ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ ကိုတင်ထွန်းအောင်ရဲ့အယူခံအမှု ၁ နှစ် လျှော့ပေါ့ခံစားခွင့်ရရှိ

By Voice Of Westland/2022 July 20

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ ပလက်ဝမြို့နယ်က ကိုတင်ထွန်းအောင်ရဲ့ အယူခံအမှုကို ဒီကနေ့ဇူလိူင်လ ၂၀ရက်နေ့ မနက် ၁၁ နာရီခွဲမှာ အပြီးသတ်ချမှတ်ချိန် ပလက်ဝမြို့နယ်တရားရုံးက ထောင်ဒဏ် ၁နှစ်လျှော့ပေါ့ ခံစားခွင့်ပြုလိုက်တယ်လို့ ကိုတင်ထွန်းအောင်ရဲ့ အစ်ကိုဖြစ်သူ ကိုမင်းအောင်က VOW ကို ပြောပါတယ်။

“၂နှစ် ပြုပြင်လိုက်ပါတယ်။၁နှစ်လျှော့တယ်။ ပထမကအဲဒီအမိန့်ကို၃နှစ်ချတယ်ဆိုတာက မဖြစ်သင့်ဘူးလေ။Western News သတင်းဌာနကိုလည်း တဆင့်ခံပို့တာ။ ထောက်ထားစရာတွေလည်းရှိတယ်။ မြို့မှာလည်း ပရဟိတလုပ်နေတဲ့သူ​။ ၃ နှစ် မကျသင့်ဘူးပေါ့။ အဲဒါကြောင့် ၂ နှစ် ကျခံစေရန်ဆိုပြီး အမိန့်ချလိုက်ပါတယ်။ အရင်ချုပ်ရက်ခံစားခွင့်နဲ့ပေါင်းရင် ၂ နှစ် လောက်ကျန်ပါသေးတယ်” လို့ပြောပါတယ်။

လက်ရှိမှာ ကိုတင်ထွန်းအောင်ဟာ စစ်တွေအကျဉ်းထောင်မှာ အကျဉ်းကျခံနေရပြီး အခုအချိန်ထိ မိသားစုဝင်တွေနဲ့ လုံးဝတွေ့ခွင့်မရဘူးလို့ သူကဆိုပါတယ်။

ကိုတင်ထွန်းအောင်ကို ပလက်ဝမြို့ ခမရ ၂၈၉ တပ်ရင်းက ဗိုလ်ကြီးထွန်းထွန်းနိုင်က တရားလိုပြုပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ပလက်ဝမြို့နယ်တရားရုံးက ကိုတင်ထွန်းအောင်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ကိုတင်ထွန်းအောင်ရဲ့အမှုကို ပြစ်ဒဏ်လျှော့ပေါ့စေရန်အတွက် မိသားစုဝင်တွေက အယူခံတင်ခဲ့ရာမှ ပြီးခဲ့တဲ့မေလ ၁၃ ရက်နေ့က ကိုတင်ထွန်းအောင်ရဲ့ အယူခံအမှုကို မတူပီခရိုင်တရားရုံးက လက်ခံခဲ့တယ်လို့ သိရပါတယ်။

ကိုတင်ထွန်းအောင်ဟာ ပလက်ဝမြို့ ၂၈၉ တပ်ရင်းမှာ အလံဖြူထောင်ထားကြောင်း Western News သတင်းဌာနကို အင်တာဗျူးဖြေကြားမှုကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ၂၈ရက်နေ့ ညနေပိုင်းက ရဲနဲ့စစ်တပ်ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

https://www.facebook.com/VOW2ppl/posts/180133557739363

Leave a Reply

Your email address will not be published.