စစ်တွေရှိ ဆတ်ရိုးကျကယ်ဆယ်ရေးစခန်းတွင်နေသူတစ်ဦး ပိုက်ချရန်သွားရာမှ ရေနစ်မြုပ်သေဆုံး

By Narinjara /2022 July 20

Photo – မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဆတ်ရိုးကျကယ်ဆယ်ရေးစခန်းတွင်နေထိုင်သူတစ်ဦးသည် ပိုက်ချရန်သွားရာမှ ရေနစ်မြုပ်သေဆုံးသွားခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ ဆတ်ရိုးကျကယ်ဆယ်ရေးစခန်းတွင် သမီး ၁ ဦးနှင့်အတူနေထိုင်သည့် စစ်တွေမြို့နယ်၊ ဇော်မတပ်ကျေးရွာမှ ဦးအောင်ကျော်ညွန့် (၅၁ နှစ်)ဖြစ်သည်။


“အလောင်းပိုင်ရှင်တွေက ဇော်မတပ်ရွာက။ အဲ့ဒီရွာမှာ သင်္ဂြိုလ်မယ်ဆိုလို့ အလောင်းကိုဆယ်ပြီးတော့ အဲ့ဒီရွာ သင်္ချိုင်းမှာပဲ ထားခဲ့တယ်”ဟု ပြောသည်။

သေဆုံးသူသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်တွင် လောင်းတစ်စင်းနှင့်အတူ ကယ်ဆယ်ရေးစခန်းမှနေ၍ ငါးဖမ်းပိုက်ချရန်သွားရောက်စဉ် ချောင်းထဲသို့ပြုတ်ကျ သေဆုံးခြင်းဖြစ်ပြီး အလောင်းတွင် ထိခိုက်ဒဏ်ရာလည်း မတွေ့ရဟု သူက ဆက်ပြောသည်။ (NN-12)

https://www.facebook.com/narinjara.info/posts/5655574724454558

Leave a Reply

Your email address will not be published.