By Boder News Agency (BNA) / 2022 June 01

တစ်လတစ်ကြိမ် ပုံမှန်ပြုလုပ်လာခဲ့တဲ့ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ရဲ့လစဉ်သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့မေလအတွင်းက ပြုလုပ်ခြင်းမရှိခဲ့ပါဘူး။
ULA/AAဟာ လစဉ်သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ မတ်လကနေစတင်ပြုလုပ်လာခဲ့တာဖြစ်ပြီး မတ် လနဲ့ ဧပြီလ နှစ်လဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် မေ လအတွင်းမှာတော့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းမရှိပါဘူး။
လစဉ် ၅ ရက်မြောက်နေ့တွေမှာ ပုံမှန်သတင်းရှင်းလ င်းပွဲကိုပြုလုပ်ခဲ့ပေမယ့် မေလအတွက် ရှင်းလင်းပွဲကိုမူ ယခုဇွန်လ ၁ ရက်နေ့အထိ ပြုလုပ်ခြင်းမရှိသေးပါဘူး။
ဘယ်လိုအကြောင်းကြောင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှုမရှိခဲ့သလဲဆိုတာနဲ့ပတ်သက်လို့ ULA/AA ကိုBNAက မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
ULA/A ဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ် သက်လို့ ပြည်သူတွေကြားမှာ မရှင်းမလင်းဖြစ်နေတာတွေ သူတို့ရဲ့တရားစီရင်ရေးနဲ့ပတ်သက်လို့ ဝေ ဖန်ထောက်ပြမှုတွေ၊မှားယွင်းစွာစီမံနေတယ်လို့ ပြည်သူတွေက ယူဆထားတဲ့အမှုတွေအပါအဝင် ဒေသအုပ်ချုပ်ရေးဆိုင်ရာအားနည်းချက်တွေနဲ့ပက်သက်လို့ သတင်းမီဒီယာကနေတဆင့် ဖြစ်ရပ်မှန်တွေတင်ပြနိုင်ရေးအတွက် အဲဒီလစဉ်ရှင်းလင်းပွဲကို ပြုလုပ်ဖို့ စီစဉ်ခဲ့တာလို့ ဆိုထားပါတယ်။
ပြည်သူတွေအကြားအမြင်ကွဲလွဲနေတာတွေနဲ့ပတ် သက်လို့ အဲဒီလိုမျိုးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးတဲ့အပေါ် ပြည်သူတွေ ကြိုဆိုခဲ့ကြပါတယ်။ အဲဒီရှင်းလင်းပွဲကို လစဉ်ပုံမှန်ပြုလုပ်ပေးပြီးတော့ မြေပြင်မှာ ကြုံနေရတဲ့အခြေအနေ၊ပြဿနာတွေအပေါ် ဖြေရှင်းပေးစေလိုတယ်လို့လည်း တိုက်တွန်းကြပါတယ်။
“လစဉ်၊လစဉ်လုပ်သွားရင်တော့ ပြည်သူတွေ အခ က်အခဲကြုံနေရတဲ့ ပြဿနာတွေကို ရင်ဆိုင်ပြီးတော့ ဖြေရှင်းနိုင်မယ်လို့ယူဆပါတယ်။ပွင့်လင်းမြင်သာမှုတစ်ခုလိုတယ်လေ။မြေပြင်မှာ ဖြစ်ပျက်နေတာတွေကိုလည်း ပုံမှန်အတိုင်းဖြစ်စေချင်(ဖြေရှင်းပေးစေချင်)တယ်လေ”လို့ ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ ဒါရိုက်တာဦးမြတ်ထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းကဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ်၊စေတီတောင်တိုက်နယ်ဆေးရုံက သူနာပြုဆရာမတစ်ဦးအုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရတဲ့ဖြစ်စဉ်ကို ULA/AAက စစ်ဆေးကိုင်တွယ်နေတာရှိတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။
အဲဒီလိုစစ်ဆေးတဲ့အခါမှာ ဘက်လိုက်မှုတွေရှိနေတယ်လို့လည်း ကိုယ်တိုင်စစ်ဆေးခံခဲ့ရသူတွေက ပြောဆိုထားကြပါတယ်။
“ပြည်သူတွေ ပိုပြီးတော့ အားကိုးယုံကြည်လာအော င်၊ယုံကြည်မှုလျှော့မသွားအောင်လုပ်ဖို့လိုပါတယ်။လက်ရှိ ဝေဖန်ခံနေရတဲ့ကိစ္စတွေနဲ့ပတ်သက်လို့လ ည်း တိတိကျကျဖြေရှင်း၊ထုတ်ပြန်ပေးတာမျိုးတွေ လုပ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ကျွန်တော်တို့ ဒီထက်ပိုပြီး အားကိုးချင်ပါတယ်”လို့ ရခိုင်ဒေသခံကိုဇော်မင်းက ULA/AAကို အကြံပြုပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ဟာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်သွားချိန်ကနေစပြီး အုပ်ချုပ်ရေး၊တရားစီရင်ရေးလုပ်ငန်းတွေကို အစားထိုးဝင်ရောက်လုပ်နေခဲ့တာဖြစ်ပါတယ်။
အဲဒီအုပ်ချုပ်ရေး၊တရားစီရင်ရေးလုပ်ငန်းတွေမှာ ULA/AA ရဲ့ကိုင်တွယ်ဖြေရှင်းပုံတွေနဲ့ပတ်သက်ပြီး ပြည်သူတွေက ကျေနပ်အားရမှုတွေ ရှိသလို အဂတိ လိုက်စားမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ULA/AAရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွ င့်ရှိသူ ခိုင်သုခကဦးဆောင်ရှင်းလင်းတာဖြစ်ပြီးUL A/AA ရဲ့သတင်းထုတ်ပြန်ရေးစာမျက်နှာဖြစ်တဲ့ ULA Press-Briefing (https://www.facebook.com/ulapress2022/) ကနေ လည်း တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ပါတယ်။