက်ကနေ မြို့မမြောက်ရပ်ကွက်၊ ဝိမလမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းကို ပြန်လည်ပင့်ဆောင်ခဲ့ပြီဖြစ်ပါတယ်။
အဲဒီ “ဂျော်ဂ်နာသ်”ဘုရားပူဇော်ပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁ရက်နေ့ကနေ ဇူလိုင်လ ၉ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီးတော့ တိုင်းပြည်အေးချမ်းရေး၊ ဆန်ရေစပါးပေါများရေးစတဲ့ နိမိတ်တွေကို ယူပြီးတော့ ပြုလုပ်ရတာဖြစ်တယ်လို့ ဟိန္ဒူဘာသာဝင်တွေက ပြောပါတယ်။
“ဂျော်ဂ်နာသ်”ဘုရားပွဲ ကျင်းပတဲ့ ၉ ရက်အတွင်းမှာ ဟိန္ဒူဘာသာဝင်တွေဟာ ဘုရားရှိခိုးကျောင်းတွေမှာ စုရုံးပြီးတော့ ကောင်းမှုသီလယူတာ၊ သက်သတ်လွတ် အစားအစာတွေနဲ့ ကျွေးမွေးဧည့်ခံတာတွေ ပြုလုပ်ကြပါတယ်။
ဓာတ်ပုံ-BNA
https://www.facebook.com/permalink.php?story_fbid=179767114465603&id=107469705028678