အမှန်တရားကို ဆာလောင်မွတ်သိပ်နေကြသော အာရက္ခပြည်သူများ

By Boder News Agency (BNA) / 2022 June 15

မောင်ညိုမှိုင်း(စက်သား)ရေးသားသည်။

Photo-Google

လူတိုင်းအမှန်တရားကို ချစ်မြတ်နိုးကြသည်။အမှန်တရားကို တန်ဖိုးထားကြ သည်။ သို့သော် အမှန်တရားဖက်မှ ရပ်တည်ပေးနိုင်သူမှာကား အလွန်ပင်နည်း ပါး၏။အဘယ်ကြောင့်နည်း။အတွေးရသလောက် စဉ်းစားမိသည်။

လူတစ်ယောက်၏တန်ဖိုးကို ရိုးသားဖြောင့်မတ်ခြင်းနှင့်အမှန်တရားကို ချစ်မြတ်နိုးခြင်းဆိုသော စံနှုန်းနှစ်ခုဖြင့် တိုင်းတာ၍ ရနိုင်သည်ဟု ဆိုသည်။

ရိုးသားဖြောင့်မတ်မှုဆိုသည်မှာ လူတစ်ယောက်၏မွေးရာပါ ကိုယ်ပိုင်ဂုဏ်ရ ည်လည်းဖြစ်နိုင်၍ လူ့လောကထဲရော က်လာပြီးနောက်မှသာ လေ့ကျင့်ပြုစု ပျိုးထောင်ယူ၍ရသော အခြင်းအရာလည်းဖြစ်ပြီး အမှန်တရားကို ချစ်မြတ် နိုးခြင်းဆိုသည်မှာ ပညာနှင့်သာ သက်ဆိုင်သောကိစ္စဖြစ်သည်။

ပညာဆိုသည်မှာလည်း မွေးရာပါကိုယ် ပိုင်ဂုဏ်ရည်မဟုတ်ဘဲ လူ့လောကထဲ ရောက်လာပြီးနောက်မှသာ အချိန်နှင့်အမျှ ဖြည့်ဆည်းလျက် ကုံလုံကြွယ်ဝလာ နိုင်သော အရာမျိုးဖြစ်သည်။

လူတစ်ယောက်သည် အမှန်တရားကို မချစ်မြတ်နိုးခင်မှာ မည်သည်ကအမှန် မည်သည်ကအမှားဆိုသည်ကို ကနဦးသိရမည်ဖြစ်ပြီး ၎င်းကိုလည်း ပညာ မျက်စိဖြင့်သာ ခွဲခြားသိမြင်နိုင်သည်။

ကျွန်တော်နားလည်သည်မှာ အမှန်တ ရားဘက်မှ မရပ်တည်နိုင်ရခြင်းသည် သတ္တိမရှိသော အကြောက်တရားများ၊ အဂတိလိုက်စားမှုများနှင့် မိသားစုဆွေ မျိုးသားချင်း ဘက်လိုက်မှုများကြောင့်ပင် ဖြစ်သည်။

ကျွန်တော်သည် ကျေးလက်နေပြည်သူတစ်ဦးဖြစ်ပါသည်။သို့ကြောင့် ကျေး လက်နေပြည်သူတို့၏ လူနေမှုစနစ်၊လူမှုပတ်ဝန်းကျင်၊အုပ်ချုပ်မှုရေး၊ပညာရေး၊ကျန်းမာရေးစသောအခြင်း အရာတို့နှင့်ရင်းနှီးသူဖြစ်သည်။

ကျွန်တော်တို့ ကျေးလက်နေပြည်သူတို့်တွင် ပညာရေး၊ကျန်းမာရေး၊လူမှုရေး သာသာသနာရေးတို့တွင် ဝိဝါဒအနည်း ငယ်သာရှိကြသော်လည်း အုပ်ချုပ်ရေး၊ဥပဒေပြုရေး၊တရားစီရင်ရေးတို့တွင် တမျိုးမဟုတ်တမျိုး အမျိုးမျိုးသော အကြောင်းများဖြင့် ဝိဝါဒများရှိနေသည်။

ဤကဲ့သို့ ဝိဝါဒဖြစ်ခြင်း၏အကြောင်းအရင်းမှာ”အမှန်တရား”ဆိုသော အရာကိုမရရှိကြ၍ပင်ဖြစ်သည်။ဟုတ်ပါသ ည်။ကျေးလက်တောရွာတို့တွင် ပြဿနာတစ်ခုဖြစ်လာသောအခါ မည်သူမှားသည်။မည်သူမှန်သည်ကို သိသော်လည်း မှန်ကန်သူဘက်ကငွေ ၊ဂုဏ်ဓန၊ဆွေမျိုးများ အားနည်းနေလျှင် အမှားလုပ်သူမှာ အမှားများသော အမှန်တရားအဖြစ်သို့ ရောက်ရှိလျက် မှားနေသူက အမှန်တရားအဖြစ်ရောက်ရှိသွားသည်။

