ငွေကြေး အလွဲသုံးစားပြုလုပ်မှုနဲ့ အမှုဖွင့်ခံထားတဲ့ KBZ ဘဏ်ဝန်ထမ်းနှစ်ဦးအမှုကို ဇူလိုင် ၂၉ ရက်နေ့ ရမန်ယူထား

By Voice Of Westland/2022 July 21

ငွေကြေးအလွဲသုံးစားပြုလုပ်မှုနဲ့ အမှုဖွင့်ခံထားရတဲ့

မာန်အောင်မြို့ ကမ္ဘောဇဘဏ်ဝန်ထမ်းအမျိုးသမီး

နှစ်ဦးအမှုကို လာမယ့်ဇူလိုင်လ ၂၉ ရက်နေ့ကို

ရမန်ယူထားတယ်လို့ မာန်အောင်မြို့နယ်ရဲစခန်းက

ဒုရဲအုပ်က ပြောပါတယ်။

” သူတို့ကို ကျနော်တို့ ရဲလုပ်ငန်းအရစစ်ဆေးနေတုန်းပဲရှိသေးတယ်။ ရုံးထုတ်တာတော့မရှိသေးဘူး။ ဇူလိုင်လ ၂၉ ရက်နေ့အထိ ရမန်ယူထားတယ်” လို့ မာန်အောင်မြို့နယ်ရဲစခန်းက အမှုစစ်ဒုရဲအုပ် ရဲဇာနည်က VOW ကိုပြောပါတယ်။

လက်ရှိမှာ အမှုဖွင့်ခံထားရသူ အမျိုးသမီးနှစ်ဦးရဲ့

နာမည်တွေကို မပြောနိုင်သေးဘူးလို့ သူက ပြောပါ

တယ်။

မာန်အောင်မြို့ အနောက်စုရပ်ကွက်မှာနေထိုင်သူ

ကမ္ဘောဇဘဏ် အကြီးတန်းစာရေးအမျိုးသမီးနှစ်ဦးဟာ ကျပ်ငွေ ၁၈၃၅ သိန်း အလွဲသုံးစားပြုလုပ်မှုနဲ့

ဇူလိုင်လ ၁၆ ရက်နေ့မှာ အမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။

သူတို့နှစ်ဦးကို ဘဏ်အကောင့်ပိုင်ရှင် ၉ ဦးဆီက

ငွေကျပ် ၁၈၃၅ သိန်းကျပ်ကို မာန်အောင်ဘဏ်ခွဲ တာဝန်ခံ ခွင့်ပြုချက်မရှိဘဲ လွဲပြောင်းအသုံးပြုထား

တာကိုတွေ့တဲ့အတွက် ဘဏ်အရာရှိတစ်ဦးက

တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာလို့ ပြောပါတယ်။

သူတို့ကိုနှစ်ဦးကို ထောင်ဒဏ် ၇ နှစ်ထိချမှတ်နိုင်တဲ့ ငွေအလွဲသုံးစားပြုမှု ဥပဒေပုဒ်မ-၄၀၈ ၊ လက်မှတ်အတုပြုလုပ်မှုဥပဒေပုဒ်မ-၄၆၈ တို့နဲ့ အမှုဖွင့်ထား တာဖြစ်ပါတယ်။

https://www.facebook.com/VOW2ppl/posts/180341617718557

Leave a Reply

Your email address will not be published.