လုံခြုံမှုလိုအပ်နေတဲ့ ညီနောင်အနောက်တံခါးက ပညာရေးဝန်ထမ်းတွေ

ခိုင်မြတ်လင်း(ယွန်းရွှေမြေ)ရေးသားသည်။

By Boder News Agency (BNA) / 2022 June 25

(ဓာတ်ပုံ-မောင်တောမြို့အဝင်းဝအား ယခုနှစ်အတွင်းတွေ့ရစဥ်/BNA)

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးဟာ အဓိကအရေးပါတဲ့ ဂိတ်တံခါး တစ်ခုပါ။‌အင်ဂျင်နီယာတွေ၊ဆရာဝန်တွေ၊စစ်ဗိုလ်ချုပ်ကြီးတွေအစရှိတဲ့ နိုင်ငံ့ ဝန်ထမ်းတွေဟာ ပညာရေးဆိုတဲ့ ဂိတ်တံခါးဝကို မကျော်ဖြတ်ဘဲ အဲဒီနေရာ တွေကို ဘယ်သူမှရောက်ရှိမသွားနိုင်ပါဘူး။ဒါဟာဘယ်တော့မှမမှားနိုင်တဲ့ အမှန်တရားဆိုတာ ဘယ်သူမှငြင်းမရပါဘူး။

ပညာရွာရဲ့လူသားမျိုးဆက်တခုကနေနောက်တခုဆီ အသိ၊သညာ၊ဉာဏ်စခန်း တွေ လက်ဆင့်ကမ်းရင်း တဆင့်ထက်တဆင့် မြင့်သထက်မြင့်အောင် စွမ်းဆော င်ပေးနေကြတာဟာ ပညာရေးဝန်ထမ်းဆရာ/မတွေပါ။ဆရာ/မဆိုတာ စေတနာ၊အနစ်နာ၊ဝါသနာတွေကိုအရင်းခံပြီး ပေးဆပ်ရင်းကျေနပ်ကြတဲ့သူတွေ။

ဝါသနာအသိတွေကြောင့် နေစရာဗလာနတ္ထိ၊အသပြာမရှိလည်းနေပါစေ။ပီတိသာစားနေရရင် အားဖြစ်တယ်။ဒါကြောင့် စိတ်ထားမြင့်မြတ်ကြတယ်။ ခံယူချက်လေးနက်ကြတယ်။စိတ်ဓာတ်ခိုင်မာကြတယ်။နှလုံးအလှနဲ့ ပြုံးပြတ တ်တာ ဆရာ/မတွေဖြစ်သလို ထုံးတကျကျ ဆုံးမတတ်တာလည်း ဆရာ/မ တွေပါ။ဘယ်လိုဘဝမှာပဲ နေရနေရ‌ကျေနပ်ကြတဲ့သူတွေချည်းပါ။

ဒီတော့ခါ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည် ဆောက်အံ့”ဆိုတဲ့ဆောင်ပုဒ် အောက်မှာတာဝန်မပျက် အစဉ်ထမ်းရွက်နေ ကြရတာဟာ ပညာရေးဝန်ထမ်း ဆရာ၊ဆရာမတွေပဲ ဖြစ်တယ်ဆိုတာ နှလုံး သွင်းရင်း သတိပွားသိထားကြဖို့ လိုပါမယ်။

နိုင်ငံတော်တည်ဆောက်ရေးမှာ ပညာရေးဟာ အဓိကအထောက်ကူပြုပေးနို င်တဲ့ ဒေါက်တိုင်ဆိုတာကို ခြုံငုံသုံးသပ်ကြည့်ရင်သိနိုင်ပါတယ်။ဒါကြောင့် ပညာ ရေးဝန်ထမ်းတွေဖြစ်ကြတဲ့ ဆရာ၊ဆရာမတွေကို တလေးတစား အလေးထား ကြဖို့၊ကာကွယ်စောင့်ရှောက်ကြဖို့နဲ့ဂရုဂါရဝတရားထားရှိကြဖို့လိုအပ်ပါတယ်။