အမှားလုပ်သူထံမှ အဂတိလိုက်စားမှု ဘက်လိုက်မှုများရှိနေကြပြီး အမှားလုပ် သူကို မီးလောင်ရာလေပင့်သကဲ့ သို့ ဖြစ်နေကြသည်။ဤအခြင်းအရာသည် ကျေးလက်တောရွာ၏ အုပ်ချုပ်သူလူတန်းစားများက ချမှတ်သော သမားရိုးကျ တရားစီရင်ရေးဖြစ်စဥ်တစ်ခုပင်ဖြစ်သည်။

သို့သော် မြို့ပေါ်များသို့လည်း အုပ်ချုပ်ရေး၊ဥပဒေပြုရေ တရားစီရင်ရေးနှင့် ဆက်စပ်၍ ကြည့်မိသောအခါ၌လည်း ဤသို့ပင်တွေ့နေရသည်။သို့ကြောင့် ကျွန်တော်တို့ ရခိုင်ပြည်တွင် အမှန်တရားကို လိုလားကြသော အမှန်တရား ဘက်မှ ရပ်တည်ပေးနိုင်သော အမှန်တရား၏ဘက်တော်သားများ နည်းပါးနေ သည်ကို တွေ့နေရသည်။အမှန်တရားများ ပျောက်ကွယ်မှေးမှိန်လာသည်ကို တွေ့ရသည်။

ကျွန်တော်တို့ ရခိုင်လူမျိုးသည် ကိုလိုနီဘဝကို ကျရောက်ခဲ့ရသည်မှာ မည်မျှ ကြာခဲ့ပြီနည်း။ကိုလိုနီတို့၏ မတရားအသင်း ပြုမှုဆောင်ရွက်ချက်များကို မခံမရပ်နိုင်ကြ၍ ယုံကြည်မှုဖြင့် တိုက်ပွဲဝင်လာခဲ့ရသည် အထိပင်ဖြစ်သည်။မတရားမှုကိုမလိုလား။အမှန်တရားကိုသာ လိုလားကြ၍ ကြိုးပမ်းလာကြခြင်း ဖြစ်သည်။

ယခုမူ ရခိုင်ပြည်တွင် မတရားသူကို မတရားခြင်း၏ ဒဏ်ခတ်အရေးယူမှုတို့ ရှိနေသော်လည်း ကိုယ့်လူမျိုးအချင်း ချင်းမတရားမှုများ နိုင်ထက်စီးနင်းမှုများ ပြုလုပ်လာနေကြသည်မှာ ကိုလိုနီစနစ်ဆိုးကို ရင်ဆိုင်နေကြရသောခေတ်နှင့် တူနေသည်ဟုသာ ဆိုချင်သည်။

ဤသိုဖြစ်နေရခြင်းမှာလည်းကျွန်တော် တို့ရခိုင်လူမျိုးသည် တာဝန်နှင့်နေရာကို ယခုထိ ခွဲခြားမသိကြသေးသောကြောင့်ပင် ဖြစ်သည်ဟုလည်း သုံးသပ်မိ သည်။

တာဝန်ကိုနေရာထင်၍ ဟောက်လိုဟောက်စားလုပ် အာဏာပါဝါပြ၍ တာဝန်တံ ဆိပ်နှင့်နေရာယူနေကြရသောသူများရှိနေကြသည်။

ကျွန်တော်သည် အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်လျှင် ကျွန်တော်တာဝန်ယူဆောင်ရွက် ရမည့်နေရာကို သတ်မှတ်ပေးသော် လည်း တာဝန်ယူဆောင်ရွက်ရမည်ထက် နေရာကိုခုံမင်လာကြလျက် မဖြစ်သင့်သော ပြဿနာများ ဖြစ်လာကြပြီး အချင်းချင်းဝိဝါဒများ ရှိလာကြသည်။ နောက်တွင် အသင်းကွဲ၊အဖွဲ့ကွဲ၊ရပ်ကွဲ၊ ရွာကွဲထိဖြစ်လာပြီး အမှန်တရားသည် ပျောက်ကွယ်လာခဲ့သည်။

