ULA/AA ရဲ့ အခွန်ကောက်ခံမှုမှာ အလွှဲသုံးစားမှုတွေရှိရင် သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့ AA တိုက်တွန်း

By  Voice Of Westland (VOW)/ 2022 June 14

ရက္ခိုင်ပြည်သူ့ အစိုးရ ULA/AA အနေနဲ့ အခွန် ကောက်ခံတဲ့ နေရာမှာ အလွဲသုံးစားမှုတွေလုပ်ဆောင်နေတာတွေ ရှိရင် အမျိုးသားရေးစိတ်ဓါတ်နဲ့ အလွဲသုံးစားမှုတွေကို ဖော်ထုတ်အကြောင်းကြားပေးကြဖို့ ဇွန်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ တတိယအကြိမ်မြောက် ULA/AA ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောဆိုလိုက်ပါတယ်။

အခွန်ကောက်ခံတဲ့ နေရာမှာ ပြည်သူတွေ ဝန်ထုပ်၊ဝန်ပိုး မဖြစ်အောင် နည်းတဲ့ပမာဏကိုသာ ကောက်ခံတာ ဖြစ်ပြီး၊မပြေလည်တဲ့ လုပ်ငန်းရှင်တွေနဲ့ဆင်းရဲတဲ့ ပြည်သူတွေကို အခွန်

​လျော့ပေါ့ ပိုင်ခွင့်ပေးထားတယ်လို့ ခိုင်သုခ ကပြောပါတယ်။

“အခွန်ကောက်ခံတဲ့နေရာမှာ ပြည်သူတွေ ဝန်ထုပ်၊ဝန်ပိုး မဖြစ်ရအောင် နည်းတဲ့ ပမာဏကိုသာ ကျနော်တို့ ကောက်ခံတာ ဖြစ်ပါတယ်။ ဆင်းရဲတဲ့ ပြည်သူတွေ အတွက် အခွန်ကင်းလွှတ်ခွင့် ရှိပါတယ်။ မပြေလည်တဲ့ လုပ်ငန်းတွေ အတွက် အခွန်လျော့ပေါ့ပိုင်ခွင့် ပေးထားပါတယ်။ တစ်ချို့နေရာတွေမှာ အလွှဲသုံးစားမှုတွေ ရှိရင် မြင်တဲ့ သူတွေက အမျိုးသားရေး အသိတရားရှိရှိနဲ့ သက်ဆိုင်ရာကို အကြောင်းကြားပေးပါ” လို့ သူက ပြောပါတယ်။

တော်လှန်ရေး အစိုးရ တစ်ရပ်အနေနဲ့အခွန်ကောက်ခံတယ်ဆိုတာက အစိုးရတစ်ရပ်ရဲ့ ပုံမှန်လုပ်ငန်းတစ်ခုသာ ဖြစ်ပြီး၊ အခွန်ကောက်ခံတဲ့ နေရာမှာ အလေအလွင့်မဖြစ်ရအောင် အရင်တုန်းကထက် စည်းကမ်းတကျ ကောက်ခံနေတယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။

“မပြီးဆုံးသေးတဲ့ တော်လှန်ရေးကာလမှာ တော်လှန်ရေးတစ်ရပ် အောင်မြင်မယ်ဆိုတာဟာ အရေးအကြီးဆုံးဖြစ်ပြီး၊ အဲတာကြောင့် ရလာတဲ့ အခွန်တွေကို တော်လှန်ရေးအတွက်သာ အဓိကထား အသုံးပြုနေတာ ဖြစ်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ရက္ခိုင်ပြည်သူ့အစိုးရ တစ်ရပ်အနေနဲ့ ရခိုင်ပြည်မှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ အားလုံးဆီက အခွန်ကောက်ခံလျှက်ရှိပြီး၊ ရလာတဲ့ အခွန်တွေကို တော်လှန်ရေး၊ ပြည်သူ့လုံခြုံရေးနဲ့တရားစီရင်ရေး လုပ်ငန်တွေမှာ သုံးစွဲနေတယ်လို့ ခိုင်သုခက ပြောပါတယ်။

https://www.facebook.com/VOW2ppl/posts/172683185151067

Leave a Reply

Your email address will not be published.