By Border News Agency/2022 July 01

စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ အပြားမှာ တည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြားနေပေမယ့် ရခိုင်မှာတော့ အတိုင်းအတာတခုထိ တည်ငြိမ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ရခိုင်ပြည်ထဲမှာ ပဋိပက္ခဒဏ်တွေကို အများဆုံးခံ စားကြုံတွေ့ခဲ့ကြရတဲ့ မောင်တောဒေသဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ရခိုင်မှာ အတည်ငြိမ်ဆုံးမြို့နယ် တစ်ခုလိုဖြစ်နေခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်နေ့၊နေ့လည်ပိုင်းမှာတော့ မောင်တောဒေသခံတွေအပါအဝင် လူအများစုကို စိုးရိမ်ထိတ်လန့်စေတဲ့ သတင်းတစ်ခုပျံ့နှံ့လာခဲ့ပါတယ်။
အဲဒီသတင်းကတော့”မောင်တောမြောက်ပိုင်းရှိ သင်္ဘောလှကျေးရွာက မူလွန်ကျောင်းအုပ်ဆရာကြီးနဲ့လက်ထောက်ဆရာမတစ်ဦးတို့ ကားလမ်းပေါ်မှာ ပျောက်ဆုံးသွား”တဲ့သတင်းဖြစ်ပါတယ်။
မြန်မာ-ဘင်္ဂလားနယ်စပ်၊ကြိမ်ချောင်း -တောင်ပြိုကားလမ်းပေါ်မှာ ဆိုင်ကယ်နဲ့သွားလာနေတုန်း ရုတ်တရက်ပျောက်ဆုံးသွားတဲ့သတင်းက လူတိုင်းကို အံသြတုန်လှုပ်သွားစေခဲ့ပါတယ်။
အဲဒီဆရာဦးဘိုဝင်းနဲ့ဆရာမ ဒေါ်ဥမ္မာကျော်တို့ဟာ မြို့နယ်ပညာရေးမှူးရုံးက ဖုန်းဆက်ခေါ်တာမို့ ကျောင်းတက်ရတဲ့နေ့၊မောင်တောမြို့ပေါ်သို့အလာ လမ်းခရီးမှာ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။
သူတို့နဲ့အတူ တခြားသူတွေအပါအဝင် ဆိုင်ကယ်သုံးစီးလာကြတာမှာ နောက်ဆုံးကသူတို့အစီးကို ကားလမ်းပေါ်ကစောင့်ပြီး မောင်တော-တောင်ပြိုကားလမ်း၊ဇီးပင်ချောင်းကျေးရွာအနီးမှာ ပြန်ပေးဆွဲသမားတွေက အလိုက်သင့် ဖမ်းဆီးခေါ်ဆောင်သွားကြတာဖြစ်ပါတယ်။
နောက်တနေ့မှာတော့ သူတို့နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တာကာငွေ သိန်း ၅၀(မြန်မာငွေကျပ်သိန်းတစ်ထောင်ခန့်)နဲ့ ပြန်ရွေးဖို့ ဖမ်းဆီးပြန်ပေးဆွဲထားသူတွေက ဖုန်းဆက်ပြောလာပါတယ်။
သူတို့နှစ်ဦးကို ပြန်ပေးဆွဲထားသူအကြမ်းဖက်သ မားတွေတောင်းထားတဲ့ ဘင်္ဂလားဒေ့ရှ်သုံး တာကာငွေသိန်း ၅၀ (မြန်မာကျပ်ငွေသိန်းတစ်ထောင်ခန့်)နဲ့ ပြန်ရွေးဖို့တောင်းဆိုညှိနှိုင်းတာတွေ လုပ်နေကြပေမယ့် သုံးရက်ကြာတဲ့အထိ ဘယ်နေရာမှာရှိတယ်ဆိုတာကို မသိကြရပါဘူး ။
“ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ မိမိတို့ဝန်ထမ်းများရဲ့လုံခြုံရေးကိုတာဝန်မယူနိုင်ဘူးလို့ မီးမောင်းထိုးပြရာရောက်နေသလို အခြားအဖွဲ့အစည်းများအတွက်လည်း မိမိပတ်ဝန်းကျင်မှာ မျက်နှာပျက်စရာဖြစ်နေမှာကတော့ သေချာတယ်။”လို့ ကျောက်ဖြူမြို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးကျော်လွင်က ဆိုပါတယ်။
ရခိုင်မှာ ပဋိပက္ခတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးသလို မောင်တောဒေသဟာလည်း ပဋိပက္ခဒဏ်တွေကို အများဆုံးရင်ဆိုင်ကြုံတွေ့ခံစားခဲ့ကြရပါတယ်။
မောင်တောဒေသမှာ မြန်မာစစ်တပ်က ပြုလုပ်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊နယ်မြေရှင်းလင်းရေးကြောင့် တဘက်ဘင်္ဂလာဒေးရှ့် နိုင်ငံသို့ လူဦးရေသိန်းချီပြီးထွက် ပြေးသွားကြရတာဟာ ခုချိန်ထိပြန်လည်လက်ခံရေးကို မဆောင်ရွက်နိုင်သေးပါဘူး။
အဲဒီဖြစ်စဉ်တွေအပြီး မောင်တောဒေသမှာ ကျေးရွာတစ်ရွာ ကင်းစခန်းတစ်ခုသာမကဘဲ တချို့နေရာတွေမှာ ကျေးရွာမရှိတော့ဘူး၊လူမရှိတော့ဘူးဆိုပေမယ့် ကင်းစခန်းတွေ၊တပ်ရင်းကြီးတွေ၊ ဗျူဟာတွေကို အသစ်တည်ဆောက်လှုပ်ရှားနေတာကို မြင်တွေ့ရပါတယ်။
အဲဒီပညာရေးဝန်ထမ်းနှစ်ဦးတာဝန်ကျနေတဲ့ကျေး ရွာမှာလည်း နယ်ခြားစောင့်ကင်းစခန်းရှိသလို သူတို့ပျောက်ဆုံးဖ မ်းဆီးခံလိုက်ရတဲ့နေရာနဲ့ တစ်မိုင်လောက်အကွာအဝေးမှာလည်း နယ်ခြားစောင့်ကင်း စခန်းတစ်ခုရှိနေပါတယ်။
နောက်ပြီး တောင်ပြိုမှာစစ်တပ်ကဗျူ ဟာအဆင့်ထိုင်ထားသလို ကြိမ်ချောင်းမှာလည်း ၂၀၁၇ ခုနှစ်၊ဖြစ်စဉ်ပြီးစကတည်းက”ဒေါင်းမာန်ဟုန်စစ်ဆင်ရေး ”အမည်နဲ့ အင်အားတစ်ထောင်နီးပါးရှိတဲ့ စစ်ဗျူဟာတစ်ခုရှိနေပါတယ်။
အဲဒီ ကြိမ်ချောင်းစစ်ဗျူဟာမှာ စစ်တပ်က တပ်မမှူးအဆင့်အရာရှိကြီးကိုယ် တိုင်ထိုင်ပြီး မောင်တောမြောက်ပိုင်းတစ်ခုလုံးရှိ လုံခြုံရေး၊စစ်ရေးမဟာဗျူ ဟာတွေကို အမိန့်ပေးစီမံခန့်ခွဲကိုင်တွ ယ်နေတာဖြစ်ပါတယ်။
