ရသေ့တောင်မြို့နယ်မှာ တံတားတချို့ပျက်စီးနေတာမို့ ဒေသခံတွေ သွားလာ ရေးအခက်ကြုံနေ

By Boder News Agency (BNA) / 2022 June 26

(ဓာတ်ပုံ-သာစည်ထောင့်နဲခြေရာတော်သွားလမ်းရှိပျက်စီနေသောတံတား /BNA)

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊သာစည်ထောင့်အုပ်စုနဲ့ဖြူချောင်းအုပ်စုရှိ တံတားတချို့ပျက်စီးနေတာမို့ ဒေသခံတွေသွားလာရေးအခက်ခဲကြုံနေရတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီတံတားတွေမှာ သာစည်ထောင့်ရွာနားမှာတစ်ခု၊သာစည်ထောင့်နဲ ခြေရာ တော်ဖက်သွားလမ်းမှာတစ်ခုရှိတယ်လို့ သိရပါတယ်။

“အခက်အခဲတွေကတော့ အများကြီးရှိတယ်။ခြေရာတော်ကနေပြီး သာစည် ထောင့်ကို ကျောင်းလာတက်တဲ့ အလယ်တန်းကျောင်းသူ၊ကျောင်းသား အယော က်နှစ်ဆယ်သုံးဆယ်လောက်ရှိတယ်။သူတို့လေးတွေ အနေနဲ့လည်း တံတား ပျက်နေတာကြောင့် အချိန်ကြံ့ကြာမှုတွေရှိတယ်။လမ်းခရီးနှောက်နှဲမှုကြောင့် ပညာရေးသာမက ကျန်းမာရေးပိုင်းရောအခြားဏ္ဍတွေပါ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတယ်။”လို့ ဒေသခံတစ်ဦးက BNAသို့ ပြောပါတယ်။

အဲဒီတံတားမှာ အလျား ၁၄ ပေ ၁ လက်မ၊အနံ ၆ ပေ ၄ လက်မ၊အထူ၂ ပေနဲ့ အမြင့် ၅ ပေခန့် ရှိတယ်လို့ဆိုပါတယ်။

“ကိုယ်ထူကိုယ်ထလုပ်ဖို့ကတော့ ရွာသားတွေအနေနဲ့အဆင်မပြေဘူး။ကျန်းမာ ရေးနဲ့ပတ်သတ်ပြီးလည်း အရင်တုန်းကတော့ ကူတောင်တိုက်နယ်ဆေးရုံကို သွားရင် နာရီဝက်လောက်သွားရတယ်။အခုတံတားပျက်နေတော့ စက်လှေနဲ့ သွားရတာကလည်း မိုးရွာလေတိုက်နေရင် အဆင်မပြေဘူး။”ဟု သာစည်ထောင့် အုပ်ချပ်ရေးမှူးဦးနီထွန်းချေက BNA သို့ ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်ကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားမှာပျက် စီးလုနီးပါးအခြေအနေရှိနေတဲ့အတွက် ပြန်လည်ပြုပြင်ပေးဖို့အစိုးရဆီ ဓာတ်ပုံ နဲ့တကွတင်ထားပေမယ့်လည်း ခုချိန်ထိဘာတစ်ခုမှထူးခြားတာမရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီရသေ့တောင်မြို့မယ်၊မိုးစဲကျွန်းမှာပျက်စီးနေတဲ့တံတားက ဖြူချောင်းအုပ်စု မှာနှစ်စင်းနဲ့သာစည်ထောင့်အုပ်စုမှာနှစ်စင်း စုစုပေါင်းလေးစင်းခန့်အထိရှိနေပြီ လို့လည်း ​ဒေသခံတွေကဆိုပါတယ်။

https://www.facebook.com/permalink.php?story_fbid=176838598091788&id=107469705028678

Leave a Reply

Your email address will not be published.