ဂွမြို့၏ မြောက်-အရှေ့မြောက်ဘက် (၉)မိုင် ခန့်အကွာကို ဗဟိုပြုပြီးအင်အား ၃.၅ အဆင့်ရှိငလျင်လှုပ်ခတ်

By Narinjara /2022 July 07

ရခိုင်ပြည်နယ် ဂွမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၀) မိုင်ခန့် အကွာကို ဗဟိုပြုလျှက် ယနေ့ ညနေ ၅ နာရီကျော်က အင်အားရစ်(ခ်) တာစကေး (၃.၅) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်သွားခဲ့သည်ဟု သတင်း ရရှိသည်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီဌာနမှ ယနေ့ညနေ သတင်း ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၂၃)မိနစ်၊ (၁၂) စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၀) မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (ဂွမြို့၏ မြောက်-အရှေ့မြောက်ဘက် (၉)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၇.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာ ရရှိပါသည်ဟု ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လ ပထမပတ်အတွင်း ငလျင်လှုပ်ခတ်မှု ၁၄ ကြိမ် အထိဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် မြေငလျင်လှုပ်ခတ်မှု ၁ ကြိမ်စီရှိခဲ့ပြီး ဇူလိုင် ၄ ရက်တွင် ၃ ကြိမ်၊ ဇူလိုင် ၅ ရက်တွင် ၃ ကြိမ်၊ ၆ ရက်တွင် ၂ ကြိမ်နှင့် ယနေ့ ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ၂ ကြိမ် ယနေ့ညနေပိုင်း၌ ၁ ကြိမ် လှုပ်ခတ်ခဲ့ရာ တစ်ပတ်အတွင်း စုစုပေါင်း ၁၄ ကြိမ်လှုပ်ခတ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

(Narinjara သတင်းနှင့်ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

https://www.facebook.com/narinjara.info/posts/5617937108218320

Leave a Reply

Your email address will not be published.