ရခိုင်ပြည်နယ်ဟာ တောတောင်ချောင်းမြောင်း၊သစ်ပင်ခြုံနွယ်ထူထပ်ပေါများ ပေါက်ရောက်ရာ ဒေသတစ်ခုဖြစ်ပါတယ်။ဒါကြောင့် တဖက်မှာမမြင်နိုင်တဲ့ အန္တရာယ်ဆိုးတွေနဲ့လည်း ရင်ဆိုင်ရနိုင်တယ်ဆိုတာပါပဲ။

အထူးသဖြင့် အနော က်တံခါးညီနောင်မြို့တော်လို့ လူသိများတဲ့ မောင်တော ခရိုင်ရှိမောင်တော၊ဘူးသီးတောင်ဒေသဟာ တောချောင်၊တောင်ကြားလမ်း တွေနဲ့ သစ်ပင်ခြုံနွယ်တွေပေါများတဲ့ အန္တရာယ်နယ်မြေဒေသတခုဆိုတာ လူတိုင်းအသိပါ။ဆိုတော့ သားရဲတိရိစ္ဆာန် ဆင်အန္တရာယ်ကအစ သူခိုးဓါးပြ၊အကြမ်းဖက်သူတွေအဆုံး လွယ်လွယ်ကူကူ သွားလာလုပ်ရှားနိုင်တဲ့ နေရာ ဒေသလည်းဖြစ်နေပါတယ်။

အခါခွင့်သင့်ရင်သင့်သလို အချောင်နှိုက်သူတွေက အလစ်ဝင်သုတ်၊သားရေး တိရိစ္ဆာန် ဆင်အန္တရာယ်ဆိုလည်း မကြာခဏဆိုသလိုကြုံနေရ။ဒါကြောင့် ဒီဒေသကိုအန္တရာယ်နယ်မြေလို့ လူသိများနေကြတာဟာ အဆန်းတော့ မဟု တ်ပါဘူး။

ဒီလိုအန္တရာယ်‌နယ်မြေ‌တွေမှာ တာဝန်ထမ်းဆောင်နေကြရတဲ့ ပညာရေးဝန်ထ မ်း ဆရာ/မတွေရဲ့ဘဝဟာ အင်မတန်စိုးရိမ်စရာကောင်းလှပါတယ်။ရာသီမရွေး၊နေရာမရွေး၊အချိန်မရွေး ကျရောက်လာနိုင်တဲ့အန္တရာယ်တွေကို ခါးစည်းခံ ရင် ဆိုင်ကြရပါတယ်။ဒီလိုနေရာမျိုးတွေမှာ သတိကြီးစွာသွားလာနေထိုင်ကြရတယ်။ပညာရေးဝန်ထမ်း ဆရာ/မတွေမှာ အန္တရာယ်ကာကွယ်ဖို့ လက်နက်ဆိုလို့ မြေဖြူရယ် ဘောပင်ရယ် ခဲတံရယ်နဲ့စာအုပ်ပဲရှိပါတယ်။

အသပြာ(ငွေကြေး)ချို့တဲ့သလို ကာကွယ်စရာလက်နက်လည်း ချို့တဲ့ကြတဲ့ သူ‌တွေပါ။ဒါကိုအခွင့်ကောင်းယူပြီး တချို့တွေ အားတင်ကြ၊ကိုယ်‌ထိလက် ရောက်တောင် ကျူးလွန်လာကြနေပါ‌တယ်။

စစ်တပ်ကအာဏာမသိမ်းခင် ၂၀၁၉ ဩဂုတ်လ၊ပထမပတ်မှာတော့ ဘူးသီးတောင်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ မူလတန်းပြဆရာ ဦးနေဇော်လင်း(မူလွန်-ပြင်ချောင်း)နဲ့ ဦးနိုင်အောင်ထွန်း(မူလွန်-ကျောက်ရံ) တို့နှစ်ဦးဟာ တပ်မတော်စစ်ကြောင်းတစ်ခုရဲ့ ဖမ်းဆီးနှိပ်စက်တာကို ခံခဲ့ရပါ သေးတယ်။

