အစွယ်ကျိုးနေတဲ့ဆင်သေအဖိုတစ်ကောင်ကို မောင်တောမြို့နယ်မှာတွေ့

By Boder News Agency (BNA) / 2022 June 09

ရခိုင်ပြည်၊မောင်တောမြို့နယ်၊အောင်မင်္ဂလာကျေး ရွာအနီးရှိ မယူတောင်ခြေအနီးမှာ ဇွန်လ ၉ ရက်၊ဒီနေ့နံနက်ပိုင်းက အစွယ်ကျိုးနေတဲ့ တောဆင်ရိုင်း​ကြီးတစ်ကောင်သေးဆုံးပြီးတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ တောဆင်ရိုင်းကြီးသေနေတာကို အောင်မင်္ဂလာကျေးရွာသားတွေဥယျာ ဉ်ခြံတွေဆီသွားကြတဲ့လမ်းရဲ့ရွာနဲ့ ကိုက်တစ်ထောင်လောက်အကွာအဝေးမှာတွေ့ရှိတာလို့ ဆိုပါတယ်။

အောင်မင်္ဂလာကျေးရွာ၊အုပ်ချုပ်ရေးမှူး ဦးသိန်းမောင်ကြီးက“ကျနော်တို့ သိရ သလောက်ကတော့ ညဉ့်သုံးနာရီလော က်မှာ ဆင်အော်သံ ၄ ကြိမ်လော က်ကြားလိုက်ရပါတယ်။မနက်မိုးလင်းလို့ လူတွေသွားကြတဲ့အခါ ရွာသားတွေပိုင်တဲ့ ဥယျာဉ်ခြံတွေရှိပါတယ်။အဲဒီအနီးမှာ ဆင်က ဝမ်းဗိုက်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရှိကြတယ်။” လို့ ပြောပါတယ်။

အဲဒီဆင်ရဲ့သက်တမ်းကို ခန့်မှန်းဖို့ခက်ပြီး အရှည် ၁၂ ပေ၊လုံးပတ် ၁၈ ပေ၊အ မြင့် ၉ ပေရှိတဲ့ ဆင်ကြီးတစ်ကောင်ဖြစ်ကာ ဝမ်းဗိုက်မှာ အနက် ၉ လက်မခန့်ရှိ ဒဏ်ရာတစ်ခုနဲ့သေဆုံးပြီးတွေ့ရှိတာလို့  မောင်တောမြို့နယ်၊သစ်တောဦးစီးဌာန က ပြောပါတယ်။

“ဆင်ကိုတော့ ဘာမှမလုပ်ရသေးဘူး။ ဆွေးနွေနေကြတယ်။ဆင်ကသက်တမ်းဘယ်လောက်ရှိပြီလည်းဆိုတာ မသိရဘူး။ဆင်ဆရာဝန်တွေပဲ သိနိုင်တယ်။ ဆင်ကတော့ အဖိုပါ။”လို့ သစ်တောအရာရှိတစ်ဦးက ဆိုပါတယ်။

အဲဒီဆင်​သေကိုဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာ မောင်တောမြို့နယ်သစ်တောဦးစီးဌာနနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ဆွေးနွေးနေကြတယ်လို့ဆိုပါတယ်။

အဲဒီမောင်တောမြို့နယ်၊အောင်မင်္ဂလာကျေးရွာသို့ တောဆင်ရိုင်းတွေ မကြာ ခဏဝင်ရောက်ပြီး အသီးအနှံ့တွေကိုလာရောက်စာသောက်ကြပြီး ညအချိန်ဆိုရင် ကားလမ်းတွေမှာ အုပ်စုလိုက်တွေ့ရတက်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အဲဒီမောင်တောခရိုင်ရှိ မယူတောင်တန်းကြီးမှာတော ဆင်ရိုင်းအများအပြားနေထိုင်ကျက်စားနေတာရှိပြီးအဲဒီမယူတောင်တန်းတစ်ကြောက ဆင်ဖြူတော်တချို့ကိုလည်း ဖမ်းဆီးရမိခဲ့ဖူးပါတယ်။

https://www.facebook.com/permalink.php?story_fbid=173108968464751&id=107469705028678

Leave a Reply

Your email address will not be published.