By Border News Agency/2022 July 08
(ဓာတ်ပုံ-မိုးကြီးရေလျှံကာ ရေနစ်နေသောရခိုင်ကစစ်ဘေးရှောင်စခန်းတစ်ခု /BNA)
ရခိုင်ရိုးမတောင်တန်းကြီးနှင့်ဘင်္ဂလာပင်လယ်အော် အကြားတည်ရှိသည့် ရခိုင်ပြည်နယ်သည် ကမ်းမြှောင်ဒေသဖြစ်သောကြောင့် မုတ်သုံရာသီဥတုမျိုး ရှိသည်။ထိုကဲ့သို့ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ခြင်း၊ရခိုင်ရိုးမတောင်တန်း ကြီးက မုတ်သုံမိုးများရွာသွန်းစေခြင်းတို့ကြောင့် မိုးများသည့်ဒေသဖြစ်သည်။
ထို့အပြင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လေ့ရှိသည့်မုန်တိုင်းများ ကြောင့် လူ၊တိရစ္ဆာန်၊နေ အိမ်၊အဆောက်အဦးများပျက်စီးခြင်းနှင့်ရေကြီးခြင်း တို့ကိုလည်း မကြာခဏခံစားရတတ်သည်။
ထိုမုန်တိုင်းအများစုမှာ မိုးဦးနှင့်မိုးနှောင်းကာလများတွင်သာဖြစ်ပေါ်လေ့ရှိပြီး တခါတရံမိုးလယ်ကာလများတွင်လည်း တိုက်ခတ်လေ့ရှိခဲ့သော်လည်း ကမ္ဘာ့ ရာသီဥတုပြောင်းလဲပြီးနောက် ခန့် မှန်းရခက်လာသည်ဟု ဒေသခံသက်ကြီး တချို့က ဆိုကြသည်။
ယခင်ကအပူအအေးပြောင်းလဲမှုမပြင်းထန်ခဲ့သော်လည်း ယခုနောက်ပိုင်း နွေရာသီမှာ ပိုမိုပူလာတာ၊နွေကာလပိုများလာတာ၊မိုးရာသီမှာ မိုးဝင်နောက် ကျပြီးမိုးကုန်စောလာခြင်း၊မိုးကာလလျော့နည်းလာပြီး ပုံမှန်မဟုတ်ဘဲ ရွာချင်သ လိုရွာချခြင်း၊ဆောင်းရာသီတွင်ပုံမှန်အအေးဓာတ်မရှိခြင်း၊အပူချိန်ပြောင်းလဲမှု မြန်ဆန်ခြင်းနှင့်တခါတရံမိုးရာသီကဲ့သို့ မိုးရွာချခြင်းများဖြစ် ပေါ်ခံစားလာရ သည်ဟု ဒေသခံများက ဆိုသည်။
UN-Habitat နှင့်UK aid တို့ ပူးပေါင်းပြုစုထားသည့် မြန်မာနိုင် ငံ၏ Climate Profile မှာ ပါရှိထားချက်အရဆိုရင် ၁၉၈၁ ခုနှစ်မှ ၂၀၁၀အထိ နှစ်သုံးဆယ် အတွင်း ကျောက်ဖြူမြို့၏နှစ်စဉ်ပျှမ်းမျှအပူချိန် တဖြည်းဖြည်းတိုးလာလျက် ရှိကြောင်းတွေ့ရသည်။
ယင်းအပြင် အဆိုပါနှစ်သုံးဆယ်အတွင်း ကျောက်ဖြူမြို့နယ်၏ ရွာသွန်းသည့် မိုးရေချိန်ပမာဏလည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး တချို့နှစ်များတွင် ၁၉၈၁ ခုှနှစ်ဧ။် ရွာသွန်း မိုးရေချိန်ထက်နှစ်ဆနီးပါးမြင့်လျက်ရှိကြောင်း တွေ့ရှိရသည်။
ဤသို့ အပူချိန်ပိုမိုးလာခြင်း၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲလာခြင်း၊ မုန်တိုင်းပိုမို ဖြစ်ပေါ်လာဖြင်းစသည့်အကြောင်းအရင်းများသည် ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးဆက်ကမ္ဘာရာသီဥတုပြောင်းလဲခြင်း Clinate Change ကြောင့်ဖြစ်သည် ကိုမှု သေသေချာသိရှိသူနည်းပါးလှသေးသည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း (Climate Change)ကြောင့် မုန်တိုင်းပိုဝင်လာ ခြင်း၊မိုးကြီးခြင်း၊မိုးခေါင်ခြင်းစသည့် အန္တရာယ်များပိုမိုများပြားလာခြင်း၊အပူ ကြောင့် တောမီးလောင်ခြင်းနှင့်ဇီဝမျိုးတုန်းပျောက်ကွယ်ခြင်း၊ရေရရှိမှုခက်ခဲ လာခြင်း၊စိုက်ပျိုးသီးနှံ့များပျက်စီခြင်းနှင့်ကျန်းမာရေးဆိုးကျိုးများကို ပိုမိုကြုံ တွေ့ခံစားလာရနိုင်သည်ဟု ပညာရှင်များက သတိပေးထားကြသည်။