အဲဒီလက်အောက်မှာ တောင်ပြိုဗျူဟာအပြင် ခမောင်ဆိပ်ဗျူဟာလည်းရှိနေသလို မောင်တောမြောက်ပိုင်း၊ကြိမ်ချောင်းအထက်ပိုင်းရှိ နယ်ခြားစောင့်စ ခန်းသုံးဆယ်ကျော်ကိုလည်း အမိန့်ပေး စေခိုင်းကိုင်တွယ်နေတာ ဖြစ်ပါတယ်။
ကြိမ်းချောင်းဗျူဟာမှာ မောင်တောမြောက်ပိုင်းအတွက်သာမက မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ် ကုန်လမ်းနဲ့ရေကြောင်းဝင်ပေါက်အတွက် အရေးပါတာမို့ ကြိမ်ချောင်းအောက်ဖက် ငါးခူရကျေးရွာမှာတပ်ရင်းတွေ အခိုင်အမာနဲ့ ရေကြောင်းက ပြန်လာမယ့်သူတွေအတွက် ပြန်လည်လက်ခံရေးစခန်းလည်း ဖွင့်လှစ်ထားပါတယ်။
အဲဒီအပြင် မယူတောင်ကိုကျော်ပြီး တောင်တဖက်ရှိ ဘူးသီးတောင်မြောက်ပိုင်းသို့ စစ်ရေးအကူအညီတွေအတွက် အလွန်အရေးပါတဲ့ ဗျူဟာလမ်းဆုံမို့ ၂၀၁၇ ခုနှစ်ကစတင်ပြီး မယူတောင်ကို ကျော်ဖြတ်ကာ ကြိမ်ချောင်း-ဂုပ္ပီလမ်းကိုဖောက်လုပ်ခဲ့ပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစစ် တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားလာပြီးနောက် မောင်တောမြောက်ပိုင်းသို့သွားတဲ့လမ်းက စစ်ဆေးရေးဂိတ်တွေထဲမှာ ကြိမ်းချောင်းစစ်ဆေးရေးဂိတ်ဟာ အဆိုးဆုံး၊အချိန်အကြာဆုံးနဲ့ လမ်းလျှောက်အသွားရဆုံးနေရာဖြစ်လာတာ ဒီနေ့အထိပါပဲ။
မြန်မာပြည်အနောက်ဘက်နယ်စပ်မှာ ၂၀၁၇ခုနှစ်ဖြစ်စဉ်နောက်ပိုင်း အလယ်သံကျော်တပ်ရင်းကို ကားလမ်းမနဲ့ မယူတောင်ကြားသို့ပြောင်းပြီး အလယ်သံကျော်(မောရဝတီဗျူဟာ)အဖြစ်အခိုင် အမာတည်ဆောက်လိုက်သလို အင်းဒင်နဲ့ မြို့သူကြီးမွတ်ဆလင်ရွာတွေမှာတော့ တပ်ရင်းကြီးတစ်ခုစီ ဖြစ်လာခဲ့ပါတယ်။
အဲဒါတွေအပြင် မြင်းလွှတ်ကျေးရွာနဲ့ လှဖိုးခေါင်ကျေးရွာအနီးမှာ တပ်ရင်းတစ်ခုစီကို အမြန်တည် ဆောက်နေပြီး ရဲ၊စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)၊ရဲသတင်းတပ်ဖွဲ့(SB)၊လဝက၊စစ်တပ်အသွင်ပြောင်း နယ်ခြားစောင့်အပါအဝင် အင်အားခြောက်ထောင်ကျော်ထိရှိနေတဲ့မောင်တောဒေသသို့ မေလ ကနေ ဇွန်လအတွင်း နောက်ထပ်စစ်သည်အင်အားနှစ်ထောင်နီးပါးထပ်တိုးချလာပါတယ်။
အဲဒီလိုမျိုး အင်အားသောင်းဂဏန်းနီး ပါးရှိနေတဲ့ နယ်စပ်မြို့ကနေ လူဆယ်ယောက်မပြည့်တဲ့ လက် နက်ကိုင်အကြ မ်းဖက်တစ်စုက အစိုးရဝန်ထမ်းနှစ်ဦးကို အလွယ်တကူဖမ်းယူပြန်ပေးဆွဲသွားနိုင်ခဲ့တာကို တွေ့ရပါတယ်။
