By Narinjara /2022 July 08

ရခိုင်ပြည်နယ် မောင်တောမြို့တွင် လူငယ် ၁ ဦး ပြန်ပေးဆွဲခံရမှုမှာ မဟုတ်မှန်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောသည်။
ပျောက်ဆုံးသွားပြီးနောက် ပြန်ပေးဆွဲခံရသည်ဟုသတင်းများထွက်ပေါ်ခဲ့သည့်လူငယ်မှာ မောင်တောမြို့ မြို့မတောင်ရပ်ကွက်မှ ဦးမုဆ်တော်ကမ်၏သား အာဖာ (၁၆ နှစ်)ဖြစ်ပြီး ဇူလိုင်လ ၆ ရက်ညတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ပျောက်ဆုံးသွားပြီးနောက် သူသည် ပြန်ပေးဆွဲခံရသည်ဟု လူမှုကွန်ရက်များတွင်သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။
“ပြန်ပေးဆွဲခံရတာတော့ မဟုတ်ဘူး။ သူတို့ငွေရေးကြေးရေးကိစ္စလို့ ပြောသံကြားတယ်။ သူ့ဆီက ပိုက်ဆံရဖို့ရှိတဲ့သူတွေက ရွှေဇားက။ အဲဒီမှာ သူတို့က မြို့ပေါ်မှာ ဘီယာလေးဘာလေးသောက်ရင်း အဲဒီနေ့ညက အိမ်ကိုမရောက်ဘူး။ ငွေလည်း မပေးခဲ့ရဘူးလို့ ပြောတယ်”ဟု ပြောသည်။
ပြန်ပေးဆွဲခံရသည်ဟုသတင်းများထွက်ပေါ်ခဲ့သူတွင် ထိခိုက်ဒဏ်ရာတစ်စုံတရာရရှိခဲ့ခြင်းလည်း မရှိခဲ့ဟု ဦးလှသိန်းက ပြောသည်။
ထိုလူငယ်သည် မောင်တောမြို့မစျေးတွင် အလှကုန်ပစ္စည်းများကို ဆိုင်ဖွင့်ရောင်းချနေသူဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်က မောင်တောမြို့နယ် သင်္ဘောလှကျေးရွာမူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် လက်ထောက်ဆရာမတို့ ၂ ဦးသည် လက််နက်ကိုင်အဖွဲ့တစ်ခု၏ပြန်ပေးဆွဲခြင်းကိုခံလိုက်ရပြီးနောက် မြန်မာငွေ ကျပ်သိန်း ၁ဝ၄ဝ နှင့်ညီမျှသည့် ဘင်္ဂလားတာကာငွေ သိန်း ၅ဝ ကို ပြန်ပေးဆွဲသမားများထံ လွှဲပေးပြီးမှ လွတ်မြောက်လာခဲ့သည်။
ယင်းဖြစ်ရပ်ကြောင့် ဒေသခံများမှာ စိုးရိမ်စိတ်များမြင့်တက်လျက်ရှိသည်ဟု သိရသည်။ (NN-2)
ဓာတ်ပုံ – မောင်တောမြို့တစ်နေရာအားတွေ့ရစဉ်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
https://www.facebook.com/narinjara.info/posts/5619664611378903