မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး၊ဖမ်းဆီးခံရမှုများ

By Border News Agency/2022 July 19

(ဓာတ်ပုံ-အေအေဖမ်းဆီးရမိသူတွေနဲ့လက်နက်ခဲယမ်းတွေ/APM)

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဇူလိုင် ၁၈ ရက်၊မနေ့ကဖြစ် ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး၊ဖမ်းဆီးခံရမှုတွေရှိပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့အတူစစ်သုံ့ပန်း ၁၄ ဦးဖမ်းဆီးရမိတယ်လို့လည်း အေအေဖက်က အတည်ပြုပြောပါတယ်။

“နယ်ခြားစောင့်နဲ့ စစ်ကောင်စီတပ်တို့ပူးပေါင်းထားတဲ့အဖွဲ့နဲ့ကျွန်တော်တို့ ရက္ခိုင့်တပ်တော်တပ်ဖွဲ့တွေကြားမှာ ထိတွေ့တိုက်ပွဲဖြစ်တာဖြစ်ပါတယ်။အဲဒီတိုက်ပွဲဖြစ်စဥ်အထဲမှာ ရန်သူဘက်က တော့သေဆုံးသူနဲ့ဒဏ်ရာရသူ အများကြီးရှိတယ်။လက်နက်ချ အညံ့ခံပြီးတော့ ဖမ်းဆီးခံရသူက ရဲမှူးတစ်ယော က်အပါအဝင် စုစုပေါင်း ၁၄ ယောက်ရှိတယ်။”လို့ အေအေရဲ့ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကဆိုပါတယ်။

အဲဒီတိုက်ပွဲဟာ မောင်တောမြို့နယ်မြောက်ပိုင်း၊သောင်ပိုင်ညာကျေးရွာနဲ့ စံပ္ပါယ် ပင်ရင်းကျေးရွာကြားမှာ တစ်ကြိမ်၊ဒုံးကုလားကျေးရွာနဲ့ ဝက်ကျိန်းကျေးရွာကြား မှာတစ်ကြိမ်၊တစ်ရက်တည်းနှစ်နေရာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

”မင်္ဂလာညွန့်နယ်ခြားစောင့်စခန်းတောင်ပေါ်ကတော့ လက်နက်ကြီးပစ်ကူပေး ခဲ့ပါတယ်။ရွာသားတွေကတော့ ကြောက်လို့စာသင်ကျောင်းမှာစုနေခဲ့ကြပါတယ်။”လို့ မြဝတီကျေးရွာသားတစ်ဦးက ဆိုပါတယ်။

မနေ့ကတိုက်ပွဲတွင် အာဏာသိမ်းစစ် တပ်မှစစ်အသုံး အဆောင်ပစ္စည်းများ၊ခဲယမ်း မီးကျောက်၊ပီစတို၂ လက်အပါအဝင် လက်နက်ငယ် ၂၇ လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း အေအေဖက်ကဆိုပါတယ်။

အဲဒီတိုက်ပွဲဖြစ်ခဲ့တဲ့ သောင်ပိုင်ညာကျေးရွာနဲ့စံပ္ပါယ်ပင်ရင်းကျေးရွာဟာ ကြိမ်ချောင်း-တောင်ပြိုကားလမ်းမအနီးမှာရှိပြီး ဒုံးကုလားကျေးရွာနဲ့ ဝက်ကျိန်း ကျေးရွာကတော့ ကြိမ်‌ချောင်း-ဗန္ဓုလကားလမ်းဘေးမှာတည်ရှိပါတယ်။

မနေ့ကတိုက်ပွဲမှာ တောင်ပြိုလက်ယာ၊ကြိမ်ချောင်း၊မင်္ဂလာညွန့်ရဲကင်းစခန်း၊တရိန်းရဲကင်းစခန်းစတဲ့နေရာတွေလက်နက်ကြီးပစ်ကူပေးခဲ့ပြီး သေဆုံး၊အဖမ်း ခံရသူတွေက နခခ ၇ ကြိမ်ချော င်းစစ်ဗျူဟာကဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

ဒီနှစ်နှစ်ဆန်းပိုင်းကလည်း အဲဒီမောင်တောမြောက်ပိုင်းက လက်ပံတောင်ကြော အနီးမှာ အေအေနဲ့စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

#BNA#မောင်တော#မြောက်ပိုင်း#တိုက်ပွဲ#AA#စစ်ကောင်စီ#နခခ#

https://www.facebook.com/permalink.php?story_fbid=181810970927884&id=107469705028678

Leave a Reply

Your email address will not be published.