By Western News/ 2022 June 11

ရခိုင်ပြည်နယ်မှ မွတ်ဆလင်ကျောင်းသားဦးရေ ၂၀၀ ကျော် စစ်တွေတက္ကသိုလ်တွင် ဒေး(Day) နေ့သင်တန်းတက်ရောက်လျှက်ရှိသည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ် ပဋိပက္ခဖြစ်ပွားပြီးနောက် မွတ်ဆလင်ကျောင်းသားများအား အစိုးရက လုံခြုံရေးအကြောင်းပြချက်ဖြင့် တက္ကသိုလ်နေ့သင်တန်းအား ၁၀ စုနှစ်ကြာနီးပါး တက်ရောက်ခွင့်ပိတ်ပင်ခဲ့သည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် မွတ်ဆလင်ကျောင်းသားတစ်ချို့က ပူးပေါင်းဆောင်ရွက်မှုကြောင်း စစ်တွေတက္ကသိုလ်တွင် မွတ်ဆလင်ကျောင်းသားများ ကျောင်တက်ခွင့်ရရှိရေး ကြိုးပမ်းခဲ့ကြပြီး ယခုနှစ်တွင်ပြန်လည်တက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
မွတ်ဆလင်ကျောင်းသား ၂၀၀ကျော်အတွက် ကျောင်းဝင်ခွင့်ရရှိရေး ပူးပေါင်းဆောင်ရွက်ခဲ့သလို့ အဝေသင်ကျောင်းသားများအတွက် အတွက်လည်း ကျောင်အပ်နှံရန်အတွက် ပါဝင်ကူညီဆောင်ရွက်သွားမည်ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဗဟိုကော်မတီဝင် ကိုကျော်နိုင်ဌေးက Western News ကိုပြောသည်။
“ကျွန်တော်တို့က အခုမွတ်ဆလင်ကျောင်းသားတွေ၊ ကမန်ကျောင်းသားတွေအတွက် ကျောင်းသွင်းတဲ့ အခက်အခဲတွေအတွက် ကူညီဆောင်ရွက်ပေးနေတာတွေရှိပါတယ်။ နောက်ပြီး အဝေသင် ကျောင်းသားများအတွက်လည်း အတွေ့အကြုံရှိတဲ့ ကျောင်သားတွေနဲ့ ပူပေါင်ပြီး ကျောင်းသွင်းရာမှာ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ လက်ရှိမှာတော့ မွတ်ဆလင် ကျောင်းသား ကျောင်းတက်နေတာက ၂၀၀ ကျော်လောက်ရရှိပါပြီ။ အဝေးသင်ကျောင်းသားတွေက ပိုများနိုင်တယ်”ဟုပြောသည်။
ထိုအပြင် မွတ်ဆလင်နှင့် ရခိုင်လူမျိုးများအကြား စာပေ၊ ယဥ်ကျေးမှုးနှင့် ဘာသာစကားများအား အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်သွားမှာဖြစ်သလို ကမန်လူငယ်များ ကျောင်းတက်ရောက်ခွင့် ရရှိရန်အတွက်လည်း UN အပါဝင်တခြားအဖွဲ့အစည်းများနှင့်အတူ ကြိုးစားဆောင်ရွက်မှုတွေရှိနေသည်ဟု သူကဆက်ပြောသည်။
ယခုလို ကျောင်းတက်ခွင့် ရရှိခြင်းနှင့် ပီတီဖြစ်မိသလို ကျောင်းတွင်းပြဿနာတစ်စုံတရာမဖြစ်နိုင်အောင် ဝိုင်းဝန်ကူညီဆောင်ရွက်ပေးကြဖို့ တောင်ဆိုချင်သည်ဟု မွတ်ဆလင် ကျောင်းသားတစ်ဦးဖြစ်သည့် ကိုဇော်မင်းထွန်းက Western News ကိုပြောသည်။
“အခုလို ကျောင်းတက်ခွင့်ရလို့ ကျွန်တော်တို့ ပီတိဖြစ်မိပါတယ်။ ကျောင်းတွင်းမှာလည်း ပြဿနာ တစ်စုံတစ်ရာမဖြစ်ကြအောင် ဝိုင်းဝန်ကူညီပေးကြဖို့လည်း တောင်းဆိုချင်တယ်။ နောက်တစ်ခုက ဆရာ၊ ဆရာမတွေကလည်း ကျွန်တော်တို့ကို လူမျိုး၊ဘာသာမခွဲခြားပဲ ကိုယ်သားသမီးတွေလို သင်ကြားပေးဖို့ တောင်းဆိုချင်တယ်”ဟုပြောသည်။
ယခု တက်ရောက်နေသည့် မွတ်ဆလင် ကျောင်းသား ၂၀၀ကျော်မှာ အမျိုးသမီးကျောင်းသူ ၁၀ ကျော်လောက်သာပါရှိပြီး နောက်နှစ်များတွင် ပိုမိုပါဝင်လာအောင်ဆောက်ရွက်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိ တက်ရောက်နေ့သည့် ကျောင်သား ၂၀၀ ကျော်မှာ မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်မှ အများဆုံးဖြစ်ပြီး စစ်တွေမြို့နယ်ကလည်းပါဝင်သည်ဟု ကျောင်းသားများထံကသိရသည်။
၂၀၁၂ ပဋိပက္ခပြီးနောက် မွတ်ဆလင်ကျောင်းသားများ ကန့်သတ်ထားသည့် အဝေးသင်မေဂျာတစ်ချို့သာ တက်ရောက်ခဲ့ကြရပြီး မွတ်ဆလင်ကျေးရွာများတွင် စင်တာများဆောက်လုပ်ကာ တက္ကသိုလ်ဆရာများက လာရောက်ပြသကြသည်ဟု မွတ်ဆလင်ကျောင်းသားများကပြောသည်။
https://www.facebook.com/westernnewsagency/posts/541117241028118