By Boder News Agency (BNA) / 2022 July01
စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်းက ဖမ်းဆီးထားတဲ့သူတွေကို နည်းမျိုးစုံနဲ့ ရိုက်နှက်၊နှိပ် စက်ပြီး စစ်ဆေးမေးမြန်းမှုတွေလုပ်နေတဲ့အတွက် အပြင်းအထန်ဒဏ်ရာရသွားကြသူတွေရှိနေတယ်လို့ BNA က စုံစမ်းသိရှိရပါ တယ်။
စစ်ကောင်စီတပ်တွေဟာ သူတို့ရဲ့တပ်ဖွဲ့ဝင်အချို့ဖမ်းဆီးခံရပြီးနောက် မြို့၊ရွာ၊ရပ်ကွက်တွေအထဲ ဝင်ရောက်ပြီး ဒေသခံတွေကို ဖမ်းဆီးစစ်းဆေးမှုတွေ ပြုလုပ် နေခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့ကနေ စတင်ခဲ့တဲ့ စစ်ကောင်စီတပ် တွေရဲ့ ဒေသခံတွေကို ဖမ်းဆီးတဲ့လုပ်ရပ်ဟာ ယခုအချိန်အထိရှိနေဆဲဖြစ်တယ် လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီလိုဖမ်းဆီးခံရသူတွေထဲက အချို့ဟာ စစ်ကော င်စီတပ်ဖွဲ့ဝင်တွေရဲ့ ရိုက် နှက်၊နှိပ်စက်မှုတွေကို ခံကြရတယ်လို့ BNA က စုံစမ်းသိရှိရထားပါတယ်။
ရခိုင်လူအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ကလည်း စစ်ကောင်စီတပ် တွေရဲ့ ရိုက်နှက်နှိပ်စက်မှုတွေကြောင့် အပြင်းအထန်ဒဏ်ရာရပြီး ဆေးရုံတ က်ကုသရသူတွေရှိတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဖမ်းဆီးထားတဲ့ဒေသခံပြည်သူတွေကို နောက်ပြန် ကြိုးတုတ်ပြီး မျက်နှာဖုံးတွေစည်းကာ ခေါ်ဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေကပြောကြပါတယ်။
အဲဒီလိုဖမ်းဆီး ခေါ်ဆောင်သွားစဉ် လမ်းတလျှောက်မှာ ဒုတ်တွေနဲ့ ရိုက်နှက်တာ၊ခြေတောက်နဲ့ ကန်ကျောက်တာ၊လက်သီးနဲ့ထိုးတာစတဲ့လုပ်ရပ်တွေကို စစ် ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တယ်လို့လည်း ပြောကြပါတယ်။
အဲဒီအပြင် စစ်ဆေးတဲ့အခါမှာလည်း ရိုက်နှက်မေး မြန်းတာ၊ဖိနပ်နဲ့ပါးတွေကို ရိုက်တာ၊ကန်ကျောက်တာတွေ ရှိတယ်လို့ ပြောကြပါတယ်။
အဲဒီလိုရိုက်နှက်နှိပ်စက်တာဟာ အပြည်ပြည်ဆိုင် ရာလူ့အခွင့်အရေးကြေငြာ စာတမ်း အပိုဒ် ၅ ကိုချိုးဖောက်ရာရောက်တယ်လို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။
“လူအခွင့်အရေးကြေငြာစာတမ်းကို လိုက်နာဖို့လိုတယ်။အခုက မလိုက်နာ ကြဘူး။” လို့ သူက ဆိုပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေလက်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံထား ရတဲ့ ဒေသခံပေါင်း ၄၀ ဝန်းကျင် ရှိနေသေးတယ်လို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ပြောပါတယ်။
အဲဒီအထဲမှာ အသက် ၁၄ နှစ်၊၁၅ နှစ်၊၁၇ နှစ်အရွယ် အသက်မပြည့်သေးသူ တွေလည်း ပါဝင်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊စစ်တွေ၊ကျောက် ဖြူမြို့တွေက ပြည်သူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးမှု တွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီက အဲဒီလိုအရပ်သားပြည်သူတွေကို အ ပြစ်ရှာပြီး မတရားဖမ်းဆီးမှု၊ပစ်ခတ်၊သတ်ဖြတ်၊ ညှင်းပန်း၊နှိပ်စက်မှုတွေ ပြုလုပ်နေတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်ပြီး အဲဒီလုပ်ရပ် တွေအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင် သူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
https://www.facebook.com/permalink.php?story_fbid=177936691315312&id=107469705028678