ထိုကမ္ဘာကြီးပူနွေးလမှု၏အကျိုးဆက် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို တစ် ကမ္ဘာလုံးက ခံစားနေရကြရပြီး မြန်မာ နိုင်ငံလည်း ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကို ဆိုးဆိုးဝါးဝါးခံ စားရသည့်နိုင်ငံထဲတွင် ပါဝင်နေပြီး ရခိုင် ပြည်နယ်သည်လည်း ပါဝင်နေပေသည်။
ထိုကဲ့သို့ ရာသီဥတုပြောင်းလဲလာပါက ပုံမှန်မိုးရွာရက်များပြောင်းလဲခြင်း၊မိုးဝင်ရက်နောက်ကျခြင်း၊မိုးကုန်ရက်စောခြင်း၊မိုးရွာရက်တိုတောက်ခြင်း၊မိုးလ ယ်ကာလတွင် မိုးပြတ်ခြင်း၊ရွာလျှင်လ ည်းပြင်းထန်စွာရွာသွန်းခြင်းတို့ကြောင့် စိုက်ပျိုးထားသောသီးနှံ့များပျက်စီခြင်း၊ရိတ်သိမ်းပြီးသီးနှံ့များနေလှန်းမရနခြင်း သီးနှံ့ပြောင်းစိုက်ရန်ခက်ခဲခြင်း၊ဆောင်းရာသီတွင်မိုးရွာခြင်း၊အအေးပိုခြင်း မိုးသီးကြွေခြင်း၊ရောဂါပိုးမွှားများတိုးလာခြင်း၊ပေါင်းထူခြင်း တို့ဖြစ်ပေါ်လာနိုင်သည်။
ထိုရာသီဥတုပြောင်းလဲမှု၏ အကျိုး ဆက်များဖြစ်သည့် မုန်တိုင်းပိုမိုဝင်ရောက် လာခြင်း၊မိုးရွာသွန်းမှုပုံစံပြောင်း လဲလာခြင်း၊ရေကြီးခြင်း၊မြေပြိုခြင်း၊ အပူချိန်တိုး ခြင်းစသည့် အကျိုးဆက်များသည် ကြိုတင်ပြဆင်မှုအားနည်းသည့်အခါ ပိုမိုထိ ခိုက်ခံစားရမည် ဖြစ်သည်။
Climate Change သည့် တကမ္ဘာလုံးရင်ဆိုင်နေရခြင်းဖြစ် ထိခိုက်အနည်း အများသည် တနိုင်ငံချင်းစီမှ သက်ဆိုင်ရာအာဏာရှိသူများ၏ စီခံခန့်ခွဲမှုအ မျှော်အမြင်ရှိမှု တိုက်ရိုက်အချိုးကျနေသည်ဟု ပြောနိုင်ပါတယ်။
ထိုအကျိုးဆက်များကြောင့် အပူဒဏ်သင့်ရောဂါများဖြစ်ပေါ်ခြင်း၊ငှက်ဖျား၊သွေးလွန်တုတ်ကွေး၊ဝမ်းရောဂါ၊အူ ရောင်ငန်းဖျားရောဂါများပိုဖြစ်လာခြင်း၊ရောဂါပိုးမွှားအသစ်များ(ကြက်တုပ်ကွေး၊ဝက်နားရွက်ပြာ–)ဖြစ်ပေါ်ခြင်း၊သဘာဝဘေးဒဏ် ၏ဆိုးကျိုးများပြင်းထန်မှုကြောင့် စိတ်ပိုင်းဆိုင်ရာမလုံခြုံ မှုများအပြင် ရုပ်ပိုင်းဆိုင်ရာများလည်း ထိခိုက်ပျက်စီးနိုင်သည်။
မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းတွင်တည်ရှိသော ရခိုင်ပြည်နယ်သည် ပထဝီအနေအထားအရ မိုးများခြင်း၊ရေကြီးခြင်း၊မြေပြိုခြင်းတို့အပြင် ဆိုင်က လုန်းမုန်တိုင်း၊ဆူနာမီ၊မုန်တိုင်းဒီရေလှိုင်းစသော ရာသီဥတုပြောင်းလဲမှု၏ ဘေးအန္တရာယ်ဆိုးကျိုးသက်ရောက်မှုကို ခံရနိုင်ခြေများသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၀ခုနှစ်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းဂီရိ၊၂၀၀၆ ခုနှစ်တွင်တိုက်ခတ်ခဲ့သောမာလာမုန် တိုင်း၊၂၀၁၅ ခုနှစ်တွင်တိုက်ခတ်ခဲ့သော ကိုမန်ဆိုင်ကလုန်းမုန်တိုင်းနှင့် ၂၀၁၆ ခုနှစ်တွင်တိုက်ခတ်ခဲ့သော မိုရာဆိုင်က လုန်မုန်တိုင်းများကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည်။
ထိုအပြင်ရခိုင်ပြည်နယ်အတွင်းရှိတောင်တန်းများရှိတည်ရှိသောဒေသများသ ည်လည်း ရာသီဥတုပြောင်းလဲလာခြင်းကြောင့် မိုးရာသီတွင် မြေပြိုခြင်းနှင်က မ်းများပြိုခြင်းများ နှစ်စဉ်ဖြစ်ပေါ်လာနေသည်။
ထိုကြောင့်ဘူးသီးတောင်မြို့နယ်၊ရန်အောင်မြေစစ်ဘေးရှောင်စခန်းအနီးရှိ တောင်ကုန်းများမှာ မိုးများပြီးတောင်မြေပြိုကျမှုတစ်ခုပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ကဖြစ်ပေါ်ခဲ့သည်။
အဆိုပါတောင်မြေပြိုမှုကြောင့် အနီးရှိစစ်ဘေးရှောင်စခန်းမှလူနေအိမ်အချို့ အနည်းငယ်ပျက်စီးသွားခဲ့သည်ဟုစစ်ဘေးရှောင်များက ပြောသည်။
ယခုနှစ်ဧပြီလ တတိယအပတ်က ရုတ်တရက်တိုက်ခတ်ခဲ့သော လေပြင်း ကြောင့် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊စစ်တွေ၊မြောက်ဦး၊ကျောက်တော်၊ပေါက်တောစသည့် မြို့နယ်များရှိစစ်ဘေးရှောင်စခန်းများ၊လူနေအိမ်များနှင့် စာသင်ကျောင်းတချို့လည်း ပျက်စီးသွားခဲ့သည်။
ထိုအပြင် မေလ ၂၁ ရက်နေ့ကလည်းလေပြင်းတစ်ခုထပ်မံတိုက်ခတ်ခဲ့သဖြင့် လူနေအိမ်တချို့နှင့် စစ်ဘေးရှောင်စခန်းအချို့မှာ လူနေလို့မရအောင်ထိပျက်စီး သွားကာ မဖြစ်မနေပြန်ဆောက်ရမည့်အခြေအနေဖြစ်သွားသည်ဟု ဒေသခံများ က ပြောသည်။
ထို့ကြောင့် ရခိုင်ပြည်သူဒေသခံများမိုးရာသီမှာကြုံတွေ့ရမည့်သဘာဝဘေးအန္တ ရာယ်များအတွက် ကြီးမားသောစိန်ခေါ်မှုများနှင့်ကြုံတွေ့နေရပြီး သဘာဝဘေး အန္တရာယ်များကိုရင်ဆိုင်ဖို့အစိုး ရမှကြိုတင်ပြင်ဆင်ထားစေလို့ကြောင့် ဆိုကြသည်။
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ၊ရခိုင်ပြည်နယ်စစ်ကောင်စီက ရခိုင်မှာကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်အတွက် အစည်းအဝေး များပြုလုပ်ပြီးကြိုတင်ပြင်ဆင်ထားကြောင်း ပြောသည်။
”အဲဒီသဘာဝဘေးအန္တရာယ်ဆိုင်ရာနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရမှာ အစ ည်းအဝေး ၂ ကြိမ်ပြီးသွားပြီ။အဲဒီမှာ တာဝန်ယူကြမယ့် လူတွေကလည်း ပြ ည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲတွေဖြစ်တဲ့အတွက် အတွေ့အကြုံရှိတယ်။လုပ်ကိုင်နိုင်တဲ့စွမ်းရည်တွေရှိတယ်။ကူညီကယ်ဆယ်ရေးတွေအတွက်ဆိုရင် မီးသတ်တပ်ဖွဲ့တို့ကို ထည့်ထားတယ်။လူကယ်ပြန်ဆိုရင်ဘာလုပ်ရမယ်။”ဟု ပြောရဲဆိုခွင့်ရှိသူ ဦးလှသိန်းက ဆိုသည်။
