By Voice Of Westland/2022 July 08

ရခိုင်ကနေ မလေးရှားနိုင်ငံကိုသွားရောက်ပြီး ငါးဖမ်းလှေလိုက်နေတဲ့ လူငယ်တစ်ဦးဟာ (၁၀) ရက်ထိကြာအထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
ပျောက်ဆုံးသွားသူကတော့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရွာပုလဲကျေးရွာက အသက်(၃၄)နှစ်အရွယ်
ကိုဇော်ဇော်ဦး ဖြစ်ပါတယ်။
သူဟာ မလေးရှားနိုင်ငံ၊ ကွန်တန်းမြို့မှာ ငါးဖမ်းလှေလိုက်နေတဲ့ အလုပ်သမားတစ်ယောက်လည်းဖြစ်ပါတယ်။
” သူက ရွာကိုပြန်လာဖို့ ပြောထားတာ။ အဲဒီနောက်အဆက်သွယ်လည်းမရပါဘူး။ ၂၉ ရက်နေ့လောက်
ကနောက် ဖုန်းဆက်လာတယ်။ သူပျောက်သွားတယ်လို့ သူငယ်ချင်းတွေက ဖုန်းဆက်လာလို့ သိရတယ်”
လို့ ပျောက်ဆုံးနေသူ ကိုဇော်ဇော်ဦးရဲ့ မိခင် ဒေါ်ဗြဲမ
က VOW ကို ပြောပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ငါးဖမ်းလှေကမ်းမှာကပ်ထားတဲ့အချိန် ရုတ်တရက်ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” သူက မလေးရှားကိုရောက်နေတာ ၄ နှစ်လောက်ရှိ
ပြီ။ တရားဝင်သွားတာတော့မဟုတ်ပါဘူး။ရောက်ရောက်ချင်းတော့ အထပ်သားစက်ရုံမှာလုပ်တယ်လို့ပြောတယ်။ အခုက ငါးဖမ်းလှေနဲ့ လိုက်နေတာပါ” လို့ မိခင်ဖြစ်သူက VOW ကို ပြောပါတယ်။
အဲဒီလူငယ်ပျောက်ဆုံးခဲ့တဲ့နေ့ကစပြီး နီးစပ်ရာ သူငယ်ချင်းတွေက လိုက်လံရှာဖွေမှုတွေလုပ်နေပေ
မယ့် လက်ရှိ (၁၀) ရက်ကြာတဲ့အထိ သတင်းအစအနမရသေးဘူးလို့ ဆိုပါတယ်။