“ဝန်ထမ်းတွေကို တာဝန်ထမ်းဆောင်ဖို့ ဖိအားအမျိုးမျိုးပေးပြီးခိုင်းနေပေမယ့် သူတို့လုံခြုံရေးအတွက် တာဝန်ယူမှုမရှိဖြစ်နေတယ်။”လို့ မောင်တောမြို့ နယ်၊ကြိမ်ချောင်းမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အဲဒီပျောက်ဆုံးနေတဲ့ ပညာရေးဝန်ထ မ်းနှစ်ဦးကို ရှာဖွေနေတဲ့ရွာသားတွေဟာ ဇွန်လ ၁၉ ရက်နေ့မှာတော့ တောင်ပြို လက်ဝဲမြို့၊မဲဒီကျေးရွာအနီးမှာ သေန တ်နဲ့အပစ်ခံခဲ့ရတာမို့ ရွာသားတချို့ထိ ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါကြောင့် ဇွန်လ ၂၀ ရက်နေ့ကစပြီး ရှာ ဖွေမှုကို ရပ်တန့်ထားလိုက်ကြပြီးအဲဒီ လိုရှာဖွေခဲ့ကြတာမှာ ပညာရေးဝန်ထမ်းတွေအပါအဝင် ဒေသခံပြည်သူ ၇၀၀ နီးပါးပါဝင်ခဲ့ပေမယ့် ထောင်နဲ့ချီတဲ့ လ က်နက်ကိုင်လုံခြုံရေးတွေကတော့ မပြောမလောက်တဲ့ပမာဏာသာ ပါဝင်ခဲ့ပါတယ်။
အဲဒီလိုပါဝင်ခဲ့ကြတဲ့ လက်နက်ကိုင်လုံခြုံရေးအန ည်းငယ်မှာလည်း အရက်သေစာသောက်စားပြီး ကားလမ်းမပေါ်မှာ ကျန်နေခဲ့သူတွေလည်းရှိတယ်လို့ ရှာဖွေရာမှာပါဝင်ခဲ့သူတွေက ဆိုပါတယ်။
အဲဒီကျောင်းအုပ်ဆရာကြီးနဲ့ဆရာမ ပျောက်ဆုံးနေတဲ့ ငါးရက်မြောက်၊ဇွန်လ ၂၀ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နို င်က အာဆာလို့လူသိများတဲ့ မွတ်ဆလင်လက်နက် ကိုင်အဖွဲ့က ပြန်ပေးဆွဲသွားတာလို့ သူရဲ့တွစ်တာမှာရေးသားခဲ့ပါတယ်။
”ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး အာဆာရဲ့ပြန်ပေးဆွဲခံရတဲ့ ဆရာ၊ဆရာမကိစ္စဟာ ဘင်္ဂလားဒေ့ရှ့်ဒုက္ခသည်စခန်းတွေရှိ မွ တ်စလင်တွေအတွက်သာမကဘဲ ရခိုင်ပြည်တွင်းရှိ မတူညီသောလူမှုအသိုင်း အဝိုင်းကြား ယုံကြည်မှုနဲ့လူမှုသဟဇာတဖြစ်မှုကို တိုးမြှင့်ရန်အတွက် ကျွန်ုပ်တို့၏တရားမျှတသောအားထုတ်မှုများကို ထိခိုက်စေနိုင်တယ်။”လို့ ရေးသားခဲ့ပါတယ်။
အဲဒီနေ့မှာပဲ အာဆာအဖွဲ့က သူတို့အဖွဲ့ပြန်ပေးဆွဲထားတာမဟုတ်သလို တရားမျှတမှုကို လိုလားပါတယ်လို့ ကြေညာချက်ထုတ်တုံ့ပြန်ခဲ့ပါတယ်။