ရခိုင်ပြည်နယ်စစ်ကောင်စီက ဇွန်လ ၂၂ရက်နေ့က ”ရခိုင်ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ညှိနှိုင်းအစည်းအဝေး”တစ်ခုကို စစ်တွေမြို့ ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ကြောင့်သတင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေကို ၂၀၁ ၃ခုနှစ်၊ဇူလိုင်လ ၃၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှအတည်ပြုပြ ဋ္ဌာန်းထားခဲ့သည်။
ထိုပြဋ္ဌာန်းချက်များအတိုင်း ရခိုင်ပြည်နယ်စစ်ကောင်စီကအကောင်အထည် ဖော်ဆောင်ရွက်နေကြောင့် ပြောသည်။
”ကြိုတင်စီမံချက်တွေထဲမှာ မျှော်မှန်းထားတဲ့ သဘာဝဘေးအန္တရာယ်ထဲမှာ နံပါတ် ၁ က လေဘေး၊ရေဘေး၊ဒီမြောက်ဦးတို့၊တောင်ကုတ်၊သံတွဲတို့ဘက် တွေမှာ နှစ်စဉ်ရေကြီးတာတွေရှိတယ်။အဲဒီလိုရေကြီးခဲ့ရင် ဘာလုပ်မယ်။ငလျင်ဘေး၊နောက်ပြီး မီးဘေးပေါ့။”ဟု ဦးလှသိန်းက ဆက်ပြောသည်။
ထိုဥပဒေတွင် ”သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ထိခိုက် ဆုံးရှုံးမှုများလျော့ပါးရေးအတွက် သဘာဝဘေးအန္တရာယ်တိုင်ရာစီမံခန့်ခွဲမှုလုပ် ငန်းစဉ်များကို စနစ်တကျထိရောက်လျင်မြန်စွာအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်”ရည်ရွယ်ချက်ဖြင့် ပြဋ္ဌာန်းကြောင့်လည်း ရေးသားထားသည်။
ရခိုင်ပြည်နယ်ရှိ နေရာအသီးအသီးတွင် လာမည့်နောက်တစ်ပတ်အတွင်း မိုးကြီး နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ ၃ရက်နေ့ က ထုတ်ပြန်ထားသည်။
ထို”ရက်များအတွင်းကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် ရခိုင်တစ်ပြည်လုံး နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ဒေသအလိုက်မိုးကြီးခြင်း၊နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူလေ ပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။”ဟုလည်း ဖော်ပြထားသည်။
”ယင်းကာလအတွင်း ရခိုင်တစ်ပြည်လုံးတွင် ၂၄ နာရီအတွင်းမိုးရေချိန် ၃ လက် မ (၇၇-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်ပါသည်။”ဟုလည်း ဆိုထားသည်။
ထိုမိုးလေဝသထုတ်ပြန်ချက်အတိုင်မီတစ်ရက်၊ဇူလိုင်လ ၂ ရက်နေ့ကရခိုင်ပြည် နယ်၊တောင်ကုတ်မြို့၊ဂူတာရပ်ကွက်တွင် မြစ်ကမ်းပါးပြိုကျသွားခဲ့မှုကြောင့် လူနေအိမ် ၄ လုံးနှင့်ကားဝပ်ရှော့တစ်ခု ပြိုကျပျက်စီးသွားသည်ကိုတွေ့ရသည်။
”ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိတိုက် ခတ်နိုင်ပါ သည်။”ဟုလည်း ဆိုထားသည်။
