စစ်ကောင်စီက ရန်လိုမှု၊ရန်စမှုတွေ ဆက်တိုက်လုပ်နေတဲ့အတွက် တိုက်ပွဲပြန် ဖြစ်လာနိုင်ကြောင်း AA ဆို

By Border News Agency/2022 July 19

(ဓာတ်ပုံ-မောင်တောတိုက်ပွဲအတွင်း အေအေသိမ်းဆည်းရမိတဲ့လက်နက်ခဲ ယမ်းတွေ/AA)

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားလိုတဲ့ ရန်စမှု၊ရန်လိုတဲ့အပြုအမူတွေကို ဆက် တိုက်ပြုလုပ်နေတဲ့အတွက် ရက္ခိုင်ဒေသအတွင်းတိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား လာနိုင်ကြောင်း ရက္ခိုင့်တပ်တော် (AA)က ဇူလိုင်လ ၁၉ ရက် ဒီနေ့မှာ ထုတ်ပြန် သတိပေးပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ AA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲအခြေအနေကို သတင်းထုတ်ပြန်တဲ့အခါမှာ ခုလိုမျိုးထည့်သွင်းသတိပေးထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားပြည် သူလူထုတွေကို ညအချိန်တွေမှာ ဝင် ရောက်ဖမ်းဆီးတာ၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)အဖွဲ့ဝင်များကို လိုက်လံ ဖမ်းဆီးတာ၊ ULA တရားရုံး၊တရား ရေးဝန်ထမ်းများကို အနှောင့်အယှက်ပေးတာ၊ဖမ်းဆီးဖို့ကြိုးစားတာ၊ ပြည်သူတွေလူထုတွေအပေါ် စိုးရိမ်မှုတွေ ဆက်တိုက် ပေးတာ၊လက်နက်ကြီးတွေနဲ့ခြိမ်းခြောက်နေတာ၊ပြည်သူတွေကို ပြန်ပေးဆွဲ ထားသလို ပြုလုပ်ထားတာစတဲ့အချက်တွေကိုလုပ်နေတယ်လို့ ရက္ခိုင့်တပ် တော်(AA)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီဟာ စစ်ရေးလှုပ်ရှားမှု၊စစ်ရေးပြင်ဆင်မှုတွေ ကိုလည်း ဆက်တိုက်လုပ်လာနေတဲ့အတွက် တိုက်ပွဲတွေဟာဆက်ပြီးပြင်းထန် လာနိုင်တယ်လို့ AA က ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့၊စစ်ရေးသတိရှိကြဖို့ AA က သူရဲ့ထုတ်ပြန်ချက်မှာထည့်သွင်း အသိပေးထားပါတယ်။

ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ဟာ ယမန်နေ့ ဇူလိုင်လ ၁၈ ရက်က မောင်တောမြို့နယ်နေရာနှစ်ခုမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဖက်က သေဆုံးသူအချို့ရှိခဲ့ပြီး လက်နက်ချ၊ အညံ့ ခံတဲ့သုံ့ပန်း ၁၄ ဦးကိုလည်း လက်ရဖမ်းဆီးရမိခဲ့တယ်ဆို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအပြင်လက်နက်ကြီး၊လက်နက်ငယ်အချို့နဲ့ခဲယမ်း၊ကျည်အများအပြားကို လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့နှစ်ပွင့်လင်းရာသီကတည်းကနေစပြီး ရခိုင် ပြည်နယ်အတွင်း ကျေးရွာ၊ရပ်ကွက်တွေကို ဝင်ရောက်ပြီး ပြည်သူတွေကို စစ် ဆေးတာ၊ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဇွန်လလယ်လောက်မှာတော့ ရခိုင်ပြည်နယ်အတွင်းက ဒေသခံပြည် သူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

အဲဒီအထဲက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် ၄၀ ကျော်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံထားရဆဲဖြစ်ပြီး အများစုမှာ တပ်မတော်အကြည် အညိုပျက်စေမှုပုဒ်မ ၅၀၅(က)အပါအဝင် ပုဒ်မတွေတပ်ပြီး တရားစွဲခံထားကြရ တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

တချို့ဆိုရင် စစ်ကောင်စီရဲ့ စစ်ကြောရေးအတွင်း နှိပ်စက်ရိုက်နှက်ခံခဲ့ရတာ ကြောင့် ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးရုံတက်ကုသနေကြရပါတယ်။

အဲဒီလိုမျိုး အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ULAရဲ့ အုပ်ချုပ်ရေး၊တရားစီ ရင်ရေးကို နှောင့် ယှက်တာ၊ULA အဖွဲ့ဝင်တွေကို ဖမ်းဆီးတာစတဲ့လုပ်ရပ်တွေ ဆက်လုပ်နေမယ်ဆိုရင်၊သည်းခံနိုင်တဲ့အတိုင်းအတာကုန်ရင် တိုက်ပွဲတွေပြန် ဖြစ်လာနိုင်တယ်ဆိုပြီးတော့ AAက ယခင်ကတည်းက ပြောထားဖူးတာ ရှိပါ တယ်။

ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်တပ်တို့ဟာ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကတည်းက တိုက်ပွဲတွေမရှိသလောက် ရပ်စဲနေခဲ့ပေမယ့်ခု ၂၀၂၂ ခုနှစ်၊နှစ်ဆန်းပိုင်းမှာတော့ နှစ်ဖက်ထိပ် တိုက်တွေ့မှု၊တင်းမားမှုတွေခဲ့နေပါတယ်။

နောက်ပြီး ပလက်၀၊မောင်တောမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှုတချို့လည်း ရှိခဲ့ပါတယ်။

#BNA#ရခိုင်#စစ်ရေး#တင်းမာမှု# AA#စစ်ကောင်စီ#ဒေသခံ#ပြည်သူ#

https://www.facebook.com/permalink.php?story_fbid=181881270920854&id=107469705028678

Leave a Reply

Your email address will not be published.