လူငယ်အဖွဲ့တွေဆီမှာကန့်ကွက်ခံထားရတဲ့ ALP ပါတီကတာဝန်ရှိသူတွေ စစ်ကောင်စီနဲ့တွေ့ဖို့ ရောက်နေပြီ

By Boder News Agency (BNA) / 2022 June 12

ဓာတ်ပုံ-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန်ထွက်ခွါသွားသည့် ALP ခေါင်းဆောင်တချို့ကို တွေ့ရစဉ်/ALP

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ဖို့စာရင်းပေးထားတဲ့အပေါ် လူငယ်အဖွဲ့တွေရဲ့ကန့်ကွ က်ခြင်းကို ခံထားရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဟာ အာဏာသိမ်းစစ်ကောင်စီနဲ့တွေ့ဖို နေပြည်တော်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

“ALP မှ နိင်ငံရေးဆွေးနွေးရေးအဖွဲ့ နေပြည်တော်သို့ ရောက်ရှိ”ဆိုပြီးတော့ ပါတီဒုတိယဥက္ကဌ စောမြရာဇာလင်းဦးဆောင်တဲ့အဖွဲ့ ဓါတ်ပုံတွေနဲ့ သူတို့ရဲ့ပြန် ကြားရေးစာမျက်နှာကနေတစ်ဆင့် ဒီနေ့ ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်ထားတာပါ။

လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ထားတဲ့ စစ်ကောင်စီနဲ့ တွေ့ခြင်းဟာ ရခိုင်(အာရက္ခ)ပြည်သူတွေအတွက် ဂုဏ်သိက္ခာကျစေတဲ့အတွက် ကန့်ကွက်ရှုတ်ချကြောင်း ရခိုင်ပြည်ကျောင်းသာသမဂ္ဂအပါ အဝင် ရခိုင်မျိုးနွယ်စုဝင်တွေပါဝင်တဲ့ လူငယ်အဖွဲ့ ၂၄ ဖွဲ့က မေလ ၁၅ ရက်မှာ ကြိုတင်ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကနေပြီးတော့ ရခိုင်(အာရက္ခ)ပြည်သူတွေရဲ့ အသက်၊အိုး အိမ်၊စည်းစိမ်လုံခြုံ မှုအတွက်ကိုလည်း အာမခံချက်ပေးနိုင်မှာမဟုတ်ဘူးလို့ အဲဒီလူငယ်အဖွဲ့တွေက ဆိုထားခဲ့ပါတယ်။

ပြီးတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဟာ တော်လှန်ရေး၊အမျိုးသားရေးအမည်ခံပြီး အာဏာ ရှင်အလိုကျကြိုးဆွဲရာ ကပြအသုံးခံနေရတဲ့အဖွဲ့ ဖြစ်တယ်လို့လည်း သူတို့က ဆိုထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး‌ကြီး မင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို သူကိုယ်တိုင် တွေ့ဆုံမယ်ဆိုပြီးတော့ ငြိမ်း ချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။အဲဒီလိုဖိတ်ခေါ်တဲ့အပေါ် လက်ခံဆွေးနွေးဖို့အတွက် ALP အပါ အဝင် ၉ ဖွဲ့ စာရင်းပေးထားခဲ့ပါတယ်။

၀အဖွဲ့(UWSA)အပါအဝင် တချို့အဖွဲ့တွေကတော့ တွေ့ပြီးသွားကြပါပြီ။

ရခိုင်ပြည်အတွင်း အင်အားအကြီးဆုံး၊ပြည်သူထော က်ခံမှုအများဆုံးရနေတဲ့ ရက္ခိုင့်တပ်တော်(AA) အ နေနဲ့ ကတော့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ စာရင်းပေးထားတာ မရှိပါဘူး။

https://www.facebook.com/permalink.php?story_fbid=173797051729276&id=107469705028678

Leave a Reply

Your email address will not be published.