ဒီမတိုင်ခင် ၂၀၁၂၊ ၂၀၁၇ အရေးခင်းဖြစ်စဉ်တွေမှာ‌လည်း တိုင်းရင်းသားတွေ အပါဝင် နိုင်ငံ့ဝန်ထမ်း ကျောင်းဆ ရာ/ ဆရာမတွေဟာ ARSA အကြမ်းဖက် သမားတွေရဲ့ မိုင်းခွဲတိုက်ခိုက် လည်လှီးသတ်ဖြတ်တာကို ခါးစည်းခံခဲ့ရတယ် ဆိုတာ အားလုံးအသိပဲဖြစ်မှာပါ။

ဒီတော့ ဘယ်လိုမှမတတ်နိုင်တဲ့ ပညာရေးဝန်ထမ်းဆရာ/မတွေမှာတော့ ခံရဖက်ချည်းဖြစ်နေပါ‌တယ်။

ခုလည်း မောင်တောမြို့နယ်၊မူလွန်သင်္ဘောလှကျောင်းက ကျောင်းအုပ်ဆရာ ကြီး ဦးဘိုဝင်း ၃၄ နှစ်နဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော် ၂၃ နှစ်တို့ နှစ်ဦးမှာ ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်နေ့ နေ့လည် ၁ နာရီကျော်ခန့်က ပျောက်ဆုံး သွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာမြို့နယ်ပညာရေးမှူးရုံးက ဆင့်ခေါ်တဲ့အတွက် သင်္ဘောလှကျေး ရွာကတဆင့် မောင်တောမြို့ကိုသွားရာ သင်္ဘောလှကျေးရွာနဲ့ (၇)မိုင်ခန့်ကွာ ဝေးတဲ့ ကျောက်ချောင်းကျေးရွာအနီးမှာ လူတစ်စုရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရ တာဖြစ်ပါတယ်။

ဒါကြောင့် “ဆရာတွေအပါဝင် ဒေသခံလူအင်အား ရှစ်ရာခန့်ဟာ ဇွန်လ ၁၇  ရက်နေ့မှာ လိုက်လံရှာဖွေမှုပြုကြပါတယ်။အဲဒီနောက် ကျောပိုးအိတ်တွေ ၊ဆရာ/မဖိနပ်တွေနဲ့ အကြမ်းဖက်သမားတွေသုံးတဲ့ပစ္စည်းတွေကို တွေ့ရတယ်။

ရှာဖွေနေရင်းတာကာငွေသိန်း ၅၀ မြန်မာငွေသိန်း ၁၀၀၀ နဲ့အပေးအယူလုပ်ဖို့ ဖမ်းဆီးခံထားရတဲ့ ဆရာမဖုန်းကတဆင့် မြို့နယ်ပညာရေးမှူးဆီ အဆက်သွယ် လုပ်လာတယ်။ဒါကြောင့် ရှာဖွေမှုရပ်ဆိုင်းပြီး အိမ်ပြန်လာကြရတယ်။”လို့ ရှာဖွေတဲ့ထဲပါတဲ့ဆရာတစ်ဦးက ဆိုပါတယ်။

