စစ်ကောင်စီနဲ့ ပူးပေါင်းတာ၊ သတင်းပေးတာမျိုး လုံး၀မလုပ်ဖို့ ခူမီး(ချင်း)အဖွဲ့ သတိပေး

By Border News Agency/2022 July           25

စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ သတင်းပေးတာမျိုး လုံး၀(လုံး၀) မလုပ်ဖို့ ပလက်၀ဒေသခံတွေကို တင်းကြပ်စွာ သတိပေးကြောင်း၊ ကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိ နှိုင်းရေးကောင်စီ(IKACC)က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ အဲဒီလို ဖော်ပြသတိပေးထားတာပါ။ ဒါ့အပြင် ရက္ခိုင့်တပ် တော်(AA)ရဲ့ ဖမ်းဆီးမှုကို ခံထားရတဲ့ ပလက်၀ဒေသခံတွေထဲက ချင်းလူမျိုး ၆ ဦးနဲ့ ပက်သက်တဲ့ကိစ္စကိုလည်း အဲ ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ၆ ဦးနဲ့ ပက်သက်လို့ IKACC နဲ့ AA တို့ ဆက်သွယ်ဆွေးနွေးပြီး သူတို့ရဲ့အသက်အန္တရယ်လုံခြုံရေး၊ ထိန်းသိမ်း ထားစဉ်ကာလအတွင်း မိသားစုဝင်တွေနဲ့ တွေ့လိုပါက တွေ့ဆုံနိုင်ရေး၊ သင့်တင့်လျောက်ပတ်တဲ့ အချိန်မှာ ပြန် လွှတ်ပေးနိုင်ရေးတို့ကို ညှိနှိုင်းသဘောတူထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရက္ခိုင့်တပ်တော်(AA)ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ပလက်၀ဒေသခံအချို့ကို ဖမ်းဆီးသွားခဲ့တာရှိတယ်လို့ ဒေသခံ တွေက ပြောကြပါတယ်။ အဲဒီထဲက အချို့ကို ပြန်လွှတ်ပေးထားပြီးဖြစ်ပေမယ့် အချို့ကတော့ လွှတ်လာတာ မရှိ သေးဘူးလို့ ပလက်၀ဒေသခံက ပြောပါတယ်။

အဲဒီပလက်၀ဒေသခံတွေကို ဘယ်လိုအကြောင်းကြောင့် ဖမ်းဆီးထားတယ်ဆိုတဲ့ကိစ္စရပ်နဲ့ပက်သက်လို့ AA က ထုတ်ဖော်ပြောကြားထားတာ မရှိပါဘူး။ ဒါပေမယ့် AA ဟာ စစ်ကောင်စီလက်အောက်ခံတွေ၊ စစ်ကောင်စီလက် အောက်ခံအဖွဲ့အစည်းတွေ၊ စစ်ကောင်စီတပ်တွေနဲ့ ဆက်စပ်၊ သတင်းပေးသူတွေကို ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။

ကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိ နှိုင်းရေးကောင်စီ(IKACC)ဟာ စစ်အာဏာရှင်စနစ် ဆန့် ကျင်တိုက်ဖျက်ရေး၊ ဖယ်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနဲ့ ပလက်၀မြို့နယ်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကြားကာလ ချင်းအမျိုးသားနိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

https://www.facebook.com/permalink.php?story_fbid=182985980810383&id=107469705028678

Leave a Reply

Your email address will not be published.