”အဲလိုဖြစ်လာရင် ဘာလုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး စီမံချက်ရှိပြီး ကော်မတီ တွေဖွဲ့စည်းပြီးတော့ အသီးသီး တာဝန်ယူထားတယ်။နိုင်ငံခြားဆက်ဆံရေးနဲ့ သတင်းထုတ်ပြန်ရေးကော်မတီ၊ထောက်ပံ့ကူညီတဲ့ကော်မတီတွေ၊နောက်ပြီး ပြန်လည်ထူ ထောင်ရေးကော်မတီတွေဆိုပြီး အများကြီးရှိတယ်။ဥပမာ ရေကြီး လို့ စပါးတွေပျက်သွားရင် မျိုးစပါးအသစ်ပေးဖို့အစီအစဉ်တွေရှိတယ်။ရေကြီးလို့ အိမ်တွေမှာမနေနိုင်ပဲ စုရပ်တစ်ခုမှာပြေးပြီးနေရလို့ ထမင်းမစားရ တာတွေရှိရင် ငါတို့က ရိက္ခာတွေကူညီပေးမယ့်ဟာတွေရှိတယ်။”ဟု ပြည်နယ် စစ်ကောင်စီက ပြောထားသည်။
”လှိုင်းအမြင့်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၂ပေခန့်ရှိနိုင်သဖြင့် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင် ကြောင်း”လည်း သတိပေးထားသည်။
ထို့ကြောင့် ”ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်နှင့်မြစ်ငယ်၊ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် လေကြောင်းပျံသန်းရေး၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါ သည်။”လို့လည်း ဆိုထားသည်။
ထိုသို့ထုတ်ပြန်ထားသော်လည်း ဒေသခံပြည်သူအများစုမှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကိုမသိခြင်းနှင့်မိုး လေဝသသတင်းထုတ်ပြန်ချက်များကို သေချာမသိကြသဖြင့် ကြိုတင်ပြင်ဆင်မှုနည်းကာ သဘာဝဘေးအန္တရာယ်ကို ပိုမိုကြုံတွေ့ခံစားရခြင်းဖြစ်သည်ဟု ရခိုင်လွတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးက ဆိုသည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ် များကို ရခိုင်ပြည်နယ်အတွင်းရှိ လူသားအားလုံးခံစားကြုံတွေ့နေကြရသော် လည်း ကြိုတင်ကာကွယ်ဖို့၊ပြင်ဆင်မှုအပိုင်းများတွင် ပူးပေါင်းပါဝင်လုပ်ဆောင်မှု အလွန်အားနည်းနေသေးကြောင့်လည်း သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေး ဆောင်ရွက်နေသူများက ဝေဖန်ထောက်ပြကြသည်။
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်စစ်ကောင်စီကမူ ရခိုင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားကြောင့် ဆိုသည်။
“စစ်ဘေးရှောင်စခန်းတွေမှာ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီးတော့ လူကယ်ပြန်ဌာနကနယ်တွေမှာ ပညာပေးတာတွေ၊ဇာတ်တိုက်လေ့ကျင့်တာ တွေရှိတယ်။အဲဒီလိုလေ့ကျင့်တာနဲ့ဟောပြောပွဲတွေကိုလည်း စစ်ဘေးရှောင် စခန်းတွေ၊တိုက်ပွဲရှောင်စခန်းတွေမှာ အများကြီးပြောထားတယ်။”ဟု ပြည်နယ် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