ဇွန်လ ၁၈ ရက်‌နေ့မှာတော့ ယခင်နေ့တွေမှာထက် ရှာတဲ့လူအင်အားနည်းသွား တဲ့အပြင် ထူးခြားမှုရှိမလာလို့ဆိုပါတယ်။နောက်တနေ့ ဇွန်လ ၁၉ ရက်နေ့။ဒီနေ့ဟာဆိုရင် ပျောက်သွားတာ သုံးရက်မြောက်တဲ့နေ့ပါ။ဒီနေ့မှာတော့ သည်း ထိတ်ရင်ဖိုပါပဲ။ပြန်ပေးဆွဲသမားတွေက ရှာဖွေတဲ့သူတွေကို ပစ်ခတ်တာကြောင့် ရှာဖွေသူတစ်ချို့ဒဏ်ရာတွေရ‌ထားကြောင်း၊ ဒီလိုပစ်ခတ်တာကြောင့် ရှာဖွေနေ ကြတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ဒေသခံတွေ ကစဉ့်ကလျှား ထွက်ပြေးလာကြ ရ‌ကြောင်း သတင်းစကား ကြားသိရပြန်ပါတယ်။

အဲဒီနောက်ပိုင်း AA တပ်မှူးချုပ် ဗိုလ် ချုပ်ထွန်းမြတ်နိုင်က ဒီလုပ်ရပ်ဟာ ARSA တွေဖြစ်ကြောင်း သူ့ရဲ့ Twitter စာမျက်နှာကတဆင့် ပြောဆိုလာပါတယ်။အဲဒီ အပေါ် ARSA ကလည်း သူတို့မဟုတ်ကြောင်း ပြန်လည်ချေပတုန့်ပြန် ပြောဆို လာတာတွေ ရှိပါတယ်။

ဒီလိုနဲ့ ဘာကိုမှ ရေရေရာရာ၊တိတိကျကျမသိရှိရတာကြောင့် ဖမ်းဆီးခံ ဆရာ ကြီးနဲ့ ဆရာမတို့အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးကို စစ်ကောင်စီရဲ့ ပြည် ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးအား အားထုတ်ကြိုးပမ်းဆောင်ရွက်ပေးဖို့ကို ရခိုင်ရှိပညာရေးဝန်ထမ်း ဆရာ၊ဆရာမတွေ၊နိုင်ငံရေးပါတီတွေနဲ့ ကျောင်းသား /သူတွေက စတိတ်မန့်တွေထုတ်ပြီး တောင်းဆိုခဲ့ကြ‌ပါတယ်။

ဆရာကြီးနဲ့ ဆရာမပျောက်နေတာ ၅ရ က်မြောက်နေ့ဖြစ်တဲ့ ဇွန်လ၂၀ရက်နေ့မှာ ဆိုရင် မောင်တောခရိုင်ရှိကျောင်းတချို့ ကျောင်းမတက်သပိတ်တောင် ပြုလုပ်ခဲ့ ကြပါတယ်။ဆရာကြီးနဲ့ဆရာမပြန်မလွတ်သရွေ့ ကျောင်းမတက်ကြဘူးလို့ တောင် ကျောင်းဆရာ/မတွေက ပြောဆိုပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာဆိုရင် ရသေ့တောင်မြို့နယ်ကကျောင်း ၆ ကျောင်းဟာ ကျောင်းမတက်သပိတ်ပြုလုပ်ကြပြီး ပြန်လွတ်မလာသေးသရွေ့ ဆက်လုပ်သွား ဖို့ရှိတယ်လို့လည်း သိရပါတယ်။

တဖက်မှာလည်း ရခိုင်အမျိုးသားပါတီ (ANP)က စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ကောင်စစ်ဝန်နဲ့တွေ့ဆုံ၊မေတ္တာရပ် ခံစာပေးပို့ပြီးနောက်မှာပဲ ပြန်ပေးဆွဲခံ ရတဲ့ ဆရာကြီးနဲ့ဆရာမမှာ ကျန်းကျန်း မာမာ ရှိနေတဲ့အကြောင်းကို video click တစ်ခုပေးပို့လာပြီး ပြန်လည်လွတ်မြောက်လာဖို့အတွက် ငွေတချို့စတ င်လွှဲပေးနေပြီ​ဖြစ်တာတွေ့ရပါတယ်။