ဤသို့သော အခြင်းအရာများသည် ကျေးလက်တွင် ပို၍ဖြစ်လာနေသည့်အတွက် ယခုအခါအချို့သော ကျေးလက်တို့တွင် အမှားနှင့်အမှားပေါင်းလျှင် အမှန်ရ သည်ဟူသော ဆောင်ပုဒ်သစ်ကို ထုတ်ဖော်ကြရမည်ပင် ဖြစ်နေသည်။

တာဝန်သိခြင်းဟုဆိုသော”ကိုယ်ကျင့်တရား”၊တာဝန်ယူရဲခြင်းဆိုသော “သတ္တိ” နှင့် တာဝန်ထမ်းဆောင်နိုင်ခြင်းဆိုသော”စွမ်းရည်”တို့ မရှိကြ၍ အမှန်တရားမှာ ပျောက်ကွယ်လာခဲ့ခြင်းဖြစ် သည်။

တဖက်မှာလည်း အမှန်တရားဘက်မှ ရပ်တည်ပေးနိုင်သော အမှန်တရား၏ ဘက်တော်သားများ ဖြစ်ကြစေရန် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပညာလိုသည်။ ရိုးသားမှုလိုသည်။ ရိုးသားမှုဖြောင့်မတ်မှုတခုတည်းဖြင့်ပင် အမှန်တရား၏ ဘက်တော်သားဖြစ်နိုင်သော်လည်း ရိုးသားမှုတွင် ပညာကိုပါ ထပ်လောင်းအားဖြည့်နိုင်ခဲ့ပါလျှင် မည်သည်ကအမှန် မည်သည်ကအမှားဟု ခွဲခြားနိုင်မည်ဖြစ်ပြီး အမှန်တရားကို ချစ်မြတ်နိုးလာနိုင်မည်ပင်ဖြစ်သည်။

ထို့အပြင် အမှန်တရားဘက်မှ ရဲ့ရဲ့ဝံ့ဝံ့၊ မားမားမတ်မတ်ရပ်တည်နိုင်သော သ တ္တိလည်း လိုအပ်ပြန်သေးသည်။ယနေ့ခေတ်သည် လူသားတို့၏ နေထိုင်ပြော ဆိုပုံ အုပ်ချုပ်ပုံကို ပြောင်းလဲလာသော ခေတ်ဖြစ်လာသည်။

ပြည်သူကိုဦးစားပေးသောပြည်သူ့ပျော်ရွှင်မှုကို ဦးစားပေးသောခေတ်ကို ရော က်နေပါပြီ။ယခုမှုမှန်တရား မရရှိကြသော ပယောဂကြောင့် ပြည်သူများမှာ စိတ်မချမ်းမှု၊မပျော်ရွှင်မှုများ ဖြစ်နေရသည်။လူ့အဖွဲ့အစည်း၏ ဖွံဖြိုးတိုးတ က်မှုကိုတိုင်းတာသော ညွှန်းကိန်းများထဲမှာ လူတို့၏ပျော်ရွှင်ချမ်းမြေ့မှုကိုပါ အရေးကြီးသော အချက်တစ်ချက်အဖြစ် ထည့်သွင်းလာကြသည်ကို တွေ့လာရသည်။

လူတစ်ဦး၏ပျော်ရွှင်မှုမှသည် လူအုပ်စု၏ပျော်ရွှင်မှု၊လူသားထုတစ်ရပ်လုံး ၏ ပျော်ရွှင်မှုဆီသို့ ချဲ့ထွင်လာနိုင်အော င်ပြုလုပ်ပေးလျက် ပျော်ရွှင်သော လူ့ ဘောင်တစ်ရပ်ကို ရောက်ရှိနိုင်မည်ဖြစ်သည်။

ဤသည်ကို ပြည့်ဝလာစေရန် လူတိုင်းလူတိုင်းတွင် အမှန်တရားကိုချစ်မြတ် နိုးမှုကို လုပ်ဆောင်ပေးတတ်သော ဉာဏ်ပညာ လိုအပ်လာသည်။အတ္တအ ကျိုးနှင့်ပရအကျိုးကို ခွဲခြားနိုင်သော ပညာဉာဏ်ရှိပြီးမှသာ အမှန်တရားဆို သည်ကို လက်ခံလာနိုင်ကြပါလိမ့်မည် ။

