(အသက်မပြည့်သေးသူ အနည်းဆုံး ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားဆဲ)
By Border News Agency/2022 July 25
ဓာတ်ပုံ-စစ်ကောင်စီက ကျောက်ဖြူမြို့ခံများကို ဖမ်းဆီးထားသည့်စာရင်း
ကျောက်ဖြူမြို့နယ်တွင် ရဲအရာရှိတစ်ဦး အဖမ်းခံရပြီးနောက် အရပ်သားပြည်သူ ၁၄ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက အသက်မပြည့်သေးသူတစ်ဦးအပါအဝင် ၇ ဦးမှာ လက်ရှိအချိန်အထိ စစ်ကောင်စီလက်ထဲမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ဒီနေ့(ဇူလိုင်လ ၂၅)မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၂၄ ရက် မနေ့က ကျောက်ဖြူမြို့နယ် စနဲမြို့စခန်းမှူးကို AA က ဖမ်းသွားပြီးနောက် စစ်ကောင်စီတပ်တွေ ဟာ မြို့ထဲကို ရောက်လာကြပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေ က ပြောကြပါတယ်။
အဲဒီလိုစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဖမ်းဆီးထားသူ ၇ ဦး(ဒေသခံတွေက ၈ ဦးလို့ပြော)ကို နောက်တရက် ဒီနေ့မှာ ကျောက်ဖြူမြို့သို့ ခေါ်ဆောင်သွားတာတွေ့လိုက်ရတယ်လို့ စနဲဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီအထဲမှာ အ သက် ၁၆ နှစ်အရွယ် အသက်မပြည့်သေးသူ တစ်ဦး ပါဝင်သလို တက္ကသိုလ်ကျောင်းသူအပါအဝင် အမျိုးသမီး ၄ ဦး လည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ကားနှစ်စီးနဲ့ လာပြီး ခေါ်သွားတယ်။ ရဲသားတွေ အများကြီးပါတယ်။ ရဲစခန်းကို ခေါ်တာလား၊ စစ်ကြောရေးစခန်း ကို ခေါ်မယ့်ဟာလား မပြောတတ်ဘူး”လို့ စနဲမြို့ခံတစ်ဦးက BNA ကို ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်သားတွေဟာ စနဲမြို့တွင်းမှာ သွားလာ၊ စစ်ဆေးနေတာတွေ မရှိပေမယ့် စနဲရဲစခန်းထဲ မှာ ရှိနေသေးတဲ့အတွက် ဒေသခံတွေဟာ စျေးဆိုင်တွေကို ပိတ်ထားကြသလို လမ်းပေါ်ကိုလည်း မထွက်ဘဲ အိမ် ထဲမှာပဲ နေနေကြတယ်လို့ ဆိုကြပါတယ်။
ဒ့ါအပြင် စနဲမြို့အနီးတဝိုက်က ရန်ကုန် – စစ်တွေ ကားလမ်းတစ်လျှောက်မှာ ရှိတဲ့ ကျေးရွာတွေဖက်ကိုလည်း စစ် ကောင်စီတပ်တွေ လက်နက်အပြည့်အစုံနဲ့ ထွက်သွားတာ တွေ့လိုက်ရတယ်လို့ စနဲဒေသခံတစ်ဦးက ပြောပြပါ တယ်။
စစ်ကောင်စီက အခုလိုမျိုး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတာဟာ လွန်ခဲ့တဲ့တစ်လကျော်က တည်းဖြစ်ပါတယ်လို့ ပြောကြပါတယ်။
စစ်ကောင်စီက ဖမ်းဆီးထားတဲ့အထဲမှာ အသက်မပြည့်သေးသူ အနည်းဆုံး ၃ ဦး ရှိပြီး သူတို့တွေဟာ အခုအချိန်အထိ ပြန်လွှတ်လာတာ မရှိသေးသလို မိသားစုတွေနဲ့လည်း တွေ့ခွင့် မရကြ သေးဘူးလို့ မိသားစုဝင်တွေက ပြောကြပါတယ်။
အဲဒီအသက်မပြည့်သေးသူတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ရွာက တစ်ဦး၊ မြောက်ဦးမြို့နယ် ပေါင်းတုတ် မူဆလင်ရွာက တစ်ဦးနဲ့ ယခု စနဲမှာ အဖမ်းခံရသူတစ်ဦးတို့ ဖြစ်ကြပါတယ်။
ယခုလပိုင်း အတွင်းမှာပဲ အဲဒီလို စစ်ကောင်စီရဲ့ ဖမ်းဆီးစစ်ဆေးမှုကို ခံရသူပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ကာ အဲဒီထဲက ၄၀ ကျော် မှာ ထိန်းသိမ်းခံထားကြရဆဲဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။ အဲဒီဖမ်းဆီးခံထားရဆဲ သူတွေထဲက ၃၀ ကျော်မှာတော့ တပ်မတော်အကြည်အညိုပျက်စေမှု အပါအဝင် ပုဒ်မတွေ တပ်ပြီး စစ်ကောင်စီရဲ့ တရားစွဲဆိုမှုကို ခံနေကြရပါတယ်။
စစ်ကောင်စီက အဲဒီလို အရပ်သားပြည်သူတွေကို အပြစ်ရှာပြီး မတရားဖမ်းဆီးမှု၊ ပစ်ခတ်၊ သတ်ဖြတ်၊ ညှင်းပန်း၊ နှိပ်စက်မှုတွေ ပြုလုပ်နေတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်ပြီး အဲဒီလုပ်ရပ်တွေအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ထုတ် ပြန်ထားပါတယ်။
https://www.facebook.com/permalink.php?story_fbid=183019720807009&id=107469705028678