ဒါပေမယ့်ပြန်ပေးဆွဲသွားတဲ့အကြမ်းဖက်သမားတွေဟာ ဘယ်အဖွဲ့စည်းက ဖြစ် တယ်ဆိုတာ ထုတ်‌ဖော်ပြောဆိုလာတာမျိုးမတွေ့ရပါဘူး။

အဲဒီတော့ နောက်ဆက်တွဲ အကျိုးရလာဘ်တော့ ဘာတွေဆက်ဖြစ်လာ အုံးမှာလဲဆိုတာပါပဲ။

ဒီလိုနဲ့ သူတို့နှစ်ဦး ဖမ်းဆီးခံ‌နေရတာ ၈ ရက်မြောက်တဲ့ ဇွန်လ ၂၃ ရက်နေ့ ရော က်ရှိလာခဲ့ပါပြီ။ဒီကနေ့မှာတော့ ရခိုင်ပြည်ဆရာ/မတွေနဲ့ မိသားစုဝင်တွေ အကြားချင်ဆုံး မင်္ဂလာသတင်းစကား ကြားသိခွင့်ရကြပါတယ်။

မောင်တောခရိုင်အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်ပညာရေးမှူးရဲ့ဦးဆောင်မှုကြော င့် တာကာငွေ သိန်း ၃၀ ခန့်ကိုလွှဲပြောင်း အပြီးမှာ ဆရာကြီးနဲ့ ဆရာမကို ပြန်လွှ တ်ပေးလိုက်ပြီ၊ကနဦးနှစ်ဖက်ညှိနှိုင်းထားတဲ့ တာကာငွေသိန်း ၅၀ မြန်မာငွေ သိန်းတစ်ထောင်နဲ့ ပြေလည်သွားတာဖြစ်ကြောင်း ကြားသိရပါတယ်။

သူတို့နှစ်ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊နတ်မြစ်ကမ်းခြေက ခြံချောင်းရခိုင်ရွာကို ရောက်ရှိနေပြီလို့ နံသာတောင်ဆရာတော် ဦးစာရဏရဲ့

လူမှုကွန်ရက်စာမျက်နှာမှာ အတည်ပြုဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

အဲဒီနောက် နေ့လည် ၁ နာရီခန့်အချိန် ခြံချောင်းကနေတဆင့် မောင်တော၊ငခူရဘက်ကို ပြန်လာဖို့ပြင်ဆင်နေစဉ်မှာပဲ ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ဆေးမေး မြန်းမယ်၊ပြီးရင်နှစ်နိုင်ငံအလွှဲပြောင်းလုပ်မယ်ပြောပြီး ပြန်ခေါ်သွားခဲ့တယ်။

အဲ‌ဒီနေ့ ညနေ ၁၀ နာရီခန့်မှာပဲ နှစ်နိုင်ငံ သံတမန်နည်းနဲ့ လွှဲပြောင်းရယူပြီး ဘေးကင်းလုံခြုံစွာနဲ့ ကိုယ့်မြေသို့ ပြန်လည်ရောက်ရှိလာပြီးမို့ အားလုံးက ဝမ်းသာနေကြပါတယ်။

ဒါပေမယ့် တဖက်မှာ ပြဿနာကို ငွေပေးပြီး ဖြေရှင်းလိုက်တဲ့အပေါ် ရခိုင်ပြည် ဆရာ/မတွေနဲ့လူမှုအသိုင်းဝိုင်းကြား စိုးရိမ်မှုတွေဆက်ရှိနေဆဲပါ။

ခုလိုဖြေရှင်းလိုက်တာကြောင့် နောက်လည်းငွေရလိုမှုနဲ့ ဒီလိုပြဿနာမျိုး ဖန် တီးမလာနိုင်၊ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှအာမခံနိုင် မပြောနိုင်ပါဘူး။အနေထို င်၊အစားသောက်ချို့တဲ့ပြီး လမ်းခရီးကြမ်းတမ်းတဲ့ ဒီလိုအန္တရာယ်နေမြေတွေမှာ တာဝန်ထမ်းဆောင်နေရတဲ့ ဆရာ/မတွေအတွက် အမြဲတမ်းစိုးရိမ်မှတ်မှာ ရှိနေ တာပါ။သူတို့နေထိုင်သွားလာရတဲ့ဘဝတွေကို ကိုယ်တိုင်သွားကြည့်စရာမလို၊တွေးကြည့်ရုံ မြင်နိုင်သိနိုင်ကိုယ်ချင်းစာနိုင်ကြမှာပါ။