နောက်တစ်နေ့မှာတော့ ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ”မိမိကျူး လွန်ထားသည်ကို မဟုတ်သယောင်ငြင်းဆိုရာ၌ ဆရာတစ်ဆူဟု ဆိုထိုက်သူက ထပ်မံ၍ သားကောင်ဖမ်းလေပြီ။အခုနောက်ဆုံးသတင်းထုတ်ပြန်ချက်က အလားတူအဖြစ်မျိုးကို ပြန်ပြောင်းသတိရမိရာမှာ မစ္စတာမိုဟီဘုလ္လာကို ဘယ်သူလုပ်ကြံသတ်ဖြတ်ခဲ့သလဲ စဉ်းစားမိ၏။ဘယ်သူတွေ သတ်ခဲ့သည်ကို သာမန်လူတွေပင် သိကြသည်။ကျူးလွန်သောပြစ်မှုနှင့်ထိုက်တန်သောအပြစ်ကိုရှောင်လွှဲရန် သတင်းထုတ်ပြန်ချက် တစောင်နှင့် လွှဲဖယ်၍မရစကောင်း။” လို့ တုန့်ပြန်ရေးသားခဲ့ပါတယ်။
အဲဒီကျောင်းအုပ်ဆရာကြီးနဲ့ ဆရာမတာဝန်ကျနေတဲ့ သင်္ဘောလှကျေးရွာအ နီးအနားက လက်ပံတော င်ကြောမှာဒီနှစ်အစောပိုင်းက ရက္ခိုင့်တပ်တော် (AA)နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးပါတယ်။
အဲဒီနေရာတွေဟာ မြန်မာ-ဘင်္ဂလား၊နှ စ်နိုင်ငံနယ်စပ်ကို နယ်စပ်ဖြတ်ကျော် သွားလာဖို့အတွက် ကုန်လမ်း၊ရေလမ်း နှစ်ခုစလုံးအတွက် အလွန်အရေးပါတာမို့ ရက္ခိုင့်တပ်တော်(AA)ဘက်ကလည်း အဲဒီမြောက်ပိုင်းမှာ စစ်ဗျူဟာတစ်ခုကိုအခိုင်အမာတည်ဆောက်ပြီး ထောင်နဲ့ချီတဲ့တပ်ဖွဲ့ဝင်တွေနဲ့စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။
နောက်ပြီး အုပ်ချုပ်ရေးယန္တရားကို တ ည်ဆောက်ကာ ဒေသခံပြည်သူတွေအပါအဝင် ပညာရေးဝန် ထမ်းတွေဆီကလည်းထောက်ပံ့ငွေဆိုဆို၊စေတနာကြေးပြောပြော လစဉ်အခွန်ငွေတွေ ကောက်ခံနေတာကိုလည်း တွေ့ရပါတယ်။
အဲဒီလိုမျိုး စစ်ရေးဗျူဟာတွေနဲ့အာ ဏာအားပြိုင်မှုတွေကြားကနေ အင်အားနဲ့ စစ်ရေးလှုပ်ရှားမှုမရှိသလောက်နည်းပါးတဲ့ လက်နက်ကိုင်အကြမ်းဖက်တစ်စုက နယ်စပ်ဖြတ်ကျော်ပြန်ပေးဆွဲမှုကို အေး အေးသာသာ ပြုလုပ်သွားပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က တော့”ရခိုင်ပြည်နယ်တွင် လုံခြုံရေးဆိုင်ရာအကျပ် အတည်း(SecurityCrisis)”လည်း ဖြစ်ပေါ်နေတယ်ဆိုပြီး လုံခြုံရေးကဏ္ဍ၊နယ်စပ်ဆိုင်ရာကိစ္စရပ်တွေ၊ဘင်္ဂလာဒေ့ရှ်နိုင်ငံနဲ့ဆက်ဆံရေးတွေကို အကြံပြုထားပါတယ်။
အဲဒီပညာရေးဝန်ထမ်းနှစ်ဦး နယ်စပ်ဖြ တ်ကျော်ပြန်ပေးဆွဲမခံရခင်က မြန်မာ -ဘင်္ဂလား၊နှစ်နိုင်ငံဆွေး နွေးမှုတစ်ခုကို မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှာ အာဏာသိမ်းစစ်ကောင်စီကပြုလုပ်ခဲ့ပါတယ်။
