သံတွဲ- ဂွလမ်းမကြီးပေါ်တွင် မိုးရေကြီးမှုနှင့် ချောင်းရေလျှံမှုတို့ကြောင့် ဓာတ်တိုင် ၃ တိုင်လဲကျမှုဖြစ်ပွားခဲ့

By Narinjara / 2022 June 13

ဓာတ်ပုံ – လျှပ်စစ် မင်း သား

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဂွမြို့သို့သွားသည့် သံတွဲ-ဂွလမ်းမကြီးပေါ်တွင် ယမန်နေ့က မိုးရေကြိီးမှုနှင့် ချောင်းရေလျှံမှုတို့ကြောင့် ရွှံ့မြေထဲတွင် စိုက်ထားသည် ဓာတ်တိုင် ၃ တိုင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၁၂ ရက် နေ့လယ် ၂ နာရီခန့်က မိုးသည်းထန်စွာရွာကာ ချောင်းရေလျှံသဖြင့် မြေပျော့လာခဲ့သည့်အတွက် သံတွဲ-ဂွလမ်းမကြီးပေါ်ရှိ ညောင်ပင်သာရွာ၊ သုခဝတ္တီဘုန်းတော်ကြီးကျောင်းအနီးရှိ ဓာတ်တိုင် ၃ တိုင် လဲကျသွားခြင်းဖြစ်ကြောင်း အနီးအနားရှိ ဓာတ်ဆီဆိုင်မှ ကိုညီလေးက နိရ ဉ္စရာသို့ပြောသည်။

“မနေ့ညက မိုးတအားရွာတော့ ချောင်းရေတွေကလည်း လျှံတယ် အဲနားမှာ။ လမ်းက တောင်နားကပတ်ပြီး ဖောက်ထားတာ။ လမ်းပေါ်ကိုဖြတ်ပြီးလဲ ကျသွားတာ” ဟု ပြောသည်။

အဆိုပါဓာတ်တိုင်လဲကျမှုဖြစ်ပွားခဲ့ချိန်တွင် လမ်းမကြီးပေါ်၌ လမ်းသွားလမ်းလာများမရှိသဖြင့် လူတစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ဘဲ ယင်းနေ့ညနေပိုင်းတွင် ၎င်းဓာတ်တိုင်များအား တာဝန်ရှိသူများက ပြန်လည်စိုက်ထူခဲ့ပြီဖြစ်ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/5549709065041125

Leave a Reply

Your email address will not be published.