ကျွန်တော်ကိုယ်တိုင် ဘူးသီးတောင်မြို့နယ်က မြို့နဲ့ မိုင် ၄၀ ကျော် ကွာဝေးတဲ့ နယ်စပ်အနီးနား ကျေးရွာတစ်ရွာမှာ ၂ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ဖူး ပါတယ်။သွားလာရာလမ်းတလျှောက် တောတောင်ချောင်းမြောင်း သစ်ပင်ခြုံ နွယ်တွေဖြတ်ရကျော်ရပါတယ်။‌

နွေရာသီနဲ့ဆောင်းရာသီ‌တွေမှာ အဲဒီရွာကို နေ့ချင်းရောက်ပေမယ့် မိုးရာသီဆို ကုန်းလမ်းခရီးအခက်ခဲကြောင့် တစ်ပတ်ဆယ်ကိုးရက်ထိ ကြာတတ်ပါသေး တယ်။တခါတခါ မြွေအန္တရာယ်၊ဆင်အန္တရာယ်နဲ့ကြုံရတော့ သွားတိုင်းလာတိုင်း အန္တရာယ်ကင်းဘုရားဂါထာတွေကပဲ စောင့်ရှောက်ပေးနေခဲ့ပုံရပါတယ်။

တချို့နေရာ ကျေးရွာ‌တွေဆို နေမကောင်းဖြစ်ရင်တောင်မှ ပြစရာဆေးခန်းမရှိ ၊ဆေးဝယ်သောက်စရာ ဆေးဆိုင်မရှိ၊ဝယ်စားစရာ ဈေးဆိုင်မရှိ။ ဒီတော့ တခါတခါ ဆရာ/မတွေဟာ တံငါလည်းလုပ်ရတယ်။မုဆိုးလည်း ဖြစ်ရတယ်။ သားကောင်အဖြစ်လည်း ခံရသေးတယ်။

တောချောင်တောင်ကြားမှာ ခက်ခက်ခဲခဲသွားရလာရ တာဝန်တွေကို မပျက်မ ကွက် ထမ်းဆောင်နေကြရတဲ့သူတွေ။နေ‌ရာမရွေး အချိန်မရွေး ဘယ်လိုအန္တရာ ယ်ဆိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာနိုင်တယ်ဆိုတာ ဘယ်သူမှကြိုမသိနိုင် ကြိုမ မြင်နိုင်ကြ။သားရဲတိရိစ္ဆာန် ဆင်အန္တရာယ်ကအစ သူခိုးဓါးပြ အကြမ်းဖက်သူ တွေအဆုံကြောက်ရ။ဟိုအဖွဲ့ကိုကြောက်ရ ဒီအဖွဲ့ကိုလည်း ကြောက်ရနဲ့ အကြောက်တရားတွေနဲ့သာ သွားလာနေကြရတာပါ။

ဒါကြောင့် မောင်တော၊ဘူးသီးတောင်ဒေသက ပညာရေးဝန်ထမ်းဆရာ/မတွေ လုံလုံခြုံခြုံနဲ့စိတ်ချလက်ချသွားနိုင်လာနိုင်ဖို့ တာဝန်မပျက်ကျောင်းတက်နိုင် ဖို့ကို သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများက အဆင့်ဆင့်တာဝန်ယူ စီစဉ် ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။   

https://www.facebook.com/permalink.php?story_fbid=176623628113285&id=107469705028678

Leave a Reply

Your email address will not be published.