ကျွန်တော်တို့သည် အမှန်တရားကို တောင်းတနေကြသည်။မျှော်လင့်နေကြ သည်။ဆာလောင်မွတ်သိပ်မှု ပြင်းပြနေကြသည်မှာ အမှန်ပင်။သူမှားလျှင် မှား သည်။သူမှန်လျှင်မှန်သည်ဟု ဘက်လို က်မှုမရှိဘဲ ဖြေရှင်းနိုင်ကြစေရန် မျှော်လ င့်ကြသည်။အမှားကို အမှန်လုပ်တ တ်သူတို့၏ ရင်ထဲ၌လည်း အမှန်တရားကို ချစ်ခင်တတ်သူများ ဖြစ်လာစေရန်လည်း အခါခါဆုတောင်းမိသည်။

လွတ်လပ်ခြင်း၊ညီမျှခြင်း၊တရားမျှတခြင်းဆိုသော လောကပါလတရား သုံးပါးကို နှလုံးသွင်းလျက် အမှန်တရားကို ချစ်ခင်လာနိုင်ကြစေရန်လည်း မျှော်လင့်ပါသ ည်။တစ်ယောက်မကောင်း တစ်သောင်း ငရဲလားရသည့်အဖြစ်ကို လုပ်မိကြစေ ဘဲ သူတို့ကြောင့် ရခိုင်ပြည်သည် အမှန်တရားကို မြတ်နိုးမှုမရှိသော တိုင်းပြည် အဖြစ် ရောက်နေရသည်။

ရခိုင်ပြည်၏ပုံရိပ်ကို မထိခိုက်စေရန် အုပ်ချုပ်သူ အဆင့်ဆင့်မှလည်း ပြည်သူ့ အသံကို နားထောင်ပြီး အမှန်အကန်ဖြစ်စေရန် ကျောသားရင်သားမခွဲခြားဘဲ အမှန်တရားဘက်မှ ရပ်တည်နိုင်ကြစေရန် ကွင်းဆင်းစစ်ဆေးမှုများပြု လုပ် ပေးပါရန် တောင်းဆိုချင်သည်။

ကျွန်တော်တို့နိုင်ငံသည် ငတ်ပြတ်နေသောနိုင်ငံဖြစ်နေ၍ တရားစီရင်ရေးန ယ်ပယ်တွင် ထိုကဲ့သို့သော အဂတိလိုက်စားမှုများရှိနေသည်ဖြစ်၏။အမှန်တ ရားထက် ငွေရမှုဖက်တွင် မျက်နှာများနေသည်။တရားဥပဒေဆိုသည်မှာ ကို ယ်ကျင့်တရားဖြစ်သည်ကို မေ့လျောသွားကြသည်အထိ ငွေမောဟ ဖုံးလွှမ်း နေခဲ့ကြသည်။ဤကဲ့သို့သော အဖြစ်အပျက်များကို ခံရသူသာအသိဆုံးပင်။ ပြုပြင်ပေးကြစေလိုသည်။တိုက်ဖျက်ပေးကြစေလိုသည်။

ဗဟိုအဆင့် အာဏာပိုင်အဖွဲ့အစည်းများက ပြတ်သားသောဥပဒေများ တရား စီရင်ရေးနည်းထုံးများကို ချမှတ်လိုက်သော်လည်း ကျေးလက်နယ်များသို့ ရောက်လာသောအခါတိကျခြင်း မှန်ကန်ခြင်း၊တရားမျှတခြင်းများ မရှိသော ဥပဒေများ တရားစီရင်ရေးနည်းထုံးများ ဖြစ်လာနေသည်ကများသည်။ ငါ့မိသားစုဖြစ်၍ဘက်လိုက်သည်။လာဘ်စား၍ အပြစ်ဒဏ် လျော့ကျသည်။

ယခုအခါ ကျွန်တော်တို့ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကွန်ရက်က ဖြန့်ကြက်လာနေခဲ့ပေရာ ဤအခြင်းအရာများ နည်းပါးလာသည်ကို တွေ့ရပါသည်။ သို့သော် တချို့သောကျေးရွာများတွင် ရှေးရိုးစွဲသော ကျင့်ထုံးများကို သုံးနေကြသည်ဖြစ်၏။

သို့ကြောင့် အမှန်တရားများ အသက်ဝ င်လာစေရန် သက်ဆိုင်များကတည့်မ တ်ပေးကြပါ။စဉ်းစားပေးကြပါ။ကူညီပေးကြပါ။အမှန်တရားကို ငတ်မွတ်နေ ကြသော အာရက္ခပြည်သူများ၏ ရင်ထဲသို့ဝင်ကြည့်၍ အမှန်တရား၏ဘက် တော်သားများအဖြစ် ရပ်တည်လုပ်ဆောင်ကြဖို့ မလွှဲမသွေလိုအပ်နေပါသည်။

https://www.facebook.com/permalink.php?story_fbid=174378285004486&id=107469705028678

Leave a Reply

Your email address will not be published.