ပေါက်တောမြို့နယ်က ပင်လယ်ကမ်းစပ်မှာ လူသေအလောင်းနှစ်လောင်းတွေ့

By Border News Agency/2022 July 08

(ဓာတ်ပုံ-စစ်ကောင်စီရေယာဥ်တစ်စီအား ကုလားတန်မြစ်အတွင်းတွေ့ရစဥ် /BNA)

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ပေါက်တောမြို့နယ်က ပင်လယ်ကမ်းစပ်မှာဇူလိုင်လ ၈ ရက်၊ဒီနေ့မနက်က လူသေအလောင်းနှစ်လောင်းကို နေရာနှစ်ခုမှာတွေ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအလောင်းတွေဟာ ပေါက်တောမြို့ နယ်၊မြေငူကျွန်းအရှေ့ဘက်ခြမ်း၊သဲခုံကျေးရွာအနီး ကမ်းစပ်မှာ ကြိုးချည်ထားပြီးသေဆုံးနေကြတာလို့ ဆိုပါတယ်။

“ဘယ်ရွာကလဲ။ဘယ်သူလဲဆိုတာမသိဘူး။အလော င်းက ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီလို့ သိရတယ်။အလောင်းအနီးကိုဘယ်သူမှကပ်လို့မရဘူး။စစ်သားတွေက တောင်ရွာဘက်ကိုဆင်းသွားတယ်။ဒီကိစ္စကို စစ်သားတွေဆီ သတင်းပေးထားရတယ်။”လို့ သဲခုံကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီသဲခုံကျေးရွာသို့ရောက်နေတဲ့စစ်ကောင်စီတပ် သားတွေဟာ အလောင်းတွေကို လာကြည့်၊မကြည့်မသိရသေးပေမယ့်ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်သွားပြီး အဲဒီအလောင်းတွေရှိရာဖက်သို့ထွက်သွားကြတယ်လို့ ရွာသားတချို့ကဆိုပါတယ်။

အဲဒီသဲခုံကျေးရွာသို့ စစ်ကောင်စီတပ်တွေ စစ်ရေယာဉ်နဲ့ ပထမဆုံးအကြိမ်ရောက်လာကြတာမို့ ဒေသခံတွေစိုးရိမ်းနေကြပြီးစစ်သားတွေအမြန်ဆုံးထွက်သွားစေချင်တယ်လို့ ရွာသားတွေက ဆိုပါတယ်။

“ဒီလို အလောင်းတွေ့တယ်ဆိုတော့ စိုးရိမ်ကြောက် လန့်မှုတော့ ဖြစ်မိတယ်။ဒီမှာ စစ်သားတွေရောက်နေလို့ ကြောက်လို့မပြီးသေးဘူး နောက်တစ်ခု ပေါ် လာပြီ။ကိုယ့်ရွာမှာ ဒီလိုဖြစ်တော့ ထိတ်လန့်မှုတော့ ဖြစ်မိတယ်။”လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီသဲခုံကျေးရွာဟာ စစ်တွေမြို့ကလှ မ်းမြင်ရတဲ့ ငါးဖမ်းသမားတွေနေတဲ့ကျေးရွာဖြစ်ပြီး စစ်ကောင် စီတပ် အင် အား ၇၀ ခန့်ဟာ စစ်ရေယာဉ်တစ်စီးနဲ့အတူ ကစ္စပနဒီမြစ်အတိုင်းစုန်ဆင်းကာပြီး ဇူလိုင်လ ၅ ရက်နေ့ကတည်းကရောက်နေကြတာဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းရောက်ရှိနေတဲ့အချိန်မှာ ကြိုးတုတ်သေဆုံးနေတဲ့ အလောင်းနှစ်လောင်းကမ်းတင်တွေ့ရှိရတာမို့ ဒေသခံပြည်သူတွေကြား စိုး ရိမ်ကြောက်လန့်မှုတွေနဲ့ဝေဖန်ပြောဆိုမှုတွေ များနေပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစစ် တပ်တို့ကြား စစ်ရေးတင်းမာနေသလို အာဏာသိမ်း

စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပင်လယ်ပြင်မှာ

စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။

#BNA#ပေါက်တော#သဲခုံကျေးရွာ#လူသေအလောင်း#စစ်တပ်#ရေယာဥ်#ကမ်းစပ်#

https://www.facebook.com/permalink.php?story_fbid=179576501151331&id=107469705028678

Leave a Reply

Your email address will not be published.