”မည်သူမဆိုဆန်းစစ်ခြင်းမပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှုတစ်ခုခုကြောင့် ဖြစ်စေ၊ဘေးအန္တရာယ်တစ်စုံတစ်ရာကျရောက်နိုင်သည်ကိုသိလျက်နှင့်တမင် ပြုလုပ်မှုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ် ပေါ်စေရန်အကြောင်းရှိလျှင်ထိုသူကို သုံးနှစ်ထက်မပိုသောထောင်ဒဏ်ချမှတ် ရမည်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။”ဟု မြန်မာနိုင်ငံ၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေတွင် ဖော်ပြထားသည်။
သို့သော်လည်း လက်တွေ့တွင်မူ ရခိုင်ပြည်နယ်နေရာအနှံ့အပြားတွင် ရာသီဥတု ပြောင်းလဲမှုနှင့်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာစေနိုင်သည့် တရားမဝင် သစ်ခုတ်မှုများ၊တရားမဝင်ကျောက် ထုတ်လုပ်မှုများနှင့်တရားမဝင်မြေ၊သဲတူ ဖော်မှုများပြုလုပ်နေကြသည်ဟု ဒေသခံများကဝေဖန်ပြောဆိုကြသည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်သည် တကမ္ဘာလုံးရှိ လူသားများရင်ဆိုင်နေ ရခြင်းဖြစ်ပြီး ကုလသမဂ္ဂဦးဆောင်ပြီး ကမ္ဘာကြီးပူနွေးနေမှုကိုလျှော့ချရန် အ တွက် ကာဗွန်ထုတ်လုပ်မှုလျှော့ချခြင်းအပါ စီမံလုပ်ဆောင်မှုလုပ်နေရပါသည်။
အထူးသဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည် လူသားများ၏ ပရောဂ ကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး လူသားများ၏ အမူအကျင့်များပြောင်းလဲရန်လိုအပ် နေချိန်လည်းဖြစ်သည်။
မည်သို့ပင်ဖြစ် ကမ္ဘာ့အပူချိန်နှင့်ရာသီဥတုသည် ၁၇ရာစုယခင်ကစက်မှုတော် လှန်ရေးမတိုင်ခင်ကအခြေအနေကဲ့သို့ ပြန်ဖြစ် ပြန်ရောက်ရန် မဖြစ်နိုင်တော့ပဲ လျှော့ချရေးနှင့် လိုက်လျှောညီဖြစ်ရေးအတွက်သာ ကြိုးစားလုပ်ဆောင်နေကြ ရသည့်အခြေအနေမျိုးဖြစ်သည်ကို သတိမူသင့်သည်။
သဘာဝဘေးအန္တရာယ်ကိုဖြစ်ပေါ်လာစေရန်အကြောင်းရင်းများကို ဥပဒေများ ဖြင့် ကြိုတင်ကာကွယ်မပြင်ဆင်နိုင်သည့်အခြေအနေများတွင် လူသားတိုင်းရင် ဆိုင်ကြုံတွေ့နေကြရသည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၏အကျိုးသက်ရောက်မှု သဘာဝဘေးအန္တရာယ်များကို လျော့ချနိုင်ရေးနှင့် လိုက်လျော့ညီထွေရင်ဆိုင် နိုင်ရန် ရခိုင်လူထုအနေဖြင့်ကိုယ်ပိုင်အသိစိတ်များဖြင့် အားလုံးပူးပေါင်းပါဝင် ကြိုတင်ပြင်ဆင်ထားကြဖို့လိုအပ်နေသည်။
အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခအပါအဝင် ပဋိပက္ခများရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်တွင် ပိုမိုပြင်းထန်သည့် သဘာဝဘေးအန္တရယ်အတွက် သက်ဆိုင် ရာအစိုးရများ၏ စနစ်ကျသည့်စီမံခန့်ခွဲမှုနှင့်မူဝါဒကောင်းများ လိုအပ်နေချိန်ဟု ဆိုနိုင်ပါသည်။
#BNA#Analysis#ClimateChange#ရခိုင်#ဒေသခံများ#ပျက်စီးဆုံးရှုံးမှု# ကြိုတင်ပြင်ဆင်မှု#