By Boder News Agency (BNA) / 2022 June 02
ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်၊ကံဒိုင်းတိုက်နယ်ရှိမိဖုရားစောမဲကျီရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ လူငယ်တွေဦးဆောင်ပြီး သစ်ပင်မျိုးစုံနှစ်ထောင်နီးပါးကို မေလ ၃၁ ရက်နေ့က စတင်စိုက်ပျိုးနေတ ယ်လို့ သိရသည်။
အဲဒီသစ်ပင်နှစ်ထောင်နီးပါးမှာ နှစ်ရှည်ပင်၊နှစ်တိုပင်နဲ့သီးပင်စားပင်တွေလည်းပါဝင်ပြီး နှစ်ရှည်ပင်မှာ ကံ့ကော်၊ခရေ၊စကားဝါ၊စကားစိမ်နဲ့တခြားအပင်တွေပါဝင်တယ်လို့ ဒေသခံလူငယ်တွေက ပြောပါတယ်။
“ပတ္တမြားဒေဝီစောမဲကျီ နားမွှေးတော် ကံဒိုင်းတိုက်နေမှာ အရင်ကစိမ်းစိမ်းစိုစိုနဲ့အပင်တွေအများကြီးရှိတယ်။နောက်ပိုင်းကျရင် အပင်တွေခုတ်တာများလာမှာဖြစ်တဲ့အတွက် အပင်ပြန်စိုက်ပျိုးမှရမယ်ဆိုပြီး စိုက်ပျိုးဖြစ်တာပါ။”လို့ဦးဆောင်လူငယ်တစ်ဦးဖြစ်တဲ့ ကိုနေဇော်ထွန်းက BNA သို့ ပြောပါတယ်။
အဲဒီလိုစိုက်ပျိုးနေတဲ့အထဲမှာသစ်ပင် အမျိုးအစားပေါင်း (၁၉) မျိုးပါဝင်ပြီး အပင်ပေါင်း (၂) ထောင်နီးပါးမှာ စကားဝါပင် (၁၈၀)၊စကားစိမ်းပင် (၁၈၀)၊နံ့ သာဖြူပင် (၁၀၀)၊ကရမက်ပင် (၁၀၀)၊နံ့သာနီပင် (၁၀၀)၊ဇီးဖြူပင် (၁၈၀)၊ဖန်းခါးပင် (၁၈၀)၊ပျဉ်းတော်သိမ်းပင် (၁၀၀)၊မာလကာပင် (၁၀၀)၊ပျဉ်းမ ဖြူပင် (၁၀၀)၊စိန်တစ်လုံးအစေ့ (၁၀၀)၊ ကံ့ကော်ပင် (၁၀၀)၊တဘပင် (၁၈၀)၊စားက္ကိုလ်ပင် (၁၀၀) ဥသျှစ်ပင် (၁၀၀)၊ဩဇာပင် (၁၈၀)၊ပေါက်ပန်းဖြူ (၁၀၀)၊ပေါက်ပန်းနီပင်(၁၀၀)နဲ့ခရေပင် (၁၀၀) တို့ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ဒီအပင်နှစ်ထောင်လောက်ကို မနေ့ကစစိုက်တာပါ။နေရာတွေကတော့ မိဖုရားစောမဲကျီရှေးဟောင်းနယ်မြေပတ်လည်မှာစိုက်ပါတယ်။ပြီးတော့ လွမ်းစေတီတောင်ကုန်းတွေမှာလည်းစိုက်ပါတယ်။နောက်ပြီး ကံတိုင်းတိုက်နယ်က ရွာဆယ့်ငါးရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း၊လမ်းတွေမှာ အဓိကထားပြီးတော့စိုက်ပါတယ်။”လို့ ကိုနေဇော်ထွန်းက ပြောပါတယ်။
အဲဒီသစ်ပင်တွေထောင်နဲ့ချီစိုက်ပျိုးနိုင်တာဟာ ကို ယ့်ဒေသကလူငယ်တွေနဲ့ ဒေသကအလှူရှင်တွေ၊တသီးပုဂ္ဂလအလှူရှင်တွေရဲ့စုပေါင်းအင်အားနဲ့ဖြစ်တယ်လို့ ပြောပါတယ်။
“မိဖုရားစောမဲကျီနယ်မြေက အဓိကတော့ ကံဒိုင်းတိုက်နယ်ဆိုတာရှိပါတယ်။အဲဒီမှာအရင်က ရွာစား၊ရွာစင်တွေရှိခဲ့တယ်။နောက်ပိုင်းမှာ အတွင်းအပြင်ဖက်ကို ပြောင်းသွားတယ်။ဒီနားမွေးတော်ဓာတ် တော်စေတီကတော့ သူ့ဇာတိမှာတည်ခဲ့တဲ့ဘုရားပေါ့။ဒါကတော့ သူ့နေထိုင်ရာအရပ်မှာ ပထမဆုံးတည် ထားခဲ့တာလည်းဖြစ်နိုင်ပါတယ်။”လို့ ကိုနေဇော်ထွန်းက ဆက်ပြောပါတယ်။
အဲဒီလိုသစ်ပင်စိုက်တာတွေကို နောက်နှ စ်တွေမှာ နှစ်စဥ်နှစ်တိုင်းစိုက်ပျိုးသွားဖို့ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။
ရခိုင့်ဘုရင့်လက်ထက်တုန်းက မင်းမိဖုရားတစ်ပါးဖြစ်တဲ့ မိဖုရားစောမဲကျီရဲ့ဇာတိမြေမှာ တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရား၊စေတီတွေ ရမ်းဗြဲကျွန်းမှာ ၁၀ ကျော်လောက်ရှိခဲ့ပြီး ရခိုင်သမိုင်းတွေအရ တခြားနေရာဒေသတွေမှာလည်း အများအပြားရှိတယ်လို့ သိရပါတယ်။
https://www.facebook.com/permalink.php?story_fbid=171505905291724&id=107469705028678