အဲဒီပညာရေးဝန်ထမ်းနှစ်ဦးပြန်ပေးဆွဲခံထားရတုန်း ဇွန်လ ၂၂ ရက်နေ့မှာရခိုင်အမျိုးသားပါတီ(ANP)ကလည်း စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ် ဝန်နဲ့သွားတွေ့ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။
ဒါအပြင် ရခိုင်အမျိုးသားပါတီ (ANP) က ဇွန်လ ၂၀ ရက်နေ့မှာ ”နယ်စပ်ဒေသမှာ ပညာရေး၀န်ထမ်းနှစ်ဦးကို အမည်မသိတဲ့အဖွဲ့အစည်းတစ်ခုက အလွယ်တ ကူပြန်ပေးဆွဲတဲ့ကိစ္စဟာ ရခိုင်ပြည်သူတွေရဲ့ဘ၀လုံခြုံရေးကို များစွာထိခိုက်စေတယ်။”လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် အကြမ်းဖက်ပြန်ပြေးဆွဲသမားတွေ တောင်းတဲ့ငွေတွေကို လွှဲပေးအပြီး ပညာရေးဝန် ထမ်းနှစ်ဦးကို ဇွန်လ ၂၂ ရက်နေ့ ညဖက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် လမ်း ခရီးအခက်အခဲတွေကြောင့် ဇွန်လ၂၃ ရက်နေ့၊မနက်မှသာ ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ခြံချောင်းရခိုင်ကျေးရွာသို့ ရောက် လာကြပါတယ်။
အဲဒီကနေတဆင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB)ကလာရောက်ခေါ်ဆောင်သွားပြီး အဲဒီညမှာပဲ တောင်ပြိုလက်ဝဲမြို့ရှိ နှစ်နိုင်ငံချစ်ကြည်ရေး တံတားကတဆင့် မြန်မာနယ်ခြားစောင့်တွေကို တရားဝင်လွှဲပြောင်းပေးခဲ့ပါတယ်။
နောက်တစ်နေ့မှာတော့ မောင်တောခရို င်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မိသားစုတွေဆီကို တရားဝင်လွှဲပြောင်းပေးပြပေမယ့် လုံခြုံရေးအကြောင်းပြချ က်နဲ့ မောင်တောခရိုင်ထွေအုပ်ရိပ်သာမှာ ထိန်းသိမ်းထားခဲ့ပါတယ်။
အဲဒီလွတ်မြောက်လာသူပညာရေးဝန်ထမ်းနှစ်ဦးကို မီဒီယာတွေက တွေ့ဆုံအင်တာဗျူးခွင့်တောင်းပေမယ့် စစ်ကောင်စီက ခွင့်မပြုသလို ကာယကံရှင်တွေဘက်ကလည်း ငြင်းဆန်ခဲ့ကြပြီးအဲဒီအပေါ် ဒေသခံပြည်သူတွေအပါအဝင် လူအများစုက ဝေဖန်ပြော ဆိုမှုတွေ မြှင့်တက်လာချိန်မှာတော့ ရှောင်တခင်ခွင့်ဆိုပြီး သူတို့နေရပ်သို့ ခဏတာပြန်ခွင့်ပေးခဲ့ပါတယ်။
