ကျောက်တော်မှာ စစ်ဘေးရှောင်တစ်ဦး ပျောက်ဆုံးနေ

By Border News Agency/2022 July 20

(ဓာတ်ပုံ-ကျောက်တော်မြို့မှ စ်ဘေးရှောင်စခန်းတစ်ခု/BNA)

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ဘုန်းတော်ကြီး ကျောင်းနေ စစ်ဘေးရှောင်တစ်ဦးဟာ ဇူလိုင်လ ၁၉ ရက်၊မနေ့ည ၁၀ နာရီ ကျော်အချိန်ခန့်က လမ်းမှာပျောက်ဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီပျောက်ဆုံးနေသူဟာ ကျောက်တော်မြို့နယ်၊မီးဝကျေးရွာက စစ်ဘေးရှောင် လာသူ အသက် ၃၉ နှစ်အရွယ်၊ဦကျော်ဟိန်းဖြစ်ပြီးဆိုင်ကယ်ကယ်ရီမောင်းတ ယ်လို့ ဇနီးဖြစ်သူက ဆိုပါတယ်။

”အိမ်ကို မရောက်လာဘူး။ဖုန်းဆက်လို့လည်းမရဘူး။စက်ပိတ်ထားတယ်။အခုအချိန်ထိ ဘာအဆက်အ သွယ်မှမရဘူး။လို့ သူ့ဇနီးက ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်မှာ ဇနီးနဲ့သားသမီး ၄ ဦး၊စစ်ဘေးရှောင်စခန်းမှာကျန်ခဲ့တာမို့ မိသားစုစားဝတ်နေရေးလည်း ပူပန်နေရတယ်လို့ ဆိုပါတယ်။

“သူ့လုံခြုံရေးအတွက် စိုးရိမ်ပါတယ်။သားသမီးတွေလည်းရှိတယ်။ကျမလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး။စိတ်တွေမွန်းကျပ်နေပါတယ်။အခုအိမ်ရှင် မရှိ ဘူးဆိုတော့ အခက်အခဲရှိသွားပါပြီ။အခုလိုအဖမ်းခံရတယ်ဆိုတော့ သားသမီး တွေ ဘယ်လိုစာသင်နိုင်တော့မလဲ။ကျူရှင်ခကတွေ၊စားဝတ် နေရေးအစစ အရာရာစိတ်ပူပန်နေရတယ်။”လို့ သူမက ဆက်ပြောပါတယ်။

ဦးအောင်ဟိန်းအနေနဲ့ ဘယ်လို ပြစ်မှုမှ ကျူးလွန်းထားတာမရှိဘဲ။ရိုးရိုးသား သားလုပ်ကိုင်စားသောက်နေတဲ့ စစ်ဘေးရှောင်တစ်ဦးသာဖြစ်တာမို့ ဖမ်းထား ရင်လည်း ပြန်လွှတ်ပေးစေချင်တယ်လို့ မိသားစုဝင်တွေကဆိုပါတယ်။

“ကျမယောကျ်ားဘယ်အချိန် ပြန်လွတ်လာမလဲမသိသေးဘူး။သူ့အတွက် စိတ်ပူ နေရပါတယ်။ဖုန်းအဆက်အသွယ်လည်း လုံးဝမရတော့ပါဘူး။”လို့ ဇနီးဖြစ်သူက ငိုပြီးပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူ တွေကို နေအိမ်ထဲကနေဝင်ရောက်ဖမ်းဆီးသွားတာတွေ ဆက်တိုင်းလုပ်လာ နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ခံနှစ်ဦးကို နေအိမ်ထဲကဝင်ရောက်ဖမ်းဆီး သွားသလို ဒီနေ့မနက်ကလည်း မောင်တောမြို့နယ်၊ကြိမ်ချောင်းကျေး ရွာက​သေခံလူကြီးသုံးဦးကို နေအိမ်ထဲကလာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစု ဝင်တွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ရက္ခိုင်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲတွေပြန်ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အသွားအလာတွေဆင်ခြင်ကြဖို့ အေအေမှ မနေ့က ထုတ်ပြန်ထားပါတယ်။

#BNA#ကျောက်တော်#စစ်ဘေးရှောင်#ပျောက်ဆုံး#စစ်ကောင်စီ#ရခိုင်# စစ်ရေးတင်းမာ#အေအေ#

https://www.facebook.com/permalink.php?story_fbid=182069787568669&id=107469705028678

Leave a Reply

Your email address will not be published.