By Arakan Princess Media /2022 July 11
အင်အား ၅၀ ပါ စစ်ကောင်စီတပ် စစ်ကြောင်းတခုသည် ဂျူလိုင် ၁၀ ရက်နိ၊ မိုးထ ၁၀ နာရီကျော်က တောင်ကုတ်မြို့နယ်၊ ကံပြင်ရွာသို့ စီးနင်းဝင်ရောက်ပြီး ULA/AA ကိုရှာသည်ဟုအကြောင်းပြ၍ ရွာမှကိုအောင်ကျော်နိုင်၏ အိမ်ကို မွှီနှောက်ခကြောင်း သတင်းရဟိသည်။
ယင်းစစ်ကောင်စီတပ်စစ်ကြောင်းသည် ကိုအောင်ကျော်နိုင်ကို မတွိ၍ အိမ်၌ သိမ်းဆည်းထားသော ရွှေနားဒေါင်းတရံ အပါအဝင် ရွှေထည်ပစ္စည်းတချို့နန့် ငွေကျပ် ၄ သိန်းကျော်ကို ခိုးယူလားခသည်ဟု သိရသည်။
“ကိုအောင်ကျော်နိုင်ကို မတွိလို့ ယင်းချင့်တိကို ယူလားခစွာပါ။ မိသားစုတိကတော့ ယင်းစစ်သားတိယူလားရေ ပစ္စည်းတိကို စာရင်း လုပ်ပျာ ရွာလူကြီးတိကို တိုင်ထားပါရေ” ဟု နာမည်မဖော်လိုသော ရွာသားတယောက်က ပြောသည်။
ဂျူလိုင် ၉ ရက်နိကလေ့ ကိုအောင်ကျော်နိုင် ကို တောင်ကုတ်မြို့နယ်ရွာမရဲစခန်းမှစခန်းသို့လာရောက်ဖို့ သမ္မာန်စာနန့် ဆင့်ခေါ်ခသိမ့်ကြောင်းသိရသည်။
အဂုပိုင် စစ်ကောင်စီတပ်က အိမ်တွင်းသို့ အတင်း အဓမ္မဝင်ရောက် မွှီနှောက်ရှာဖွီ လုယက်မှုကြောင့် ကိုအောင်ကျော်နိုင်ရို့ မိသားစုမှာ တိမ်းယှောင်နီကတ်ရသည်။
လက်ဟိ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်က အင်အားအများအပြားနန့် စစ်ရီးလှုပ်ယှားမှုများ၊စီးနင်းဝင်ရောက်ရှာဖွီမှုများ ဟိနီ၍ ဒေသခံ လူငယ်တချို့တိမ်းယှောင်နီကတ်ရသည်ဟုသိဟိရပါသည်။
https://www.facebook.com/arakanprincessmedia1/posts/181286367624521