By Narinjara /2022 July 17
Photo – မောင်တောမြို့နယ် ကရုဏာ ကွန်ရက်
ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ခရိုင်ပြန်ဆက်ဦးစီးအရာရှိသည် ယမန်နေ့က ကြိုးဆွဲချသေဆုံးသွားခဲ့သည်ဟု သိရသည်။
သေဆုံးသွားသူမှာ မောင်တောခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဦးစိုးလွင် (၄၂ နှစ်)ဖြစ်သည်။
“သူက မနက်ပိုင်းမှာ အိမ်အတွက် စျေးတွေဘာတွေလည်း ဝယ်ပေးခဲ့တယ်။ မုန့်တွေဘာတွေလည်း ဝယ်ပေးခဲ့တယ်။ ပြီးတော့ ရုံးတက်မဲ့ပုံစံမျိုးနဲ့ ရုံးကို သွားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက် ၁ဝ နာရီဝန်းကျင်လောက်မှာ လူတွေလာကြတော့ ကြိုးဆွဲချပြီး ဆုံးနေပြီ”ဟု ပြောသည်။
သေဆုံးသူသည် ကျောက်တော်မြို့နယ် ဇာတိဖြစ်ပြီး မောင်တောမြို့ မြို့မမြောက်ရပ်ကွက် ဝိမလတွင် မိသားစုနှင့်နေထိုင်သူဖြစ်သည်။
သေဆုံးသူတွင် နေ့စေ့လစေ့ကိုယ်ဝန်သည်ဇနီးနှင့်အတူ သားလေးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။
သူ၏ရုပ်အလောင်းကို ယနေ့ညနေပိုင်းက မောင်တောသုသာန်တွင် သင်္ဂြိုလ်ခဲ့သည်ဟုလည်း သိရသည်။
https://www.facebook.com/narinjara.info/posts/5648112901867407