နောက်ရက်တွေမှာတော့ ဆရာဦးဘိုဝ င်းဟာ ဘီဘီစီမြန်မာပိုင်းသို့ ”သူတို့ကိုဖမ်းဆီးရာမှာ မွတ်ဆလင်အမျိုးသားငါးဦးပါဝင်ပြီး သေနတ်နှစ်လက်၊ဓားနှစ်လက်နဲ့လှံနှစ်စင်း၊Icon တစ်လုံးကို ကိုင်ဆောင်ထားကြပြီး ပစ္စတိုနဲ့ ဦးခေါ င်းကိုချိန်ရွယ်ပြီး ဖမ်းဆီးခဲ့တာ”လို့ဖြေဆိုထားပါတယ်။
အဲဒီပြန်ပေးဆွဲသမားတွေဟာ ”အာဆာအဖွဲ့ကလို့သိရပြီး သူတို့နှစ်ဦးကို နော က်ပြန်ကြိုးတုတ်ချည်ကာ မျက်နှာဖုံးစွပ်ပြီးတော့ တောတွေ၊ချောင်းတွေကို ကျော်ဖြတ်ပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်”လို့ ဆရာဦးဘိုဝင်းက ဆိုပါတယ်။
”နေ့လယ်နှစ်နာရီလောက်ကနေ အခုလို ခေါ်ဆောင် သွားခဲ့တာဟာ ည ၁၂ နာရီလောက်မှာ ZeroLine လို့ခေါ်တဲ့ နှစ်နိုင်ငံနယ်ခြားနေရာကို ရောက်ရှိသွားခဲ့ပြီး အဲဒီကနေတဆင့်စက်လှေနဲ့ နှစ်နာရီဝန်းကျင်ခန့်သွားပြီး ဘင်္ဂလားဒေ့ရှ်ဘ က်က ကျေးရွာလေးတစ်ရွာကို ရောက်ရှိခဲ့တယ်။”လို့ ဆိုပါတယ်။
”အဲဒီကျေးရွာဟာ ဘယ်ရွာမှန်းမသိခဲ့ရပေမယ့် အဲဒီကနေအိမ်တွေဟာ ပြန်ပေးဆွဲတဲ့အဖွဲ့တွေရဲ့ မိသားစုတွေနေထိုင်ကြတဲ့ ကျေးရွာတစ်ရွာဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။”လို့ ပြောဆိုထားပါတယ်။
”သူတို့ကိုဖမ်းဆီးစဉ်မှာ လူငါးယောက်သာဖြစ်ပေမယ့် နယ်ခြားကိုရောက်တဲ့အချိန်မှာတော့ Zero Line က မွတ်ဆ လင်တွေနေထိုင်တဲ့ ကျေးရွာကနေ နော က်ထပ်လေးဦးရောက်ရှိလာခဲ့ပြီး တဘ က်နိုင်ငံကို ရေလမ်းကြောင်းကနေ သွားခဲ့ရတာ။”လို့ ပြောပြပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်၊နှစ်နိုင်ငံနယ်စပ်ကို ဘီလီယံပေါင်းများစွာ အကုန်အကျခံပြီး ခြံစည်ရုံးတွေကို အခိုင်အမာတည်ဆောက်ထားသလို ချောင်းဝင်ဝ ဝင်ပေါက်တိုင်းမှာလည်း နယ်ခြားစောင့်စ ခန်းတွေရှိနေပါတယ်။
သူတို့ ပြန်လွတ်လာတဲ့ ဘင်္ဂလားဒေရှ့်ဘက်က ခြံချောင်းကျေးရွာဟာ မြန်မာ နိုင်ငံဘက်က ရေတွင်းပြင်ကျေးရွာနဲ့မျက်နှာချင်းဆိုင်ဖြစ်သလို သူတို့ကိုဖမ်းသွားတဲ့ သင်္ဘောလှကျေးရွာအနီးကနေ တဘက်ဘင်္ဂလားဒေရှ့်နိုင်ငံသို့နယ်စပ်ကိုဖြတ်ကျော် သွားမယ်ဆိုရင် မြန်မာဘက်က လက်နက်ကိုင်လုံခြုံ ရေးအင်အားရာချီရှိတဲ့ နယ်ခြားစောင့်စခန်းကြီးဆယ်ခုနဲ့ကင်းစခန်းဆယ်ခု ကြားထဲကနေ သွားရမှာဖြစ်ပါတယ်။
