ဘင်္ဂလားဒေ့ရှ်ပြန် စက်လှေသမား ၁၁ ဦးတွင် ကိုဗစ်ပိုးတွေ့ထားသော်လည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်‌ရေး ထိခိုက်မှုမရှိဟုဆို

By Narinjara /2022 July 18

ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးဖြင့်ပြန်လာသည့် စက်လှေသမား ၁၁ ဦး၌ ကိုဗစ်ပိုးတွေ့ထားသော်လည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်‌ရေးကို ထိခိုက်မှုမရှိဟု သိရသည်။


“အခုအချိန်မှာ ပြန်လို့ ပိုးတွေ့လာတဲ့သူတွေကိုလည်း သီးသန့်‌ရွေးထုတ်ပြီး ပရိုဆီဂျာအတိုင်းပဲဆက်လုပ်တဲ့အတွက်‌ကြောင့် လက်ရှိတွေ့ထားတဲ့နှုန်းနဲ့တော့ ကုန်သွယ်‌ရေးအ‌ပေါ်တစ်စုံတစ်ရာထိခိုက်မှာ‌တော့ မရှိနိုင်ပါဘူး”ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့်စက်လှေသမား ၃ ဦး၌ ကိုဗစ်ပိုး တကျော့ပြန်တွေ့ရှိခဲ့ခြင်းဖြစ်သည်။


၄င်းတို့တွင်တွေ့ထားသည့် ကိုဗစ်ပိုးမှာ ယခု ကမ္ဘာတွင်နောက်ဆုံးပေါ် အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 မျိုးစိတ်ဟုတ်/မဟုတ်ကိုလည်း အတည်မပြုနိုင်သေးဟု ပြည်နယ်အစိုးရက ဇူလိုင်လ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါ ၁၁ ဦးအနက် အချို့မှာ ကျန်းမာရေးကောင်းမွန်၍ စစ်တွေဆေးရုံမှ ဆင်းသွားကြပြီဖြစ်ပြီး အချို့မှာ ဆေးရုံအတွင်း ဆေးကုသမှုဆက်လက်ခံယူနေရသည်ဟု သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို ကိုဗစ်တတိယလှိုင်းဖြစ်ပွားခဲ့မှုကြောင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် ယာယီပိတ်ထားခဲ့ရာမှ ယင်းနှစ် အောက်တိုဘာ ၁၆ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ (NN-13)

Photo – RSCCI

https://www.facebook.com/narinjara.info/posts/5650559384956092

Leave a Reply

Your email address will not be published.