ပုဏ္ဏားကျွန်းမြို့နယ်က သားအိမ်အနာဖြစ်နေတဲ့ အမျိုးသမီး တစ်ယောက် အရေးပေါ်ခွဲစိတ်ကုသဖို့ ငွေကြေးအခက်အခဲ ဖြစ်နေ

By Voice Of Westland/2022 July 09

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့ တောဖျားချောင်းဒေသအထက်ပိုင်း ဆင်သီကျေးရွာက အသက် ၄၀ နီးပါးရှိတဲ့ မခင်ဝင်းစိုး ဆိုသူမှာ သားအိမ်မှာ အနာဖြစ်နေတဲ့အတွက် စစ်တွေမြို့ကိုသွားရောက်ပြီး အရေးပေါ် ခွဲစိတ်ကုသဖို့အတွက် ငွေကြေးမတတ်နိုင် ဖြစ်နေတယ်လို့ ကာယကံရှင်မိသားစုတွေက VOW ကိုပြောပါတယ်။

မခင်ဝင်းစိုးမှာ သားအိမ်မှာ အနာ ဖြစ်နေတာဟာ ကြာမြင့်နေပြီဖြစ်ပြီး ငွေကြေးမတတ်နိုင်တဲ့အတွက် ခွဲစိပ်ကုသနိုင်ခဲ့ခြင်း မရှိသလို အခုရက်ပိုင်းအတွင်း မခွဲစိပ်နိုင်ပါက အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ဖြစ်လာနေပြီလို့ ဆရာဝန်ရဲ့ ပြောပြချက်အရ သိရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“အနာ ဖြစ်နေတာက အရမ်းကြာပြီ၊ ပိုက်ဆံမရှိလို့ ဆေးရုံကိုသွားပြီး မပြနိုင်ခဲ့ဘူး။ အခုအနာက သည်းလာတဲ့အတွက် ဆေးရုံကို သွားပြတဲ့အခါ အရေးပေါ်ခွဲစိပ်ရမယ်လို့ ပြောပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်က ပိုက်ဆံလည်း မရှာနိုင်တော့တဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ရပါတယ်´´လို့ မိသားစုဝင် တစ်ယောက်က ပြောပါတယ်။

မခင်ဝင်းစိုးရဲ့ လင်ယောကျ်ားဖြစ်သူ ကိုမောင်စိုးနိုင်ဆိုသူမှာလည်း မတော်တဆထိခိုက်မှုကြောင့် မျက်လုံးတစ်ဖက် ကွယ်နေသူ တစ်ယောက်ဖြစ်ပြီး၊ အခုလက်ရှိမှာ မှိုရောဂါပါ ဖြစ်နေတဲ့အတွက် ငွေကြေးရှာနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

အဲဒီအနာကို ခွဲစိပ်ဖို့အတွက် အလှူရှင်တွေဆီက ငွေကြေးရမှသာ ခွဲစိပ်နိုင်မှာ ဖြစ်တဲ့အတွက် အသက်အန္တရာယ်ထိခိုက်သွားမှာကို မိသားစုတွေက စိုးရိမ်နေကြပါတယ်။

ငွေကြေးလှူတန်းချင်တဲ့ အလှူရှင်တွေအနေနဲ့ 09268629841 နဲ့ 09423203977 တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

https://www.facebook.com/VOW2ppl/posts/177822244637161

Leave a Reply

Your email address will not be published.