သားငါးဈေးမှာသတ်မှတ်ဈေးနှုန်းထက်ပို၍တောင်း ခံနေခြင်းကို ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ကြပ်မတ်ပေးစေလို

By Boder News Agency (BNA) / 2022 June 02

ဓာတ်ပုံ-မောင်တောမြို့သားငါးဈေးကအလေးချိန်/BNA

မောင်တောမြို့ သားငါးဈေးအတွင်းမှာ အသားဈေး နှုန်းတွေကို စည်ပင်က သတ်မှတ်ပေးထားပေမယ့် သတ်မှတ်ဈေးထက်ပိုပြီး တောင်းခံနေတာတွေကို ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ကြပ်မတ်ပေးဖို့ စား သုံးသူတွေက လိုလားနေကြပါတယ်။

မောင်တောမြို့သားငါးဈေးမှာ အမဲသား၊ဝက်သား၊ ဆိတ်သားတစ်ပိဿာကို တစ်သောင်းလေးထောင်ကျပ်သာ ရောင်းချဖို့သတ်မှတ်ထားပေမယ့် လက် တွေ့မှာ အသားတစ်ပိဿာကို နှစ်သောင်းကျပ်ထိ ပေးနေရတယ်လို့ စားသုံးသူတွေက ပြောပါတယ်။

“သတ်မှတ်ဈေးနဲ့ တောင်းတဲ့ဈေးကွာနေတာကို ပြောတော့ အဲဒီဈေးက စာရွက်မှာရှိတာလို့ ပြန်ပြောကြတယ်။”လို့ မောင်တောမြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒီလို သားငါးဈေးတွေကို တောင်းချင်သလို တော င်းခံနေတာကို စည်ပင်အဖွဲ့က ကြပ်မတ်ပေးတာမရှိတဲ့အတွက် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ကြပ် မတ်ပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ မြို့ခံ ဦးမောင်လှက ပြောပါတယ်။

“ရခိုင်ပြည်သူတွေအတွက် အားကိုးရတဲ့အဖွဲ့ဖြစ်လို့ ခုလိုတောင်းဆိုတာပါ။မောင်တောမှာက အခြေခံကနေစပြီးပြုပြင်ပေးရမယ့်အရာတွေ အများကြီးရှိနေတယ်။အဲဒီကိစ္စတွေကို ဖြေရှင်းပေးစေချင်တယ်။” လို့ ဦးမောင်လှက ပြောပါတယ်။

ဒါအပြင် သားငါးနှင့်ဟင်းသီးဟင်းရွက်တွေ ချိန်တွ ယ်ရာမှာလည်း သတ်မှတ်အလေးချိန်တွေကို အသုံးမပြုဘဲသံချောင်း၊ကျောက်ခဲတွေကိုသာ အသုံးပြုရောင်းချပေးနေတယ်လို့ စားသုံးသူတွေက ပြောပါတယ်။

ခုလိုအလေးချိန်မမှန်၊ဈေးပိုပေးဝယ်ယူနေရတာကြောင့် စားသုံးသူတွေအတွက် နစ်နာမှုတွေရှိနေတယ်လို့ ပြောကြပါတယ်။

မောင်တောမြို့မှာ မိသားစုသုံးဦးရှိတဲ့ မိသားစုတစ်စုဟာ တစ်ရက်ကို သား၊ငါးနှင့်ဟင်းသီးဟင်းရွက် ဈေးဖိုးငွေ တစ်သောင်းခွဲထိ သုံးစွဲနေရကြောင်း သိရပါတယ်။

https://www.facebook.com/permalink.php?story_fbid=171522491956732&id=107469705028678

Leave a Reply

Your email address will not be published.