စစ်တပ်က ရေပြင်စစ်ရေးလေ့ကျင့်ပြီး တစ်ပတ်ကျော်အကြာ မာန်အောင်မှာ တော်ပီဒိုတွေ့

By Border News Agency/2022 July 13

(ဓာတ်ပုံ-မာန်အောင်ဒေသခံများ)

အာဏာသိမ်းစစ်ကောင်စီတပ်က ရခိုင်ပင်လယ်ပြင်အတွင်း ‌ရေငုတ်သင်္ဘော‌၊ စစ် သင်္ဘောကြီးတွေနဲ့စစ်ရေးလေ့ကျင့်ပြီး တစ်ပတ်ကျော်အကြာ မာန်အောင်မြို့ နယ်၊ကမ်းခြေတစ်ခုမှာ တော်ပီဒိုလို့ခေါ်တဲ့ ရေအောက်ပစ်လက်နက်ကြီးတစ်ခု တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီတော်ပီဒိုလက်နက်ကြီးဟာ ဘင်္ဂလားပင်လယ်၀ဖြစ်တဲ့ မာန်အောင်ကျွန်း၊မိန်းမကြွယ်ရွာအနီးက ပင်လယ်ကမ်းခြေမှာ ဇူလိုင်လ ၁၃ ရက်၊ဒီနေ့မနက် က သောင်လာတင်နေတာဖြစ်တယ်လို့ အဲဒီနေရာကို သွားကြည့်ခဲ့သူတစ်ဦးက ပြောပါတယ်။

အဲဒီအလျား ၉ ပေ၊လုံးပတ် ၃ ပေလောက်ရှိတဲ့လက်နက်ကြီးပေါ်မှာ LWT-XP D&P TORPEDO ဆိုတဲ့အနီရောင်စာတန်းရေးထားတာ တွေ့ရပါတယ်။

အဲဒီလိုလက်နက်ကြီးတစ်ခု ကမ်းမှာလာတင်နေတာနဲ့ပတ်သက်လို့ မိန်းမကြွယ် ရွာသားတွေဟာ စစ်ကောင်စီလက်အောက်ခံ ကမောင်တောင်တပ်စခန်းကို ဖုန်း ဆက်အကြောင်းကြားလိုက်တဲ့အတွက် စစ်ကောင်စီတပ်သားအချို့ ရောက်လာ ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးတော့ မာန်အောင်ကျွန်းမှာရှိတဲ့ မျှော်တော်ဦးရေတပ်စခန်းကို ထပ်ဆင့်အ ကြောင်းကြားနေတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

အဲဒီလက်နက်ကြီးဟာ ဘယ်ကနေဘယ်လိုရောက် လာတယ်ဆိုတာကို အတိအ ကျမပြောနိုင်ပေမယ့် စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုကနေ ကျန်ခဲ့တဲ့လက်နက်ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရခိုင်ပင်လယ်ပြင်မှာ လေ့ကျင့်ရေးဆင်းတယ်ဆိုပြီးတော့ သတင်းတစ်ခုဖတ်လို က်ရပါတယ်။ရေငုတ်သင်္ဘောတွေ၊ဘာတွေနဲ့၊အဲဒီကနေ မပေါက်ကွဲဘဲနဲ့ ကျန်ရှိခဲ့ တဲ့ တော်ပီဒိုဟာ ဒီဘက်ကို မျှောလာတဲ့ပုံစံပါ။”လို့ ဒေသခံတစ်ဦးက ခန့်မှန်းပြောပါတယ်။

အရင်တုန်းကလည်း အဲဒီလိုမျိုး ပင်လယ်ပြင်အတွင်းက အပျက်အစီးတွေ၊ပစ္စည်း တွေ၊အလောင်း၊ကျွဲ၊ နွားတို့ လာပါးတာရှိခဲ့ဖူးတယ်လို့ ဒေသခံတွေက ‌ပြောကြ ပါတယ်။

တော်ပီဒိုလို့ စာတန်းရေးထားတဲ့ လက်နက်ကြီး ကမ်းပါးလာတဲ့နေရာကိုရောက် နေတဲ့စစ်ကောင်စီတပ်သားတွေဟာ အဲဒီနေရာမှာရှိနေပြီး ရေတပ်စခန်းက လာမယ့်သူတွေကို စောင့်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“သီးသန့်ပြောတာတော့ မဟုတ်ဘူး။သူတို့ပြောနေတာကို ကြားမိတာကတော့ လေ့ကျင့်ရေးဆင်းတဲ့တော်ပီဒိုပါတဲ့။လေ့ကျင့်ရေးသုံးတဲ့ တော်ပီဒိုပါတဲ့၊ အန္တရာယ်မရှိပါဘူးတဲ့။အဲဒီလို ပြောတာတော့ ကြားမိပါတယ်။”လို့ စစ်ကောင်စီ တပ်သားတွေအချင်းချင်း ပြောနေကြတာကို ကြားခဲ့ရသူက ပြန်ပြောပါတ ယ်။

ဒါပေမယ့် ခုမာန်အောင်ကမ်းခြေမှာ ပါးလာတဲ့ တော်ပီဒိုလို့စာတန်းရေးထားတဲ့ လက်နက်ကြီးနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ BNA က သီးသန့် အတည်မပြုနိုင်သေးပါဘူး။

တော်ပီဒီု(TORPEDO)ဆိုတာကတော့ ရေငုတ်သင်္ဘောတွေ၊စစ်သင်္ဘောတွေမှာ တပ်ဆင်ပြီး ပစ်ခတ်ရတဲ့ ရေအောက်သုံးဒုံးကျည်အမျိုးအစားတစ်ခုဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ပင်လယ်ပြင်အတွင်း ရေငုတ်သင်္ဘောနှစ်စင်းအပါအ ဝင် စစ်ရေယာဉ်တွေ၊စစ်ရဟတ် ယာဉ်တွေနဲ့ရေပေါ်‌၊ရေအောက်၊ဝေဟင်ပူးတွဲ စစ်ဆင်ရေးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်ကနေ ၅ ရက်နေ့အထိ ငါးရက်ကြာ ပြု လုပ်ခဲ့ပါတယ်။

အဲဒီလေ့ကျင့်မှုကိုအာဏာသိမ်းစစ်ခေါင်းဆောင်၊စစ်ကောင်စီဥက္ကဌ ဗိုလ် ချုပ်မှူး ကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိတွေဟာ ဇူလိုင်လ ၅ ရက်နေ့က လာရောက်ခဲ့ကြပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်း စစ် တပ်တို့ကြားတိုက်ပွဲတွေဖြစ် ပွားခဲ့ပြီးနောက်အာ ဏာသိမ်းစစ်တပ်ကရခိုင်မှာ ရေတပ်ကိုစစ်သည်၊လက်နက် အင်အားဖြည့်တင်းနေတယ်လို့ စောင့်ကြည့်နေသူတွေက ဆိုပါတယ်။

#BNA#မာန်အောင်#တော်ပီဒို#ရခိုင်#ပင်လယ်ပြင်#စစ်တပ်#စစ်ရေးလေ့ကျင့်#

https://www.facebook.com/permalink.php?story_fbid=180558951053086&id=107469705028678

Leave a Reply

Your email address will not be published.