အဲဒီအပြင် ရက္ခိုင့်တပ်တော်(AA)ဘက်က စောင့်ကြည့်ထောက်လှမ်းနေမှုတွေ၊ ဒေသခံတွေ သတိထားစောင့်ကြည့်နေမှုတွေကြားက တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်သွားနိုင်ခဲ့တာက စိတ် ဝင်စားစရာကောင်းနေတယ်လို့ စောင့်ကြည့်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။
ဒီလိုနယ်စပ်ဖြတ်ကျော်ပြန်ပေးဆွဲမှုမှာ အကြမ်းဖက်ပြန်ပေးဆွဲသမားတွေကို မဖမ်းမိသလို သူတို့တောင်းဆိုခဲ့တဲ့ မြန် မာကျပ်ငွေ သိန်းတစ်ထောင်ကျော်ကို ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင်ဦးဆောင်ပြီး လွှဲပေး လိုက်ရတာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံ တော်အချုပ်အခြာအာဏာနဲ့လုံခြုံရေးကို ကိုင်လုပ်ပြလိုက်တာဖြစ်သလို မြန်မာ-ဘင်္ဂလားဒေ့ရှ်၊နှစ်နိုင် ငံသံတမန်ဆက်ဆံရေးကို ပျက်ရည်ပြုလိုက်တာလည်းဖြစ်ပါတယ်။
တဆက်တည်းမှာပဲ နိုင်ငံတကာက စောင့်ကြည့်ဝေဖန်မှုများနေတဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အာဏာသိမ်းစစ်ကောင်စီက လုံခြုံစိတ်ချစွာဆောင်ရွက်နိုင်စွမ်းမရှိဘူးလို့ ကမ္ဘာသို့တရား ဝင်ချပြလိုက်တာလည်း ဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာ အာဏာသိမ်းစစ်ကောင်စီသာမက ”ရက္ခိုင့်ပြည်သူ့အစိုးရ”လို့ မိမိကိုယ်ကိုပြောဆိုသုံးစွဲနေတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)ရဲ့ စွမ်းဆောင်နိုင်မှုကို လက်တွေ့စမ်းသပ် အဖြေထုတ်ပြလိုက်တာလည်းဖြစ်ပါတယ်။
မြန်မာ-ဘင်္ဂလားနယ်စပ်က အလွန်အရေးပါတဲ့ မောင်တောဒေသဟာ ရခိုင်ပြည်နယ်ရဲ့ မူးယစ်ဆေး ဝါးပြဿနာမှာလည်း အများဆုံးဖမ်းမိပြီး နာမည်အကြီးဆုံးမို့ စစ်ကောင်စီရဲ့ နိုင်ငံတော်လုံခြုံရေးအ ပေါ် အလေးထားဆောင်ရွက်မှုနဲ့ ရက္ခိုင့်တပ်တော် (AA)ရဲ့စစ်ရေး၊သံတမန်ရေး၊နိုင်ငံရေးသြဇာသက် ရောက်ရေးအားပြိုင်မှုတွေကြားမှာ ဒေသခံပြည်သူတွေရဲ့ကိုယ်စိတ်နှစ်ပါးလုံခြုံစိတ်ချရေးအတွက် ဘ ယ်လောက်ထိစွမ်းဆောင်နိုင်ကြမလဲဆိုတာကိုတော့ မေးခွန်းထုတ်စောင့်ကြည့်ရမှာ ဖြစ်ပါတော့တယ်။
#BNA#Analysis#မောင်တော#နယ်စပ်#ပညာ ရေး#ဝန်ထမ်း#စစ်ကောင်စီ#ULA/AA#နိုင်ငံတော်#
လုံခြုံရေး#