By Arakan Princess Media /2022 July 04

ကျောက်တော်မြို့နယ်တွင် ဒေနိ (ဂျူလိုင် ၄ ရက်နိ) နိခင်း ၁နာရီလောက်ကစစ်ကောင်စီတပ်ထောင်ထားသော မိုင်းကို နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး ကျောက် တော်ဒေသခံတယောက် အပေါက်ဝဆီးရုံ၌ ကွယ် လွန်လားကြောင်း သတင်းရဟိသည်။
သီဆုံးလားလူမှာ ကျောက်တော်မြို့နယ်၊ မြာလီကန်ရွာက ဦိးလှမောင်(၃၁နှစ်)ဖြစ်ပြီး၊ ရွာအပြင်သို့ နွား ကျောင်းလားစဉ်ကျောက်တော်အခြီစိုက်စစ်ကောင် စီ အမြောက်တပ် အမတ (၃၇၇) နားတွင် စစ်ကောင် စီထောင်ထားသည့် မိုင်းကို နင်းမိခြင်းဖြစ်သည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ဦိးလှမောင်၏ဘယ်ခြီထောက်ပြတ်ထွက်လားပြီး၊ညာခြီထောက်တွင်လေ့ ပြင်းပြင်း ထန်ထန်ဒဏ်ရာ ရလားကာ အပေါက်ဝဆီးရုံသို့ ပို့ဆောင်လိုက်ရပြီး ယင်းကတဆင့် ဒဏ်ရာပြင်းထန်၍စစ်တွေဆီးရုံသို့ယူဆောင်ဖို့စီစဉ်နီစဉ်သွီး ထွက်လွန်ကာ မွန်းလွဲ၂နာရီခန့်၌ဦိးလှမောင်ကွယ် လွန်လားခကြောင်း ရွာသားများက ပြောသည်။
ဂျူလိုင် ၁ ရက်နိကလေ့ ကျောက်တော်အခြီစိုက် စစ်ကောင်စီတပ် ခမရ(၃၇၅)တပ်ရင်းနားတွင် နွားလိုက် ရှာသည့် ဝက်မှိင်းရွာသား တယောက် ဦးသန်းစိန်မောင် (၄၅နှစ်)သည် မိုင်းနင်းမိ၍ ခြီထောက် တဖက်ပြတ်ထွက်လားကာ စစ်တွေဆီးရုံကြီးတွင် ဆီးကုသမှုခံယူနီစဉ် ဂျူလိုင် ၂ ရက်နိတွင် သီဆုံး လားခသိမ့်သည်။
ယင်းအပြင် မေ၃၁ရက်နိကလေ့ ကျောက်တော်မြို့ နယ်၊ ရုပ်သားရွာက မသိန်း(ခေါ်)ဒေါ်မတင်သိန်း (၇၅နှစ်) သည် ရွာအပြင်သို ဟင်းရှာ လားစဉ် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းကို နင်းမိခ၍ ပြင်းပြင်း ထန်ထန်ဒဏ်ရာ ရဟိလားကာကျောက် တော်ဆီးရုံသို့ ပို့ဆောင်စဉ် လမ်းမှာသီဆုံးလားခကြောင်း ဒေသခံများပြောကြားချက်အရသိရသည်။
ယင်းနည်းတူ ကျောက်တော်အပါအဝင် ရက္ခိုင်ပြည်မြို့နယ်များ၌ မိုင်းပေါက်ကွဲမှုများ မကြာမကြာ ဖြစ်ပေါ် လျက်ဟိပြီး လယ်သမားများပိုင်ဆိုင်သည့် ကျွဲ၊ နွားသီဆုံးမှုများ၊အရပ်သားများ၏ကိုယ်လက်အင်္ဂါ၊ အသက် ဆုံးယှုံးမှုများ ဆက်တိုက် ဖြစ်ပေါ် လျက်ဟိသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကလေ့ ပြည်သူတိအနီနန့် မိုင်းအန္တရာယ်ကြောင့် ကိုယ် လက် အင်္ဂါဆုံးယှုးခြင်းနန့် အသက်အန္တရာယ်ဆုံးယှုးခြင်းများမဖြစ်စီရန် စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲများနန့် နီးစပ်သော နီရာများသို့ လုံးဝ မလားလာကတ်ဖို့ အကြိမ်ကြိမ် သတိပီးတိုက်တွန်းထားကြောင်း သိဟိရပါသည်။
Website Link>>https://arakanprincess.media/4-7-2022-2/
https://www.facebook.com/arakanprincessmedia1/posts/179796127773545